"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Monday, June 30, 2014

မြန်မာစာသည် ဒို့စာ၊ မြန်မာစကားသည် ဒို့စကား (၆)



ဝါဆိုလဆန်း ၄ ရက်၊ ၂၀၁၄ ခုနှစ်။




မြန်မာ့အလင်းသတင်းစာ (၃၀ ရက် ဇွန်လ၊ ၂၀၁၄)














Thursday, June 26, 2014

သတိရမိလေသော ဆရာကြီးတို့ဇနီးမောင်နှံ





၁၃၇၆ ခုနှစ်၊ နယုန်လကွယ်နေ့




ဆရာမကြီး ဒေါ်ခင်မျိုးချစ်နှင့် ဆရာကြီး ဦးခင်မောင်လတ်။
(ဓာတ်ပုံ - အင်တာနက်)



အိမ်ရှင်မနှင့်အတူ အပြင်သို့ မကြာခဏသွားကြရင်းက တစ်နေ့မှာ ဆရာကြီးဦးခင်မောင်လတ်နှင့် ဆရာမ ကြီး ဒေါ်ခင်မျိုးချစ်တို့အား ဗြုန်းစားကြီး သွားပြီးသတိရလိုက်မိသည်။ 

ရန်ကုန် ပြည်လမ်းဘေးရှိ ၀ဂ္ဂီအရပ်တွင်နေစဉ်က လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ (အင်္ဂလိပ်) အယ်ဒီတာ ချုပ်ဟောင်း ဆရာကြီးဦးခင်မောင်လတ်နှင့် အင်္ဂလိပ်ဘာသာဖြင့်ဆောင်းပါးများ ၀တ္တုတိုများရေးသားသော ဆရာမကြီးဒေါ်ခင်မျိုးချစ်တို့ဇနီးမောင်နှံကို ပြည်ရိပ်သာလမ်းထိပ်မှာ ထီးကောက်အရှည်ကြီး အတူဆောင်း လျက် တက္ကစီစောင့်နေကြသည်ကို မကြာမကြာတွေ့ရတတ်၏။ 

ဆရာကြီးတို့၏တစ်ထပ်တိုက်အိမ်လေးသည် ပြည်ရိပ်သာလမ်းထဲတွင် ခြံနှင့်ဝင်းနှင့်ကျယ်ကျယ်ဝန်းဝန်းရှိပါ သည်။ ဆရာကြီးတို့နှစ်ဦးအား သားဖြစ်သူ သင်္ချာပါမောက္ခဒေါက်တာခင်မောင်ဝင်းမိသားစုနှင့် အမြွှာမြေးက လေး ၂ ယောက်ပါ တစ်ခါတစ်ရံ တွေ့ရတတ်၏။ 


ဆရာကြီးက ထောင်ထောင်မောင်းမောင်း၊ ဆရာမကြီးက ဆရာကြီးထက် များစွာအရပ်ပု၏။ သို့သော် ဆရာ ကြီးတို့နှစ်ဦးကို မြင်တွေ့ရသည်မှာ အသက်ကြီးသူဇနီးမောင်နှံများ အဖြစ် အလွန်ပင် ကျက်သရေရှိစွာ လိုက် ဖက်ကြလေသည်။ တစ်ဦးနှင့်တစ်ဦး ကြင်ကြင်နာနာရှိကြသည်ကိုလည်း သတိပြုမိ၏။

စာဖတ်စာရေးဝါသနာပါသူဖြစ်၍ ဆရာကြီးတို့၏စာများအား နှစ်သက်သူတစ်ဦးအနေဖြင့် အဝေးမှ ကြည့်ပြီး ကြည်ညိုလေးစားခဲ့ရသည်။ အားကျခဲ့မိသည်။ ဆရာမကြီး၏သုတ ရ သစာများကို ဆရာကြီး၏စာများထက် ပိုပြီး ဖတ်ခဲ့ဖူး၏။ နှစ်ခြိုက်စွဲလမ်းခဲ့မိ၏။ ဆရာကြီးက သတင်းစာဆရာကြီးဖြစ်ပြီး ဆရာမကြီးမှာ စာရေးဆ ရာမကြီးဖြစ်လေသည်။

ယခုအခါတွင် ဆရာကြီးတို့နှစ်ဦးလုံး ကွယ်လွန်သွားခဲ့ကြပြီးဖြစ်သည်။










Sunday, June 15, 2014

ဘာတမ်မြို့ သို့ တစ်ခေါက်



၁၃၇၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်။ 




Golden View Hotel မှာ အမှတ်တရ။




တစ်နေ့တစ်နေ့ အလုပ်ထဲမှာ တကုပ်ကုပ်လုပ်လိုက်၊ ပြီး အိမ်ပြန်၊ အိမ်ပြန်ရောက်ပြန်တော့လည်း စာဖတ် လိုက် ကွန်ပြူတာလုပ်လိုက် စာရေးလိုက်နဲ့ တစ်နေ့ကုန်သွားပြန်ရော။ 

