"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, June 10, 2023

စိတ်ကျန်းမာရေးနှင့် အကြောအဆစ်ကုဆေးပညာ (၁)

 




ပြီးခဲ့တဲ့တပတ်ကျော်လောက်က 'စိတ်ကျန်းမာရေးနှင့် အကြောအဆစ်ကုဆေးပညာ' ဆိုသည့်စာ
အုပ်ကို ဌာနစာကြည့်တိုက်မှ ငှားခဲ့သည်။

သို့သော် အိမ်ရောက်သည့်အခါ စာအုပ်ကို အနည်းအပါး ဟိုလှန်ကြည့် ဒီလှန်ကြည့်သာရှိပြီး မဖတ်
ဖြစ်ခဲ့သေးပါ။

ဒီကနေ့မှသာ စပြီးဖတ်ဖြစ်ပါတော့သည်။ 

မိမိသည် ၂၀၁၈ ခုနှစ်ကုန်ကစပြီး စိတ်ကျန်းမာရေးဆေးရုံတွင် Locum Physiotherapist အဖြစ် စ
တင်အလုပ်လုပ်ခဲ့ရာက ယခုကဲ့သို့ ၀န်ထမ်းအဖြစ်ဖြင့်ပြောင်းလဲလုပ်ကိုင်လာခဲ့သည်မှာ နှစ်အတန်
ကြာရှိလာခဲ့ပြီဖြစ်သည်။

တနည်းပြောရလျှင် အကြောအဆစ်ကုပညာရှင်အဖြစ်နှင့် စိတ်ကျန်းမာရေးနယ်ပယ်တွင်အလုပ်
လုပ်နေသည်မှာ ၄ နှစ်ကျော်ရှိခဲ့ပေပြီ။

သို့ဖြစ်ရာ အကြောအဆစ်ကုပညာရပ်(Physiotherapy)က စိတ်ကျန်းမာရေးမျိုးစုံကို ခံစားနေကြရ
သည့်လူနာများအား မည်သို့ပံ့ပိုးကုသပေးနိုင်ကြောင်းကို ယခုစာအုပ်မှထုတ်နှုတ်ဘာသာပြန်ပေး
သွားမည်ဖြစ်သည်။




ယခုစာအုပ်ထဲမှ အကြောင်းအရာအချို့ အား ဘာသာပြန်မျှဝေခြင်းမပြုလုပ်မီ စာအုပ်ရေးသား
ပြုစုခဲ့သည့်နှစ်နှင့်အချိန်ကာလတို့ကို သိရှိထားရန် လိုအပ်ပါသည်။ 

သို့မှသာ ယခုစာအုပ်တွင်ပါရှိသည့် အကြောင်းအချက်များသည် ထိုခေတ်ထိုအခါကရရှိနိုင်သော 
သို့မဟုတ် သိရှိထားသော အခြေခံသတင်းအချက်အလက်များ (information) အပေါ်တွင်သာအ
ခြေခံထားကြောင်းကို စာဖတ်သူများ နားလည်သဘောပေါက်ထားရပါမည်။

ယခုခေတ်သိရှိထားသည့် နောက်ဆုံးပေါ်သတင်းအချက်အလက်အကြောင်းအရာများနှင့် နေရာ
တိုင်းမှာ ချိန်ထိုးတွေးတော၍ရနိုင်ကောင်းမည်မဟုတ်ပါချေ။ 
 
ဤစာအုပ်ကို ၁၉၉၅ ခုနှစ်က ပထမဆုံအကြိမ်အဖြစ်ရိုက်နှိပ်ခဲ့ပါသည်။




















အထက်က စာအုပ်၏ကျောဖုံးတွင် စာအုပ်အကြောင်းအကျဉ်းချုပ်ဖော်ပြထားသည်များဖြင့် စပြီး

မိတ်ဆက်လိုက်ချင်ပါသည်။

စာအုပ်ကိုစီစဉ်တည်းဖြတ်ကြသူ အယ်ဒီတာ ၃ ဦး၏အဆိုအမိန့်ပင်ဖြစ်လေသည်။








ရုပ်ပိုင်းအခက်အခဲနှင့်ပြသနာများ(ဖိစီးမှု)လောက်ပမာဏကြီးမားသည့် စိတ်ပိုင်းဖိစီးမှုဝေဒနာများ 

