"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Friday, December 15, 2023

ကျွန်းသာယာသတင်းစဉ် (၈၃)

 

 

ဒီကနေ့ညနေမှာ ဖေ့စ်ဘွတ်ကိုဖွင့်ကြည့်တဲ့အခါ အောက်ကပို့စ်လေးကိုတွေ့လိုက်ရလို့ သူတို့ရဲ့ ယုတ်

မာကောက်ကျစ်တာနဲ့အမျှ အဆင့်အတန်းမရှိစွာအောက်တန်းကျတဲ့ပကတိအခြေအနေတွေကိုပေါ်

လွင်ထင်ရှားစေရန်နှင့်မမှိတ်မသုန်ထွက်ပေါ်လာမည့်'ပြည်သူ့ရာဇသံ'ကို ဖန်တီးလိုက်ရပါတယ်။





 

'မအလ'မင်းအောင်လှိုင်နဲ့မိသားစု..

ပြေးကြည့်လေ လွတ်မလားလို့၊
လုပ်ရဲကြည့်လေ တောင့်ခံနိုင်မလားလို့။

ပြည်သူတွေက ပြောထားပြီးပြီပဲ
'ဒို့အလှည့် ရှိသေးတယ်' လို့။




***






ရခိုင်ပြည်နယ်ရှိမြို့ နယ်ပေါင်း ၁၇ ခုအနက် ၁၅ မြို့ နယ်
ချင်းပြည်နယ်ရှိ ပလက်ဝမြို့ နယ်
သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်စခန်းကြီး/ငယ်စုစုပေါင်း ၁၄၂ ခု


***














































No comments:

Post a Comment