တစ်ခါ နောက်တစ်ရက်ကို ရောက်လာပြန်တော့ မနေ့ကအတိုင်း၊ ယခင့်ယခင်ရက်များကအတိုင်းပဲ လုပ် ရပြန်ပါရောလား။ အလုပ်မှာက ကိုယ်လုပ်ချင်တာ ကိုယ်နှစ်သက်တာ အများစုကိုလုပ်နေရလို့ ပျော်ရတာ မှန်ပေမယ့်လို့ ကိုယ်သိပ်ပြီးမလုပ်ချင်လှတာ အနည်းအပါးကိုတော့ မရှောင်မလွှဲသာ လုပ်ရတာမျိုးလည်း ရှိတတ်သေးတာ။ ဘာပဲပြောပြော အလုပ်ဟာ အလုပ်ပဲပေါ့။ အလုပ်လုပ်နေသ၍ လုပ်ချင်တာရော မလုပ် ချင်တာတွေရော၊ စိတ်ဝင်စားတာရော စိတ်မ၀င်စားတာတွေရော လုပ်ကိုလုပ်ကြရမှာ။ 

ဒါပေမယ့် အလုပ်ကအစီအစဉ်နဲ့ ခရီးသွားရလာရတာလေးတွေ ရှိတတ်ပါသေးတယ်။ နိုင်ငံခြားမှာ ပြုလုပ်တဲ့ ပညာရပ်ဆိုင်ရာညီလာခံတွေကို တစ်ခါတစ်ခါ သွားတက်စေပါတယ်။ အနီးအနားကနိုင်ငံတွေဖြစ်တဲ့ မလေး ရှား၊ အင်ဒိုနီးရှားက မြို့ တွေကိုသွားပြီး လည်ပတ်တာမျိုးလည်း ရှိပါတယ်။

ယခုလ ၃ ရက်နဲ့ ၄ ရက်နေ့များမှာ မိမိတို့အလုပ်မှ Staff Retreat ဆိုပြီး အင်ဒိုနီးရှားနိုင်ငံက ဘာတမ်မြို့  (Batam)ကို ၀န်ထမ်းအားလုံး သွားခဲ့ကြတယ်။ စင်ကာပူနိုင်ငံတောင်ဖက်ပိုင်းမှာရှိတဲ့ ဟားဘားဖရန့်စင် တာ သင်္ဘောဆိပ် (Harbour Front Cruise Centre) ကနေ အမြန်သင်္ဘောစီးသွားရင် ကီလိုမီတာ ၂၀ ဝေးတဲ့ အင်ဒိုနီးရှားနိုင်ငံ၏ စီကူပန်အပြည်ပြည်ဆိုင်ရာသင်္ဘောဆိပ် (Sekupang International Ferry Terminal)ကို မိနစ် ၅၀ လောက်ပဲကြာပါတယ်။ 

ဇွန်လ ၃ ရက်နေ့ နံနက်က အလုပ်နဲ့နီးတဲ့သူတွေက နံနက် ၆ နာရီတွင် အလုပ်မှာဆုံပြီး အဲဒီကမှ အလုပ်က စီစဉ်ပေးတဲ့ဘတ်စ်ကားနဲ့  ဟားဘားဖရန့်စင်တာသင်္ဘောဆိပ်ကို လာကြရပြီး ကျန်တဲ့ဝန်ထမ်းများကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် သင်္ဘောဆိပ်ကို လာခဲ့ကြပါတယ်။ စာရေးသူနေတာက အလုပ်နေရာထက်စာရင် သင်္ဘောဆိပ်နဲ့ပိုနီးတာဖြစ်လို့ အိမ်ကနေပဲ ဇနီးနဲ့အတူ သင်္ဘောဆိပ်သို့ တက္ကစီနဲ့ သွားခဲ့ကြပါတယ်။ 

နံနက် ၆ နာရီခွဲကျော်မှာ ဟားဘားဖရန့်စင်တာကိုရောက်တော့ လုပ်ဖော်ကိုင်ဖက် သုံးလေးဦးလောက်ပဲ ရောက်ကြပါသေးတယ်။ ဇနီးကသင်္ဘောဆိပ်ကိုလိုက်ပို့ပြီး ပြန်သွားပါတယ်။ အလုပ်ကနေစုလာကြမည့် သူတွေလည်း မရောက်ကြသေးတာနဲ့ မိမိနဲ့မိတ်ဆွေ'ရောနဲန်'တို့ အောက်ထပ်ကိုဆင်းပြီး နံနက်စာ သွားစား ကြပါတယ်။ 


