"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Monday, October 26, 2015

မညံ့ပေမင့် တော်ခွင့်ရယ်တဲ့မရနိုင်



၁၃၇၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၃ ရက်





ကျောင်းအုပ်ဆရာမကြီးနှင့်အမှတ်တရ။
(၀ဲဖက်အစွန်) မောင်စိုးမောင်တင်။ ကျောင်းက သူ့ကို မောင်တင်လို့ပဲခေါ်ကြပါတယ်။



သားဖြစ်သူမှ သံအမတ်ကြီးများနှင့် ပညာရေးဝန်ကြီး Dr Aline Wong (ပုံ ၆) အား သူတို့အဖွဲ့မှတည်ထွင်ထားသော စက်ရုပ်များအကြောင်းရှင်းပြနေစဉ်။



မနေ့က ဖေ့စ်ဘွတ်ထဲမှာ စင်ကာပူနိုင်ငံ မူလတန်းကျောင်းပေါင်းစုံ စက်ရုပ်တည်ဆောက်မှုပြိုင်ပွဲ (Robotics Competition) တွင် ပထမဆုရရှိတဲ့ မြန်မာကျောင်းသားလေး မောင်ရှိုင်းဈန်ထက်အကြောင်းဖတ်ရလို့ ၀မ်း မြောက်ဂုဏ်ယူရပါတယ်။ 

မိမိ၏သားလေးကတော့ ၂၀၀၀ ခုနှစ်က "Thinking Schools, Learning Nation" ဆိုတဲ့ ဆောင်ပုဒ်နဲ့ စင်ကာပူနိုင်ငံ ပညာရေးဝန်ကြီးဌာနကပြုလုပ်တဲ့ “The Learning Metropolis” ဆိုတဲ့ ပညာရေးစွမ်း ဆောင်ရည်ပြပွဲကြီးမှာ သူရဲ့ ကျောင်းကို ကိုယ်စားပြုပြီး အသင်းခေါင်းဆောင်အဖြစ် ပါဝင်ပြသခွင့်ရရှိခဲ့ပါ တယ်။

"မြန်မာတွေကမညံ့ပါဘူး...တော်ခွင့်မရကြတာပါ" ဆိုတဲ့စကားကို အလေးအနက်ပြုတဲ့ အနေနဲ့ မြန်မာ ကျောင်းသားတစ်ဦးရဲ့ အတွေ့အကြုံလေးကို ထပ်ဆင့်မျှဝေလိုက်ရပါတယ်။



Thae Thae AungMa MayKitty Yoon and 47 others like this.
Comments
ခိုင်စန္ဒာ ခိုင်စန္ဒာ အဲ့စကားတော့ကြိုက်သွားပြီဆရာ အမှန်ဘဲ ။ တော်ခွင့်မရတာပါ
LikeReply123 hrs
Tin Maung Aye အဲဒီစကားကို စာရေးဆရာကြီးတစ်ဦးကပြောခဲ့တယ်လို့ သိရတယ်။ သိပ်ပြီးမှန်တဲ့စကားပါ။
LikeReply23 hrs









ခေတ်နောက်ကို ဒရောသောပါးလိုက်ခြင်း



၁၃၇၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၃ ရက်၊  



ဖေ့စ်ဘွတ်မှာ အရင်ရေးပြီးမှ ဒီမှာပြန်ဖော်ပြထားပါတယ်။




ကိုယ်အသက်ကြီးလာတဲ့အချိန်ကာလမှာမှ နည်းပညာရပ်တွေက ဒလဟောကြီးကို အရှိန်အဟုန်မြင့်မားစွာ တိုးတက်လာတာကြောင့်တစ်ကြောင်း၊ ကိုယ်တိုင်ကလည်း ပင်စင်ယူပြီးကာမှ မူလအလုပ်ကိုပဲ အချိန်ပြည့် ပြန်လုပ်နေတဲ့အပြင် အလုပ်တာဝန်တွေပါ ပိုလာခဲ့တာ ကြောင့်တစ်ကြောင်းတို့ကြောင့် ခေတ်ပေါ်နည်းပညာ အချို့ ကို ‘မချစ်သော်လည်း အောင့်ကာနမ်း’ ဆိုသလို မလွှဲမရှောင်သာကြီး ရုန်းရင်းကန်ရင်း မသုံးမဖြစ် သုံး နေရပါတယ်။ 

ကွန်ပြူတာလေ ကွန်ပြူတာ၊
အင်တာနက်လေ အင်တာနက်၊
ဘလော့တဲ့ ဖေ့စ်ဘွတ်တဲ့ စတာစတာတွေ ….
ဒီတော့ မသိတာ မတတ်တာ မလုပ်တတ်တာရှိတိုင်း အိမ်မှာရှိနေတဲ့သားကို မေးလား မေးရ၊ သင်ခိုင်းလား သင်ခိုင်းရရဲ့ ။ 

