"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Thursday, June 26, 2014

သတိရမိလေသော ဆရာကြီးတို့ဇနီးမောင်နှံ





၁၃၇၆ ခုနှစ်၊ နယုန်လကွယ်နေ့




ဆရာမကြီး ဒေါ်ခင်မျိုးချစ်နှင့် ဆရာကြီး ဦးခင်မောင်လတ်။
(ဓာတ်ပုံ - အင်တာနက်)



အိမ်ရှင်မနှင့်အတူ အပြင်သို့ မကြာခဏသွားကြရင်းက တစ်နေ့မှာ ဆရာကြီးဦးခင်မောင်လတ်နှင့် ဆရာမ ကြီး ဒေါ်ခင်မျိုးချစ်တို့အား ဗြုန်းစားကြီး သွားပြီးသတိရလိုက်မိသည်။ 

ရန်ကုန် ပြည်လမ်းဘေးရှိ ၀ဂ္ဂီအရပ်တွင်နေစဉ်က လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ (အင်္ဂလိပ်) အယ်ဒီတာ ချုပ်ဟောင်း ဆရာကြီးဦးခင်မောင်လတ်နှင့် အင်္ဂလိပ်ဘာသာဖြင့်ဆောင်းပါးများ ၀တ္တုတိုများရေးသားသော ဆရာမကြီးဒေါ်ခင်မျိုးချစ်တို့ဇနီးမောင်နှံကို ပြည်ရိပ်သာလမ်းထိပ်မှာ ထီးကောက်အရှည်ကြီး အတူဆောင်း လျက် တက္ကစီစောင့်နေကြသည်ကို မကြာမကြာတွေ့ရတတ်၏။ 

ဆရာကြီးတို့၏တစ်ထပ်တိုက်အိမ်လေးသည် ပြည်ရိပ်သာလမ်းထဲတွင် ခြံနှင့်ဝင်းနှင့်ကျယ်ကျယ်ဝန်းဝန်းရှိပါ သည်။ ဆရာကြီးတို့နှစ်ဦးအား သားဖြစ်သူ သင်္ချာပါမောက္ခဒေါက်တာခင်မောင်ဝင်းမိသားစုနှင့် အမြွှာမြေးက လေး ၂ ယောက်ပါ တစ်ခါတစ်ရံ တွေ့ရတတ်၏။ 


ဆရာကြီးက ထောင်ထောင်မောင်းမောင်း၊ ဆရာမကြီးက ဆရာကြီးထက် များစွာအရပ်ပု၏။ သို့သော် ဆရာ ကြီးတို့နှစ်ဦးကို မြင်တွေ့ရသည်မှာ အသက်ကြီးသူဇနီးမောင်နှံများ အဖြစ် အလွန်ပင် ကျက်သရေရှိစွာ လိုက် ဖက်ကြလေသည်။ တစ်ဦးနှင့်တစ်ဦး ကြင်ကြင်နာနာရှိကြသည်ကိုလည်း သတိပြုမိ၏။

စာဖတ်စာရေးဝါသနာပါသူဖြစ်၍ ဆရာကြီးတို့၏စာများအား နှစ်သက်သူတစ်ဦးအနေဖြင့် အဝေးမှ ကြည့်ပြီး ကြည်ညိုလေးစားခဲ့ရသည်။ အားကျခဲ့မိသည်။ ဆရာမကြီး၏သုတ ရ သစာများကို ဆရာကြီး၏စာများထက် ပိုပြီး ဖတ်ခဲ့ဖူး၏။ နှစ်ခြိုက်စွဲလမ်းခဲ့မိ၏။ ဆရာကြီးက သတင်းစာဆရာကြီးဖြစ်ပြီး ဆရာမကြီးမှာ စာရေးဆ ရာမကြီးဖြစ်လေသည်။

ယခုအခါတွင် ဆရာကြီးတို့နှစ်ဦးလုံး ကွယ်လွန်သွားခဲ့ကြပြီးဖြစ်သည်။










No comments:

Post a Comment