နံနက်စာ စားပြီးပြန်လာတော့ ၀န်ထမ်းအတော်များများရောက်နေကြပါပြီ။

၇ နာရီ ၁၀ မိနစ်မှာ သင်္ဘောဆိပ်အတွင်းကို ၀င်မှာဖြစ်လို့ လူတိုင်း နိုင်ငံကူးလက်မှတ်အသင့်ကိုင်ထားစေ ပြီး White card မှာ မိမိ၏အမည် စာလုံးပေါင်းမှန်မမှန်၊ နိုင်ငံကူးလက်မှတ် နံပတ်မှန်မမှန်၊ အင်ဒိုနီးရှားသံရုံး မှဗီဇာတံဆိပ် ရိုက်ထားမထား စစ်ကြရပါတယ်။ စင်ကာပူနိုင်ငံသားများက ဗီဇာမလိုပေမယ့် တစ်ခြားနိုင်ငံ သားများက ဗီဇာလိုပါတယ်။ 

နိုင်ငံကူးလက်မှတ်နဲ့White card တွေကို ကိုယ့်ဖာသာ စစ်ဆေးပြီးတဲ့အခါ မိမိတို့အားလုံးတန်းစီပြီး လ၀က (immigration)နဲ့ အကောက်ခွန် (custom)များမှာ အစစ်ခံကြရပါတယ်။ ဒီ ၂ နေရာကိုဖြတ်ပြီးတော့ နံနက် ၇ နာရီ မိ နစ် ၄၀ ရှိပြီမို့ ခရီးသည်များနောက်ဆုံးဝင်ကြရမယ့်အချိန် (the last call) ရောက်နေတာကြောင့် သင်္ဘောပေါ်ကို ခပ်သွက်သွက်လေးအပြေးတက်ခဲ့ကြရပါတယ်။ သင်္ဘောအတွင်းထဲရောက်လို့ နေရာတကျ ရှိမှပဲ 'ဟင်း'ချပြီး ထိုင်နိုင်ပါတော့တယ်။

အခါတိုင်းမှာ အခုလိုအနားယူခရီးသွားရင် ၀န်ထမ်းတိုင်း အေးအေးလူလူ ရှိတတ်ကြပေမယ့် မိမိတို့သတင်း စာစောင် (Newsletter) အဖွဲ့ဝင် ၆ ဦးကတော့ သင်္ဘောစထွက်ချိန်ကနေ နောက်နာရီဝက်ကျော်ကျော်ကြာ တဲ့အထိ အစည်းအဝေးလုပ်ကြရပါသေးတယ်။ နောက်ထွက်မယ့် အမှတ် ၂ စာစောင်အတွက် ကြိုတင်ပြင် ဆင်တဲ့ အစည်းဝေးရယ်ပါ။ ဒီသတင်းစာစောင်အဖွဲ့မှာ မိမိက အကြံပေး(Advisor)အဖြစ် တာဝန်ယူထားပါ တယ်။ အစည်းအဝေးကို သင်္ဘောအပေါ်ထပ်မှာ လုပ်ကြပါတယ်။



ဘာတမ်ခရီးမှ လှပသောရှုခင်းမြင်ကွင်းများ။ (ဓာတ်ပုံ - ဖိုးတာ၊ ဇွန်လ ၃ ရက်၊ ၂၀၁၄) 


အစည်းအဝေးပြီးတော့မှပဲ သင်္ဘောရဲ့ ဝဲယာဖက်က စိမ်းစိမ်းစိုစိုနဲ့ ရှုခင်းလှလှလေးတွေကို ဟိုကြည့်ဒီကြည့် လုပ်နိုင်ပါတော့တယ်။













Saturday, June 7, 2014

ဆွမ်းကျွေး




၁၃၇၆ ခုနှစ် နယုန်လဆန်း ၁၀ ရက်




 ဒေါက်တာ အရှင်ဦးဝိစိတ္တသာရ (ကလောင်အမည် ဓမ္မဂင်္ဂါ) မှ စာအုပ်များကို လက်မှတ်ရေးထိုးနေစဉ်။ (ဓာတ်ပုံ - ဖိုးတာ)
 


ဆွမ်းကျွေးအလှူသို့ လာကြသူများ။ (ဓာတ်ပုံ - ဖိုးတာ)