ခံစားနေကြရသည့်လူနာများကို အကြောအဆစ်ကုပညာရှင်များကြုံတွေ့ကြရလေ့ရှိပါသည်။

ဒီလိုအခြေအနေမျိုးတွေက တခါတရံမှာ သတိပြုမိရန်ခက်ခဲတတ်ပြီး (သတိပြုမိပြန်ရင်လဲ)ထိုလူ

နာမျာအားကုသမှုပေးရန် မလွယ်ကူလှပါချေ။

ယခုစာအုပ်သည် သဘာဝသဘောဆိုခြင်းထက် လူများကသတ်မှတ်ခွဲခြားထားသည့်စိတ်ပိုင်းနှင့်

ရုပ်ပိုင်းကို စိန်ခေါ်လျက် စိတ်ကျန်းမာရေးတိုးတက်မှုအတွက် အကြောအဆစ်ကုပညာရှင်၏ပါဝင်

နိုင်မှုအခန်းကဏ္ဍ(role of physiotherapy)ကို အကြံပြုရည်ညွှန်ထားသည်။ 










ယခုစာအုပ်တွင် ပါဝင်ရေးသားထားကြသူပညာရှင်ပေါင်း (၂၈)ဦးပါရှိကြသည်။ 

ယင်းတို့အထဲမှ (၁၉)ဦးမှာအကြောအဆစ်ကုပညာရှင်(Physiotherapist)များဖြစ်ကြပြီး ကျန်သော

ပညာရှင်များမှာ အပြုအမှုဆိုင်ရာကုသမှုသူနာပြု (Nurse Behaviour Therapist)၊ NDT ပညာရှင်၊ 

Arts Therapies ပညာရှင်၊ စိတ်ပညာရှင်(Psychologist)၊ စိတ်ရောဂါကုဆရာဝန်(Psychiatrist)နှင့် 

Osteopathist တို့ဖြစ်ကြသည်။


စာအုပ်ကို စီစဉ်တည်းဖြတ်ကြသူအယ်ဒီတာ(၃)ဦးလုံးသည် အကြောအဆစ်ကုပညာရှင်များဖြစ်ကြ

သည်။
























စိတ်ကျန်းမာရေးတွင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခြင်း(role)၏အရေးပါမှု

စိတ်ကျန်းမာရေးကုသမှုပညာ (Psychiatry) ဆိုသည်မှာ ရုပ်ပိုင်းစိတ်ပိုင်းဖြစ်စဉ်နှစ်ခုလုံးနှင့်သက်ဆိုင်

ခြင်းရှိလေသည်။ 

ထိုရုပ်ပိုင်းနှင့်စိတ်ပိုင်းဖြစ်စဉ်နှစ်ခုလုံး၏ဆက်သွယ်ပတ်သက်နေမှုများကို ဖြေရှင်းရာတွင် ဇီဝဆိုင်ရာ၊

စိတ်ပိုင်းဆိုင်ရာနှင့်လူမှုရေးဆိုင်ရာအကြောင်းအချက်များ၊ ယင်းတို့ရှုပ်ထွေးသည့်အချင်းချင်းအပြန်အ 

လှန်အကျိုးသက်ရောက်မှုများအား စနစ်တကျ အခြေခံကာစဉ်းစားရသည်။ 

ယင်းကဲ့သို့ချည်းကပ်ဖြေရှင်းခြင်းကို biopsychosocial model approach ဟုခေါ်ပါသည် (Engel,

1980)

ဤကဲ့သို့ချည်းကပ်ဖြေရှင်းနည်းသည် သဘာဝလောကကြီးတခုလုံးအား တခုနှင်တခု အဆင့်ဆင့် အ

ထပ်ထပ်ဖွဲ့စည်းထားသည် (interconnected hierarchy) ဟု ယူဆရှုမြင်ထားသောကြောင့်ဖြစ်သည်။


ဆိုလိုသည်မှာ သဘာဝ၏တနေရာရာ သို့မဟုတ် အဆင့်တဆင့်တွင် အပြောင်းအလဲ(change) ဖြစ်ပါ

က သဘာဝ၏အခြားသောနေရာများနှင့်အလွှာအဆင့်များမှာလည်း ပြောင်းလဲသက်ရောက်မှုဖြစ်စေ

ပါတော့သည်။ (A change in one level will effect changes in the others.) 






No comments:

Post a Comment