"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Thursday, December 28, 2023

Physiotherapist ဖြစ်ရတာ စိတ်ချမ်းသာ (၂)




"Physiotherapist တစ်ဦးဖြစ်ရသည်ကို ကျေနပ်ဂုဏ်ယူ၍ဖြင့် မဆုံးနိုင်တော့ပါ" ဟု လွန်ခဲ့တဲ့ ၈ နှစ်
က ဖေ့စ်ဘွတ်မှာ မိမိရေးတင်ထားသည့်စာ(ပို့စ်)လေး ဒီကနေ့တွင်ပြန်ပေါ်လာတဲ့အတွက် အောက်
မှာထပ်ဆင့်မျှဝေလိုက်ရပါတယ်။








"သက်ရှည်ကျန်းမာ အကြောအဆစ်ကုဆေးပညာ"
.
၂၀၁၅ ခုနှစ်၏‘ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့’(World Physical Therapy Day)နှင့်ပတ်သက်ပြီး
ကမ္ဘာ့အကြောအဆစ်ကုပညာရပ်ဆိုင်ရာအဖွဲ့ကြီး(World Confederation for Physical Therapy)၏
ဥက္ကဌ Dr Emma Stokes က …
.
“Physical therapists (Physiotherapists) help people lead fulfilled lives”
.
ဟူ၍ အကြောအဆစ်ကုပညာရှင်များ၏ကျန်းမာရေးနှင့်သက်ဆိုင်သည့် အရေးပါလှသော စွမ်းဆောင်နိုင်မှု
ယခုနှစ် သြဂုတ်လ ၂၈ ရက်နေ့က ကမ္ဘာသိသတင်းထုတ်ပြန်ခဲ့သည်။
.
ယင်းသတင်းထုတ်ပြန်ချက်(Press release)ကို ခြုံငုံအနှစ်ချုပ်လျက် ‘သက်ရှည်ကျန်းမာ အကြောအဆစ်
ကုဆေးပညာ’ ဟူသော ဆောင်ပုဒ်လေးကို မိမိ ချရေးလိုက်မိသည်။
.
အဘယ့်ကြောင့်ပါနည်း။
အမေး ရှိပေအံ့။
အဖြေလည်း အသင့်ရှိနေပြီးဖြစ်ပါ၏။
.
သုတေသီတို့၏လေ့လာချက်အရ ဤကမ္ဘာပေါ်တွင် နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အဆုတ်ရောဂါအစရှိသော 
နာတာရှည်ရောဂါဝေဒနာရှင်များနှင့်မသန်စွမ်းဖြစ်မှုအမျိုးမျိုးတို့ကြောင့် တစ်ကမ္ဘာလုံး၏စီးပွားရေးထိခိုက်မှု 
(loss of global economic output) သည် နောင်အနှစ် ၂၀ ကျော်အကြာတွင် အမေရိကန်ဒေါ်လာ ၆၃ 
ထရီလီယံရှိလိမ့်မည်ဟုသိရပါသည်။
.
ယင်းကိစ္စသည် အမှန်တော့မဖြစ်သင့်ဟု WCPT က ပြတ်ပြတ်သားသားထောက်ပြခဲ့ပါသည်။
မူရင်းစာသားက (However, it needn’t be like that, says WCPT.) ပါ။
.























အကြောင်းက ..
.
အကြောအဆစ်ဆိုင်ရာကုသမှု(Physical therapy/Physiotherapy<သန်စွမ်းမှုလောက် မဆိုလိုပါ>)လို
အပ်ကြသူများတွင် မွေးစကလေးငယ်များမှ သက်ကြီးရွယ်အိုများအထိ ပါရှိနေကြသည်။
.
အလွန်အမင်း မသန်စွမ်းမှုဖြစ်နေကြသူများ(people with profound disabilities)ကော ထိပ်တန်းအား
ကစားသမားများ(the highest performing athletes)ပါ အားလုံး အားလုံး အကြောအဆစ်ဆိုင်ရာကု
သမှုများကို ခံယူလျက်ရှိနေကြသည်။
.
ယင်းသို့သော နာတာရှည်ရောဂါဝေဒနာရှင်များနှင့်မသန်စွမ်းဖြစ်နေကြသူများကို အကြောအဆစ်ကုဆိုင်
ရာပညာရှင်များက ခေတ်မီသိပ္ပံနည်းကျကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုများ(physical activity, exercise 
and movement)အသုံးပြုလျက် ရောဂါဝေဒနာအခြေအနေကိုလိုက်ပြီး သက်သာပျောက်ကင်းအောင်ကု
သပေးနိုင်ကြသည်။
.
ဤအချက်ကို Dr Emma Stokes က ယခုလို တိတိကျကျ ပြောကြားခဲ့၏။
.
“We (physiotherapists) have the power to ensure that 
people reach their potential whatever that may be.”
.
လူများ ကျန်းမာကြစေရန်၊ အသက်ရှည်ကြစေရန်၊ မသန်စွမ်းမှုများမှကာကွယ်ကုသပေးရန်နှင့်ခန္ဓာကိုယ်
ကြံ့ ခိုင်ပြီးစွမ်ဆောင်းရည်မြင့်မားကြစေရန် အကြောအဆစ်ကုဆေးပညာဖြင့်လုပ်ဆောင်ပေးနိုင်ကြောင်း 
မိမိ၏ ၄၃ နှစ်တာ ဆေးကုသမှုနှင့်သုတေသနပြုလေ့လာမှုအတွေ့အကြုံများအရ ကိုယ်တိုင်ကိုယ်ကျ သိ
ရှိရသဖြင့် Physiotherapist တစ်ဦးဖြစ်ရသည်ကို ကျေနပ်ဂုဏ်ယူ၍ဖြင့် မဆုံးနိုင်တော့ပါချေ။
























“Physical therapists (Physiotherapists) help people lead fulfilled lives”

Dr Emma Stokes
(President of the World Confederation of Physical Therapy)

"အကြောအဆစ်ကုပညာရှင်များသည် လူများ(လူနာနှင့်လူနာမဟုတ်ကြသူများ)၏
ရည်ရွယ်ချက်များ၊ စိတ်ကူးအိမ်မက်များနှင့်ပြင်းပြသည့်ဆန္ဒများကို ကူညီပံ့ပိုးဖြည့်
ဆည်းပေးနိုင်ကြသည်"  

ဥပမာ၊ ထိခိုက်အနာတရဖြစ်မှု၊ နေထိုင်မကောင်းဖြစ်မှုနှင့်မသန်စွမ်းဖြစ်မှုကြောင့် လှုပ်ရှားသွားလာ
ခြင်းမပြုလုပ်နိုင်သူများနှင့်လုပ်ငန်းဆောင်တာမဆောင်ရွက်နိုင်သူများအား လှုပ်ရှားသွားလာခြင်းနှင့်
အလုပ်လုပ်ကိုင်နိုင်ခြင်းများ အပြည့်အ၀ သို့မဟုတ် တစုံတခုသောအတိုင်းအတာအထိ ပြန်လည်ရ
ရှိစေရန် လေ့ကျင့်ကုသပေးခြင်းဖြင့် ဘ၀ကိုတန်ဖိုးရှိစွာနေထိုင်ခံစားနိုင်အောင်ကူညီပေးတာမျိုး။

ဒီလောက်ပျော်ရွင်ကျေနပ်စရာကောင်းတဲ့အလုပ်မျိုးနဲ့ပညာရပ် ဘယ်မှာများ ရှိနိုင်ပါဦးမလဲလို့။
















No comments:

Post a Comment