"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Thursday, June 29, 2023

ကျနော် ဆိုလိုထရားဗဲလား

 

မွန်ဘလော့တံတား (Mont Blanc Bridge)ပေါ်အမှတ်တရ (ဂျနီဗာမြို့ ၊ ဆွစ်ဇာလန်)


ဆိုလိုထရားဗဲလား (Solo traveller) ဆိုတာ ခရီးဖော်အပေါင်းအသင်းမပါရှိဘဲ 'တကိုယ်တော်ခရီး

သွား' တာကို ပြောတာရယ်ပါ။

မိမိ၏နိုင်ငံရပ်ခြားခရီးတချို့ သည် မိမိနဲ့အတူသွားတဲ့ခရီးဖော်မပါဘဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားခဲ့

တာမျိုးတွေရှိခဲ့ဖူးပါတယ်။

ဥပမာ ၂၀၁၉ ခုနှစ် မေလက ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ မှာကျင်းပခဲ့တဲ့ ကမ္ဘာ့အကြောအဆစ်ကုပ

ညာရပ်ဆိုင်ရာညီလာခံ (World Confederation for Physical Therapy Congress) ကို စင်ကာပူနိုင်

ငံကနေ မိမိတယောက်ထဲသွားရောက်ခဲ့တာမျိုးပါ။









         

ကမ္ဘာ့အကြောအဆစ်ကုပညာရပ်ဆိုင်ရာညီလာခံ မှတ်ပုံတင်ကောင်တာ (၂၀၁၉၊ ဂျနီဗာမြို့ )



များသောအားဖြင့် မိမိ၏နိုင်ငံရပ်ခြားခရီးအတော်များများသည် အလုပ်ကစေလွှတ်တာဖြစ်လို့ ခရီး

သွားဖော် အနည်းဆုံးတယောက်လောက်တော့ ပါတတ်စမြဲဖြစ်ပါတယ်။


ဥပမာ ၁၉၉၆ ခုနှစ် ဇူလိုင်လက ဖင်လန်နိုင်ငံ ဟယ်လ်စင်ကီမြို့ မှာ ကျင်းပခဲ့တဲ့(၁၀)ကြိမ်မြောက် 

ဥာဏ်ရည်မသန်စွမ်းမှုဆိုင်ရာ ကမ္ဘာ့ညီလာခံ (10th World Conference of IASSID)ကိုသွား

ရောက်စဉ်က အထူးပညာရေးကျောင်း(Special Education School) က ကျောင်းအုပ်ဆရာမကြီး

နဲ့ ၂ ဦးဖြစ်လို့ အလုပ်ကလွှတ်လိုသွားခဲ့ရတဲ့ခရီးတွေထဲမှာ အရေအတွက်အနည်းဆုံးပါ။   


နောက်တခါ ခရီးဖော်တဦးထဲနဲ့သွားခဲ့ဖူးတာကတော့ ၂၀၁၃ ခုနှစ်က ထိုင်ဝမ်နိုင်ငံ တိုင်ချွမ်းမြို့ 

မှာကျင်းပခဲ့တဲ့အာရှနှင့်အနောက်ပစိဖစ်ဒေသဆိုင်ရာအကြောအဆစ်ကုပညာညီလာခံ(Asia

Western Pacific Regional Physical Therapy Congress) ကို မိမိ၏လက်ထောက်အကြောအ

ဆစ်ကုပညာရှင်တဦးနဲ့ တက်ရောက်ခဲ့တာပါ။













မိမိ၏ညီလာခံခရီးတချို့ ကို တယောက်ထဲခရီးသွားခဲ့တာနဲ့ပတ်သက်ပြီး ဆိုလိုထရားဗဲလား(Solo 

