"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Monday, October 26, 2015

မညံ့ပေမင့် တော်ခွင့်ရယ်တဲ့မရနိုင်



၁၃၇၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၃ ရက်





ကျောင်းအုပ်ဆရာမကြီးနှင့်အမှတ်တရ။
(၀ဲဖက်အစွန်) မောင်စိုးမောင်တင်။ ကျောင်းက သူ့ကို မောင်တင်လို့ပဲခေါ်ကြပါတယ်။



သားဖြစ်သူမှ သံအမတ်ကြီးများနှင့် ပညာရေးဝန်ကြီး Dr Aline Wong (ပုံ ၆) အား သူတို့အဖွဲ့မှတည်ထွင်ထားသော စက်ရုပ်များအကြောင်းရှင်းပြနေစဉ်။



မနေ့က ဖေ့စ်ဘွတ်ထဲမှာ စင်ကာပူနိုင်ငံ မူလတန်းကျောင်းပေါင်းစုံ စက်ရုပ်တည်ဆောက်မှုပြိုင်ပွဲ (Robotics Competition) တွင် ပထမဆုရရှိတဲ့ မြန်မာကျောင်းသားလေး မောင်ရှိုင်းဈန်ထက်အကြောင်းဖတ်ရလို့ ၀မ်း မြောက်ဂုဏ်ယူရပါတယ်။ 

မိမိ၏သားလေးကတော့ ၂၀၀၀ ခုနှစ်က "Thinking Schools, Learning Nation" ဆိုတဲ့ ဆောင်ပုဒ်နဲ့ စင်ကာပူနိုင်ငံ ပညာရေးဝန်ကြီးဌာနကပြုလုပ်တဲ့ “The Learning Metropolis” ဆိုတဲ့ ပညာရေးစွမ်း ဆောင်ရည်ပြပွဲကြီးမှာ သူရဲ့ ကျောင်းကို ကိုယ်စားပြုပြီး အသင်းခေါင်းဆောင်အဖြစ် ပါဝင်ပြသခွင့်ရရှိခဲ့ပါ တယ်။

"မြန်မာတွေကမညံ့ပါဘူး...တော်ခွင့်မရကြတာပါ" ဆိုတဲ့စကားကို အလေးအနက်ပြုတဲ့ အနေနဲ့ မြန်မာ ကျောင်းသားတစ်ဦးရဲ့ အတွေ့အကြုံလေးကို ထပ်ဆင့်မျှဝေလိုက်ရပါတယ်။



Thae Thae AungMa MayKitty Yoon and 47 others like this.
Comments
ခိုင်စန္ဒာ ခိုင်စန္ဒာ အဲ့စကားတော့ကြိုက်သွားပြီဆရာ အမှန်ဘဲ ။ တော်ခွင့်မရတာပါ
LikeReply123 hrs
Tin Maung Aye အဲဒီစကားကို စာရေးဆရာကြီးတစ်ဦးကပြောခဲ့တယ်လို့ သိရတယ်။ သိပ်ပြီးမှန်တဲ့စကားပါ။
LikeReply23 hrs









No comments:

Post a Comment