"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Monday, October 26, 2015

ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့ အထိမ်းအမှတ်ပစ္စည်းများ



၁၃၇၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၃ ရက်၊



ဖေ့စ်ဘွတ်မှာရေးတင်ထားတာလေးကို ပြန်ဖော်ပြပေးထားတာပါ။








၁) ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(မန္တလေး)မှ ဆရာမဒေါ်တင်တင်စိုး ရန်ကုန်သို့ ယူလာပေးခဲ့ သော ယင်းတက္ကသိုလ်၏(၁၅)နှစ်ပြည့်အထိမ်းအမှတ်မဂ္ဂဇင်းစာအုပ်၊

၂) MPA မှ ဆရာဦးတင်မြင့် ကျေးဇူးပြုပေးလိုက်သော ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့ (World Physical Therapy Day 2015) အထိမ်းအမှတ်အဖြစ် ယခုနှစ် စက်တင်ဘာလမှာ ၂ ရက် တိတိကျင်းပ ခဲ့သော သုတေသနစာတမ်းဖတ်ပွဲက သုတေသနစာတမ်းများနဲ့ ပို့စတာစာတမ်းများစာအုပ် (Research Papers and Posters Presentation) နှင့် Mini-Symposium on Physiotherapy and Women’s Health စာအုပ်၊ The Society of Physical Therapy Science (Japan) မှ ထုတ်ဝေတဲ့ အကြောအ ဆစ်ကုသိပ္ပံပညာရပ်ဂျာနယ် (Journal of Physical Therapy Science)၊

၃) မိမိက အကူအညီတောင်းထားလို့ ဒေါ်ဇင်လဲ့ဦးမှပေးလိုက်သော ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့ အထိမ်းအမှတ်အဖြစ် MPA မှ ဒီဇိုင်း ၅ မျိုးနဲ့ထုတ်ထားတဲ့ တီရှပ် ၅ ထည်၊ 







အဲဒီပစ္စည်းများကို ယူလာပေးခဲ့ကြသော ရန်ကုန်အရိုးရောဂါအထူးကုဆေးရုံကြီးမှ ဒေါ်အိ အိချောနှင့်ဒေါ် သက်နှင်းအေးတို့ပင် စင်ကာပူအထွေထွေရောဂါကုဆေးရုံကြီး (SGH) မှာ လက်ပိုင်းဆိုင်ရာကုသမှု on-the-job training ပြီးလို့ ယခုအပတ်မှာ မြန်မပြည်ကို ပြန်လည်ရောက်ရှိသွားကြပါပြီ။ 

ယခုမှပဲ ဒီအကြောင်းလေး ရေးတင်ဖြစ်ပါတော့တယ်။

အကူအညီပေးကြသူအားလုံးကို များစွာကျေးဇူးတင်ရှိကြောင်း ပြောချင်လို့ပါ။





Thet Hnin Aye Singapore မှာရှိတုန်း အစစအရာရာ ကူညီပေးခဲ့တဲ့ ဆရာနဲ့အန်တီ ကိုလည်းသမီးတို့က အထူးကျေးဇူးတင်ပါတယ်ရှင်
Tin Maung Aye သမီးတို့ အစစအဆင်ပြေတာသိရလို့ ဆရာတို့ ၀မ်းသာရပါတယ်။












No comments:

Post a Comment