"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Thursday, June 8, 2023

တရုတ်က လူပါးကိုဝတယ် (၃)

 


'တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့မူဝါဒ'ကို ချမှတ်ပေးသွားတဲ့ အင်ပိုင်ယာ'ချင်းလုံ' ရဲ့ 

နိုင်ငံရေးဆိုင်ရာမူဝါဒကိုပြောသွားတာဖြစ်တယ်။ 

အဲဒါကို ၁၇၆၈ ခုနှစ်မှာ သူပြောသွားခဲ့တယ်။

တရုတ်သမိုင်းပညာရှင်တွေကိုယ်တိုင်က ဘာသာပြန်ပြီးတော့ရေးထားတဲ့စာတမ်းတွေအများအ

ပြားရှိတယ်။

ကျနော်ကိုယ်တိုင်လဲ တရုတ်လိုပြောနိုင်တယ်။ 

တချို့ စာတွေကိုလဲ ကျနော်ကိုယ်တိုင် ဖတ်နိုင်တယ်။

ကျနော်တို့ သေချာလေ့လာကြည့်တဲ့အခါ ဘာတွေ့ရသလဲဆိုရင် တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံနဲ့ပတ်

သက်တဲ့ဝါဒဟာ မြန်မာနိုင်ငံမှာ သူ့ရဲ့ လက်ကိုင်တုတ်အနေအထားရှိတဲ့ဦးနှောက်နဲ့သာခေါင်း

ဆာင်နိုင်စွမ်းရှိတဲ့အစိုးရလောက်ကိုပဲလိုချင်တယ်။ 

တရုတ်က မြန်မာပြည်သူတွေ ဒီလောက်တော်တာကို သိပ်ကြောက်တယ်။

မြန်မာပြည်သူတွေ ဒီလောက်သတ္တိရှိကြတာကို သိပ်ကြောက်တယ်။

မန်မာပြည်သူလူထုလိုလားတဲ့ဒီမိုကရေစီကို သိပ်ကြောက်တယ်။ 















အဲဒီအကြောက်တရားနဲ့မူဝါဒကိုအခြေခံပြီးတော့ သူရဲ့ ခြံစောင့်ခွေးလောက်သာအဆင့်ထားတဲ့မြန်

မာ့စစ်တပ်ခေါင်းဆောင်လို့ဆိုတဲ့ခေါင်းဆောင်တွေနဲ့ တရုတ်က လာတွေ့သွားတယ်။ 

နောက်ပြီးတော့လဲ သူရဲ့ ခြံစောင့်ခွေးလောက်အဆင့်သာမွေးထားတဲ့ EAO အချို့ နဲ့လဲ တရုတ်က

လာတွေ့သွားခဲ့သေးတယ်။ 

တရုတ်ဆိုတာက တရုတ်ကွန်မြူနစ်နိုင်ငံကိုပြောတာပါ။

ရိုးရိုးသားသားနဲ့ တကယ့်ငြိမ်းချမ်းရေးရမယ့်လမ်းမျိုးကို တရုတ်က လုံးဝအားပေးမှာမဟုတ်ဘူး

အဲဒီငြိမ်းချမ်းရေးရမယ့်လမ်းကို တရုတ်က တကယ်တမ်းအားပေးချင်တယ်ဆိုရင် ၂၀၁၅ ကနေ 

၂၀၂၀ အထိ ခက်ခက်ခဲခဲကြားက လွတ်လွတ်လပ်လပ်လုပ်ခဲ့တဲ့ ဒီမိုကရေစီလေးနဲနဲလေးတောက်

ပတဲ့အချိန်က တရုတ်ရဲ့ မူဝါဒကိုပြန်ကြည့်လို့ရတယ်။ 

သမိုင်းကို အဝေးကြီးသွားကြည့်ဖို့မလိုဘူး။

၅ နှစ် ၁၀ နှစ်လောက်ပြန်ကြည့်ရင်ကို ရတယ်။













တရုတ်နိုင်ငံက ဘာအတွက်ကိုလုပ်ခဲ့သလဲဆိုရင် တရုတ်သမတက ၂၀၂၀ ဇန်န၀ါရီလ ၁၁ ရက်

နေ့က မြန်မာနိုင်ငံကိုအလည်လာတယ်။ အဲဒီအချိန်မှာ မြန်မာနိုင်ငံက ရွေးကောက်ပွဲအတွက်တာ

စူနေတဲ့အချိန်ပေါ့ဗျာ။

၂၀၂၁ ဇန်န၀ါရီလ ဒုတိယအပတ်ထဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီကိုယ်တိုင် မြန်မာပြည်