အိမ်ကို တစ်ခါတစ်ခါ အလယ်လာတဲ့သမီးကိုလဲ အလွတ်မပေးပဲ မေးရ လုပ်ခိုင်းရတာလဲ ရှိရဲ့ ။
အလုပ်ထဲမှာကြပြန်တော့လဲ ကိုယ့်သားသမီးအရွယ် ကိုယ့်လုပ်ဖော်ကိုင်ဖက်လေးတွေကို မေးရ ခိုင်းရပြန် သေးရဲ့ ။
.
အဲ .. ဒီကနေ့မနက်မှာတော့ အရင်ကမလုပ်ခဲ့ဖူး မသုံးခဲ့ဖူးတာလေးတစ်ခုကို သုံးဖူး တတ်ဖူးသွားရပြန်ပါပြီ။
ဖေ့စ်ဘွတ်မှာ messenger ကို install လုပ်ပြီး ဖုန်းနဲ့စကားပြောတာ။
မနေ့က သမီးနဲ့သမက်က သင်ပေး ပြပေးသွားခဲ့ကြတာ။
.
အိချောက ‘messenger ကို install လုပ်ပြီး ဖုန်းနဲ့စကားပြောတာ သိပ်ပြီးအဆင်ပြေတယ် ဆရာ’ ဆိုလို့။
ဒါကလဲ မနေ့ညကတည်းက အလွဲလွဲအချော်ချော်တွေဖြစ်ပြီးကာမှ ဒီမနက်မှာ အိချောနဲ့ အဆင်ပြေပြေ စကားပြောနိုင်ခဲ့ပါတော့တယ်။

ဟူး …..



Comments
MeMe Pyae Phyo ပညာလို အိုသည်မရှိပေါ့ ဆရာကြီး 
သမီးတို့ကိုလဲ ဆရာကြီးရဲ့အဖိုးတန် အမွေတွေပေးပါဦး smile emoticon
Tin Maung Aye အမြဲတမ်းမျှဝေပေးနိုင်အောင် ကြိုးစားပါမယ်သမီး။
Thant Zaw ဆရာစကားတွေကို လွတ်သွားမှာစိုးလို့ FB မှာ close friend တောင် လုပ်ထားပါတယ်ဆရာ
Tin Maung Aye ကျေးဇူးပါဗျာ ကိုသန့်ဇော်။
Tin Maung Aye ဆရာ လေ့လာထား သိထားတာလေးတွေကို မြန်မပြည်ကိုပြန်လာတဲ့အခါတိုင်း မျှ ဝေသင်ကြားပေးဖြစ်ပါတယ်။ အခုလို ပညာကို လိုလိုလားလားရှိကြတာသိရ လို့ အားရ၀မ်းသာမိပါတယ်။
Sitt Ko ဆရာနှင့်အပြင်မှာတွေ့ခွင့်ရခြင်ပါတယ် ဆရာ့ဆီကအတွေ့အကြုံတွေ ပညာတွေလည်း သင်ယူခွင့်ရခြင်ပါတယ်ဆရာ 
ကျနော်တို့ကျောင်းသားဘဝ PT majorစယူကတည်းက ဆရာ့imageက PTfieldတခုလုံးကိုလွှမ်းမိုးထားတော့ အရမ်းလည်းလေးစားမိပါတယ်ခင်ဗျာ
Tin Maung Aye ဆရာကလဲ တွေ့ချင်ပါတယ်။ နောက်တစ်ခေါက် ရန်ကုန်ရောက်ရင် တွေ့နိုင်အောင် ကြိုပြီးအကြောင်းကြားပါ့မယ် ကိုစစ်လွင်ကို။
Sitt Ko ဟုတ်ကဲ့..ကျေးဇူးပါဆရာ


Chocho Winmyint ကျမ လဲဆရာနဲ့ထပ်တူပါပဲ အတင်းလိုက်သင်ခိုင်းရပါတယ်
Khin Cho Myint ဖေ့စ်ဘွတ်ဆိုတာကိုဟို အရင်တော်တော်
ကြာကတည်းကကြားဖူးပြီးကျနော်တို့ဆီမှာ
သုံးလို့မရခဲ့သေးတဲ့အခ်ျန်ကတည်းက
...See More
UnlikeReply222 hrs
Chis Yan Chiu All we are in same conditions push up 加油
UnlikeReply112 hrs
Tin Maung Aye Thanks, Ko Lay Aung.
LikeReply8 hrs
Chis Yan Chiu you are wellCOme
LikeReply5 hrs