ပြီးခဲ့သော အပတ်က မိမိတို့၏တူသားလိုဖြစ်နေသော ကိုကြည်ရွှင်က လာမည့် ဇွန်လ ၁ ရက် တနင်္ဂနွေ နေ့တွင် သူ့အိမ်မှာဆွမ်းကပ်ရန်ရှိသဖြင့် မိမိတို့အားဖိတ်ခဲ့ပါသည်။ မိမိတို့ဇာတိမှ ဆရာတော် ဒေါက်တာ အရှင်ဦးဝိစိတ္တသာရ ရန်ကုန်မှကြွလာမည်ဖြစ်ကြောင်း၊ မန္တလေးမှ ပုလဲဆရာတော်လည်း ပါလာမည့်အ ကြောင်းနှင့် လူအနည်းငယ်သာ ဖိတ်ထားသည့်အကြောင်းများပြောပါသည်။ 


ပထမတွင် မိမိက မြေးကလေးနှာစေးချောင်းဆိုးဖြစ်နေသဖြင့် မလာဖြစ်သည့်အကြောင်း ပြောသေးသော် လည်းဆရာတော်ကလည်း တွေ့ချင်သည်ဟု အမိန့်ရှိသဖြင့် "အန်ကယ်နဲ့အန်တီတို့  ခဏလေးဖြစ်ဖြစ်လာ စေချင်ပါတယ်" ဟုပြောသဖြင့် မိမိတို့ဇနီးမောင်နှံ ဆွမ်းကျွေးသို့ ရောက်သွားခဲ့ကြတော့၏။ 


ကိုကြည်ရွှင်တို့အိမ်သို့ရာက်သောအခါ ဆရာတော်နှစ်ပါးနှင့်ဧည့်သည်အချို့  ရောက်နေကြပြီ ဖြစ်သည်။ ဆရာတော်များအား ကန်တော့ပြီးနောက် ထွေရာလေးပါး စကားပြောဖြစ်ကြပါသည်။ ဦးဝိစိတ္တသာရသည် သူ၏ စကဲင်ဒီနေးဗီးယားနိုင်ငံများ(Scandinavian countries) ခရီးစဉ်ကို အမိန့်ရှိရင်း "ဘုရားလက်ထက် ပြောတဲ့ မြောက်ကျွန်းသူမြောက်ကျွန်းသားဆိုတာ အဲဒီနိင်ငံကလူတွေပဲဖြစ်ကြလိမ့်မယ်" ဟု ထင်မြင်ချက် ပေးလေသည်။ နော်ဝေသူနော်ဝေသားများမှာ အခြားသောဥရောပတိုက်သူများနှင့်မတူကြပဲ အသားအရေ စင်ပြီး လှကြသည်ဟုဆိုပါသည်။ 

စကဲင်ဒီနေးဗီးယားနိုင်ငံတစ်နိုင်ငံဖြစ်သော ဖင်လန်နိုင်ငံသူနိုင်ငံသားများလည်း အသားစင်ကြသည်ကို မိမိ ယင်းနိုင်ငံသို့ရောက်ခဲ့စဉ်က မှတ်မှတ်သားသား သတိပြုမိကြောင်း ပြောပြရသည်။ ဆရာတော်နှင့် လစ်ဗီး ယားနိုင်ငံအကြောင်း ပြောကြရင်း ရွှေတိဂုံအလယ်ပစယံရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် နှစ်များစွာ သီတင်းသုံးသွားပြီး ၁၉၈၉  ခုနှစ်က ရန်ကုန်မြို့ မှာပင် ပျံလွန်တော်မူခဲ့သည့် အက်စ်တိုးနီးယားလူမျိုး ဆရာ တော်အရှင်အာနန္ဒာဘွဲ့အမည်ခံ Voldemar Friedrich Lustig ၏ အင်္ဂလိပ်ဘာသာဖြင့်ဟောပြောပွဲများအ ကြောင်းကို ရောက်သွားပါသည်။ 










ဆရာတော်အရှင်အာနန္ဒာသည် သူ၏ဟောပြောပွဲများတွင် ဗုဒ္ဓဘာသာအကြောင်းနှင့် သူကိုယ်တိုင် မြန်မာ ဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားသော မြန်မာကဗျာများကိုလည်း အသံနေအသံထားကျကျ ရွတ်ပြလေ့ရှိလေသည်။ ဒီအကြောင်းကို မိမိကပြောပြရသည်မှာ ဆရာတော်ဦးဝိစိတ္တသာရသည် ဓမ္မဂင်္ဂါ ဟူသောကလောင်အမည်ဖြင့် စာများရေးသားနေ၍ဖြစ်၏။


ထိုဆွမ်းကျွေးနေ့က ဆရာတော်သည် သူပြုစုရေးသားထားသည့် "အဓိပတိလမ်းပေါ်က ရဟန်း"နှင့် "၀တ်ရွတ်စဉ်" အမည်ရှိစာအုပ် ၂ အုပ်ကို မိမိတို့အား ကိုယ်တိုင်လက်မှတ်ရေးထိုး ပေးခဲ့ပါသည်။