"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, June 3, 2023

အကြောအဆစ်ကုပညာရပ်ဆိုင်ရာ ကမ္ဘာ့ညီလာခံ ဒူဘိုင်းလား တိုကျိုလား (၄)

 


၂၀၂၃ ခုနှစ် အကြောအဆစ်ကုပညာရပ်ဆိုင်ရာကမ္ဘာ့ညီလာခံ၏ဆောင်ပုဒ်မှာ အောက်ပါအတိုင်းဖြစ်
သည်။

"လက်တွဲညီညာ ပျော်ရွှင်စွာ 
ဖန်တီးတည်ဆောက်ပါ" (Connection and Joy

အဆိုပါဆောင်ပုဒ်ကို ညီလာခံဖွင့်ပွဲနေ့ (Opening Ceremony) ညက  ကမ္ဘာမြေပုံတွင် ဒူဘိုင်းမြို့ ၏ 

တည်နေရာကိုပြသလျက် နိုင်ငံတကာရှိ အကြောအဆစ်ကုပညာရပ်ဆိုင်ရာအဖွဲ့အစည်းများ၏တွဲ

လက်များဖြင့် အထက်တွင်မြင်ရသည့်အတိုင်း လေဇာမီးစလိုက်သုံးပြီး တခမ်းတနား သရုပ်ဖော်တင်

ဆက်ခဲ့သည်။ 

မိမိသည် အကြောအဆစ်ကုပညာရပ်ဆိုင်ရာကမ္ဘာ့ညီလာခံ ၅ ခုကို ၂၀၀၇ ခုနှစ်က ကနေဒါနိုင်ငံ ဗဲန်

ကူးဗားမြို့ တွင် ပထမအကြိမ်တက်ရောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်က ဆွစ်ဇာလန်နိုင်ငံ ဂျဲနီဗာမြို့ မှာ နောက်

ဆုံးတက်ခဲ့ဖူးသဖြင့် ညီလာခံဖွင့်ပွဲများကို စိတ်လှုပ်ရှားပျော်ရွှင်မှုအတိဖြင့် ကြုံတွေ့ခံစားခဲ့ရသည်များ

အား အမှတ်တရ လွမ်းဆွတ်မိပါသည်။


၃ ရက်တာကျင်းပမည့် ညီလာခံ၏ပထမနေ့ကို အာရပ်စော်ဘွားများပြည်ထောင်စု (United Arab 

Emirates (UAE) မြို့ တော် ဒူဘိုင်းမြို့ တွင် မနေ့က စတင်လိုက်ပြီဖြစ်ကြောင်းနှင့် စိတ်ဝင်စားဖွယ်ရာ

အချို့ (highlights from day 1)ကို မိမိအပါအ၀င် အသင်းဝင်အားလုံးသို့ အောက်ပါအီးမေးဖြင့် ပေးပို့

အသိပေးလိုက်ပါသည်။























ကမ္ဘာ့အကြောအဆစ်ကုပညာရပ်အဖွဲ့ကြီး၏

ဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌသစ်များ

ရွေးချယ်တင်မြှောက်ခြင်း 


မေလ ၃၁ ရက်နေ့စွဲဖြင့် မိမိတို့ထံပေးပို့လာသည့်အီးမေး (အောက်)တွင် ကမ္ဘာ့အကြောအဆစ်ကု

ပညာရပ်အဖွဲ့ကြီး(World Physiotherapy)၏ ဥက္ကဋ္ဌသစ်အဖြစ် ကနေဒါနိုင်ငံမှပါမောက္ခDr. Michel 

D. Landry နှင့်ဒု-ဥက္ကဋ္ဌသစ်အဖြစ် ထိုင်ဝမ်နိုင်ငံမှပါမောက္ခDr. Suh-Fang Jengတို့ကို အကြိမ် ၂၀

မြောက်အထွေထွေအစည်းအဝေးမှ မဲခွဲရွေးချယ်လိုက်ကြောင်းသိရသည်။


World Physiotherapy တွင် ယခုအခါ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၂၉ နိုင်ငံအထိရှိလာပြီဖြစ်သည်။




***














အကြောအဆစ်ကုပညာရှင်များ(Physiotherapists)၊ ခြေတုလက်တုနှင့်အားပြုကရိယာဆိုင်ရာပညာ

ရှင်များ(Prosthetists & Orthotists)၏အတတ်ပညာပူးပေါင်းဆောင်ရွက်မှုကြိုးပမ်းချက်ဖြစ်သည်။


Train-the-Trainer model ကိုအသုံးပြုပြီး ပြန်လည်ထူထောင်ကုသပေးရေးဆိုင်ရာအရည်အသွေးများ

မြှင့်တင်ပေးရန်ရည်ရွယ်သည်။







***





ဆက်ပြီးရေးပါဦးမည်။



No comments:

Post a Comment