traveller)လို့ပြောနိုင်ပေမဲ့ အများနားလည်ထားသလို ကိုယ်မရောက်ဖူးသေးတဲ့နေရာဒေသတခု

ကို ကျောပိုးအိတ်တလုံးလွယ်ကာ နိုင်ငံကူးလက်မှတ်နဲ့ငွေကြေးအနည်းငယ်ယူပြီး လွတ်လွတ်

လပ်လပ် ပေါ့ပေါ့ပါးပါးသွားကြလေ့ရှိတာမျိုးနဲ့မတူတာတော့အမှန်ပါ။


ဆိုလိုထရားဗဲလားဆိုတဲ့တကိုယ်တော်ခရီးသွားသူတွေနဲ့ပတ်သက်လို့ အောက်ပါအတိုင်းယေဘူ

ယျ အနက်အဓိပ္ပာယ်ဖွင့်ထားတာကို တွေ့ရပါတယ်။

"တကိုယ်တော်ခရီးသွားသူတွေဟာ ခရီးတိုဖြစ်ဖြစ်ခရီးရှည်ဖြစ်ဖြစ်သွားတတ်ကြပါတယ်။ 

ဒီလိုခရီးသွားရတာရဲ့ အဓိကရည်ရွယ်ချက်များကတော့ မိမိအနေနဲ့ ပုံမှန်နေထိုင်နေကျ အလုပ်လုပ်

ကိုင်နေကျ မြင်တွေ့နေကျပတ်ဝန်းကျင်နဲ့လူသူတွေရှိရာအရပ်ကနေ ရုပ်ပိုင်းနဲ့စိတ်ခံစားမှုပိုင်းအရ 

လွတ်ရာလွတ်ကြောင်းရှိရာကို အခိုက်အတန့်အားဖြင့် ရှောင်ထွက်တာဖြစ်ပါတယ်။"  













မိမိရဲ့ တကိုယ်တော်ခရီးတွေကတော့ အထက်ကပြောခဲ့သလို လွတ်လပ်တာရယ် မြင်နေတွေ့နေကျ

ပတ်ဝန်းကျင်အသိုင်းအ၀န်းကနေ အဝေးတနေရာကို ခေတ္ထခဏလေးရောက်သွားတာတွေရယ်မှန်

ပေမယ့် မိမိ၏ရုပ်ပိုင်းနဲ့စိတ်ခံစားမှုအပိုင်းတွေမှာ သိသိသာသာကြီး လွတ်လပ်ပေါ့ပေါ့ပါးတာမျိုးတော့

မရှိလှပါဘူး။

ဘာကြောင့်လဲဆိုတော့ ညီလာခံကိုယ်စားလှယ်တဦးအနေနဲ့ မိမိရဲ့ အဖွဲ့အစည်းနဲ့ မိမိအလုပ်လုပ်နေ

တဲ့နိုင်ငံအမည်တွေကို စာရင်းပေးသွင်းထားရတာဖြစ်တာကြောင့် တာဝန်ရှိသူဖြစ်နေလို့ပါ။ ညီလာခံ

နဲ့ပတ်သက်ပြီးလိုက်နာလုပ်ဆောင်ရမှာတွေရှိနေလို့ပါ။ 




ဥပမာ၊ ခရီးမသွားမီမှာ ညီလာခံဖြစ်မြောက်ရေးကော်မတီက သတ်မှတ်ထားတဲ့ရက်တွေမှာ ညီလာ

ခံမှတ်ပုံတင်ကြေး(Registration fee)ပေးသွင်းရတယ်။ ညီလာခံကျင်းပတဲ့နေရာနဲ့သိပ်မဝေးပဲ ဈေး

လဲမကြီးလှတဲ့ဟိုတယ်ရှာပြီး အခန်းဘွတ်ကင်ကြိုလုပ်ထားရတယ်။ အသွားအပြန်လေယာဉ်လက်

မှတ်ဝယ်ရတယ်။ မိမိသွားရောက်မည့်နိုင်ငံကသုံးစွဲနေတဲ့တရားဝင်ငွေကြေးကိုလဲလှယ်ပြီးယူသွား

ရသေးတယ်။ 

နောက်အရေးကြီးဆုံးအလုပ်တခုကတော့ ညီလာခံကိုလက်ခံကျင်းပပေးတဲ့နိုင်ငံရဲ့ ပြည်ဝင်ဗီဇာရရှိ

ရေးပဲဖြစ်ပါတယ်။

အဲဒီကိစ္စက တချိန်ကမြန်မာနိုင်ငံကူးလက်မှတ် (Passport)ကိုကိုင်ထားတဲ့ မိမိအဖို့ အတော်လေး

ကိုဦးနှောက်စားခဲ့တာဖြစ်သလို စိတ်ပူပန်မှုတွေလဲ အတော်လေးဖြစ်ခဲ့ရတယ်။







လိုက်နာညီလာခံရင်ထိုး



No comments:

Post a Comment