ကိုလာခဲ့တယ်။ 

အဲဒီနောက် ၃ ပတ်လောက်အကြာမှာ (စစ်တပ်က မတရား)အာဏာသိမ်းမှုဖြစ်တယ်။


ဆိုလိုချင်တာက ဒီအာဏာသိမ်းမှုကို တရုတ်က ဂရင်းလိုက် (မီးစိမ်း)ပြပေးခဲ့တဲ့အပြင် ဒီ

အာဏာသိမ်းမှု့ပေါ်ပေါက်လာအောင် တရုတ်နိုင်ငံက စီးပွားရေးရင်းနှီးမြှုပ်နှံမှု၊ EAO အချို့ နဲ့(လျှို့ 

ဝှက်)ဆက်သွယ်ထားမှုတွေကလဲ ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်တယ်။


ဒါကြောင့် (မြန်မာနိုင်ငံမှာ စစ်တပ်က)အာဏာသိမ်းမှုဖြစ်အောင် တရုတ်က ကြိုတင်စီစဉ်ထားပြီး

ဖြစ်တယ်လို့ ကျနော်တို့ သုံးသပ်လို့ရတယ်။

















***


တရုတ်ကွန်မြူနစ်ပါတီနဲ့အစိုးရရဲ့ 

လူလည်ကျပြီး လူပါးဝပုံကို

မြန်မာ့နိုင်ငံရေးသုံးသပ်သူပညာရှင်ကြီး ဦးသန်းစိုးနိုင်ပြောပြီ


အခုဆိုရင် တရုတ်က မြန်မာနိုင်ငံရဲ့ အရေးကို (တရုတ်ပြည်နယ်တခုဖြစ်တဲ့)

ယူနန်ပြည်နယ်ရဲ့ အစိတ်အပိုင်းတခုအဖြစ်

(ယုတ်မာစဉ်းလဲစွာ)သဘောထားပြီး

ဝင်ရောက်စွက်ဖက်လုပ်ကိုင်လာတာကိုတွေ့ရပါတယ်။




တရုတ်ဟာ သူ့ကို 

(ကမ္ဘာ့)ငြိမ်းချမ်းရေးပိသုကာကြီးပုံစံလို့ 

နိုင်ငံတကာက မြင်လာရအောင်

အသွင်းယူပြီးတော့

ပါဝင်စွက်ဖက်နေတာဖြစ်တယ်။









ဒီမိုကရေစီလိုလားတဲ့ အမေရိကန်နဲ့အနောက်နိုင်ငံတွေက မြန်မာပြည်ကို အကူအညီတွေပိုပေးလာ

တဲ့ကိစ္စ၊ ပြီးတော့ BURMA Act in the NDAA 2023 စာချုပ်အရ မြန်မာပြည်ကို အမေရိကန်နိုင်ငံ

က အကူအညီတွေ ပေးပို့မယ်ဆိုတဲ့ကိစ္စ၊ NUG ကို ၀ါရှင်တန်မှာရုံးခန်းဖွင့်ခွင့်ပေးတာအစရှိတဲ့ အမေ

ရိကန်နဲ့အနောက်ဥရောပနိုင်ငံတွေရဲ့ ပါဝင်ပတ်သက်မှုအရှိန်တိုးလာတာနဲ့အမျှတရုတ်ဟာ မြန်မာ့

ပြည်တွင်းရေးမှာ ခြေစုံပစ်ပြီး ၀င်ရောက်စွက်လာတာဖြစ်တယ်။









ဆက်ပြီးရေးပါဦးမည်။



No comments:

Post a Comment