၁၃၇၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၃ ရက်၊
ဖေ့စ်ဘွတ်မှာ အရင်ရေးပြီးမှ ဒီမှာပြန်ဖော်ပြထားပါတယ်။
ကိုယ်အသက်ကြီးလာတဲ့အချိန်ကာလမှာမှ နည်းပညာရပ်တွေက ဒလဟောကြီးကို အရှိန်အဟုန်မြင့်မားစွာ တိုးတက်လာတာကြောင့်တစ်ကြောင်း၊ ကိုယ်တိုင်ကလည်း ပင်စင်ယူပြီးကာမှ မူလအလုပ်ကိုပဲ အချိန်ပြည့် ပြန်လုပ်နေတဲ့အပြင် အလုပ်တာဝန်တွေပါ ပိုလာခဲ့တာ ကြောင့်တစ်ကြောင်းတို့ကြောင့် ခေတ်ပေါ်နည်းပညာ အချို့ ကို ‘မချစ်သော်လည်း အောင့်ကာနမ်း’ ဆိုသလို မလွှဲမရှောင်သာကြီး ရုန်းရင်းကန်ရင်း မသုံးမဖြစ် သုံး နေရပါတယ်။
ကွန်ပြူတာလေ ကွန်ပြူတာ၊
အင်တာနက်လေ အင်တာနက်၊
ဘလော့တဲ့ ဖေ့စ်ဘွတ်တဲ့ စတာစတာတွေ ….
ဒီတော့ မသိတာ မတတ်တာ မလုပ်တတ်တာရှိတိုင်း အိမ်မှာရှိနေတဲ့သားကို မေးလား မေးရ၊ သင်ခိုင်းလား သင်ခိုင်းရရဲ့ ။
အိမ်ကို တစ်ခါတစ်ခါ အလယ်လာတဲ့သမီးကိုလဲ အလွတ်မပေးပဲ မေးရ လုပ်ခိုင်းရတာလဲ ရှိရဲ့ ။
အလုပ်ထဲမှာကြပြန်တော့လဲ ကိုယ့်သားသမီးအရွယ် ကိုယ့်လုပ်ဖော်ကိုင်ဖက်လေးတွေကို မေးရ ခိုင်းရပြန် သေးရဲ့ ။
.
အဲ .. ဒီကနေ့မနက်မှာတော့ အရင်ကမလုပ်ခဲ့ဖူး မသုံးခဲ့ဖူးတာလေးတစ်ခုကို သုံးဖူး တတ်ဖူးသွားရပြန်ပါပြီ။
.
အဲ .. ဒီကနေ့မနက်မှာတော့ အရင်ကမလုပ်ခဲ့ဖူး မသုံးခဲ့ဖူးတာလေးတစ်ခုကို သုံးဖူး တတ်ဖူးသွားရပြန်ပါပြီ။
ဖေ့စ်ဘွတ်မှာ messenger ကို install လုပ်ပြီး ဖုန်းနဲ့စကားပြောတာ။
မနေ့က သမီးနဲ့သမက်က သင်ပေး ပြပေးသွားခဲ့ကြတာ။
.
အိချောက ‘messenger ကို install လုပ်ပြီး ဖုန်းနဲ့စကားပြောတာ သိပ်ပြီးအဆင်ပြေတယ် ဆရာ’ ဆိုလို့။
မနေ့က သမီးနဲ့သမက်က သင်ပေး ပြပေးသွားခဲ့ကြတာ။
.
အိချောက ‘messenger ကို install လုပ်ပြီး ဖုန်းနဲ့စကားပြောတာ သိပ်ပြီးအဆင်ပြေတယ် ဆရာ’ ဆိုလို့။
ဒါကလဲ မနေ့ညကတည်းက အလွဲလွဲအချော်ချော်တွေဖြစ်ပြီးကာမှ ဒီမနက်မှာ အိချောနဲ့ အဆင်ပြေပြေ စကားပြောနိုင်ခဲ့ပါတော့တယ်။
ဟူး …..
ဟူး …..
Ma Su Thanda Kyaing, Cãlm Smîlë, Thae Thae Aung and 51 others like this.
No comments:
Post a Comment