"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Monday, December 11, 2023

နိုင်ငံတကာ - ဟိုအကြောင်း ဒီအကြောင်း (၃)

 

SOURCE: The Straits Times, December 11, 2023


ဂါဇာကမ်းမြှောင်ဒေသ၏နေရာအတော်များများတွင် အပျက်အစီးများတောင်ပုံရာပုံရှိနေသည်။ 

အစ္စရေး၏အကြီးအကျယ်လေကြောင်းတိုက်ခိုက်မှုများကြောင့် လူအများအပြားအိုးအိမ်စွန့်ခွာထွက်
ပြေးနေကြရပြီး အသေအပျောက်တွေလည်း မကြုံစဖူးစံချိန်တင်တိုးပွားလျက်ရှိသည်။

အစ္စရေးနှင့်ဟားမားစ်တို့၏စစ်မြေပြင်မှာတော့ ဂါဇာဒေသကို ၁၆ နှစ်ကြာအုပ်ချုပ်ခဲ့သည့်ဟားမားစ်
စစ်သွေးကြွအကြမ်းဖက်သမားများအနေဖြင့် အစ္စရေးတင့်ကားများအား တချက်တချက်ပုန်းလျှိုး
ကွယ်လျှိုးထွက်ပစ်ခြင်းနှင့်မြို့ ရွာအချို့ ကို ဒုံးကျဉ်များလှမ်းပစ်ခြင်းလောက်သာလုပ်နိုင်လေသည်။

သို့တစေ ပြီးခဲ့သောအောက်တိုဘာ ၇ ရက်နေ့က အစ္စရေးနိုင်ငံကို အမှတ်မထင်ဝင်တိုက်ခဲ့ခြင်း၏
အကျိုးအမြတ်များကို ဟားမားစ်တို့က ရရှိခံစားလျက်ရှိဆဲဟုဆိုပါသည်။  

နံပတ်တစ်အနေဖြင့် အိမ်နီးချင်းအာရပ်နိုင်ငံများနှင့်ဆက်ဆံရေးပြေပြစ်ရန်ကြိုးပမ်းနေသည့်အစ္စရေး
၏ဆောင်ရွက်နေမှုများကို ထိခိုက်ပျက်စီးစေခဲ့သည်။

နံပတ်နှစ်အနေဖြင့် ပါလက်စတိုင်းပြသနာ(Parlestinian issue)ကို ကမ္ဘာ့ခေါင်းဆောင်များက ဂရု
ပြုအာရုံပြန်စိုက်လာစေခြင်းဖြစ်သည်။    



















ယခုအခါ အစ္စရေးနှင့်ဟားမားစ်တို့၏စစ်ပွဲကာလ ၂ လကြာမြင့်လာခဲ့ပြီးဖြစ်သော်လည်း ဟားမားစ်စစ်
သွေးကြွတို့ကို အပြီးတိုင်ချေမှုန်းပစ်မည်ဟု အစ္စရေးခေါင်းဆောင်များကြုံးဝါးထားသည့်အတိုင်း ဟား
မားစ်ထိပ်တန်းခေါင်းဆောင်များကို မသုတ်သင်မရှင်းလင်းနိုင်သေးပေ။ 

တချိန်တည်းမှာ ဟားမားစ်တို့ဖမ်းဆီးထားသည့် လက်ကျန်ဓါးစာခံ ၁၃၇ ဦးလည်းပြန်မလွတ်ကြသေး။ 

နောက်ပြီး ဂါဇာအရပ်သူအရပ်သားများစွာတို့၏အသက်အိုးအိမ်စည်းစိမ်းတို့ ကြီးကြီးမားမားမပေးဆပ်
ကြရပဲ ဟားမားစ်စစ်သွေးကြွများကို အပြီးတိုင်ချေမှုန်းပစ်မည်ဆိုသည့် အစ္စရေးတို့၏မျှော်မှန်ချက်ကို
လည်း ထင်သာမြင်သာရှိအောင် သက်သေမပြနိုင်ပဲရှိနေပါသေးသည်။ 

(သတင်းဘာသာပြန် - ကျွန်းသာယာ)



SOURCE: 








***
















No comments:

Post a Comment