"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Monday, June 5, 2023

အကြောအဆစ်ကုပညာရပ်ဆိုင်ရာ ကမ္ဘာ့ညီလာခံ ဒူဘိုင်းလား တိုကျိုလား (၅)

 


ယနေ့ ဇွန်လ ၅ ရက်နေ့စွဲဖြင့်ကမ္ဘာ့အကြောအဆစ်ကုပညာရပ်အဖွဲ့ကြီး(World Physiotherapy)မှ 

အီးမေး ၂ စောင်ကို မိမိ ရရှိခဲ့ပါသည်။


ပထမအီးမေးတွင် ကမ္ဘာအရပ်ရပ်က ထူးချွန်သည့်အကြောအဆစ်ကုပညာရှင်များကို အဖွဲ့ကြီးမှ 

ဂုဏ်ပြုလျက် ဆုချီးမြှင့်ပေးခြင်းအကြောင်းပါရှိပြီး ဒုတိယအီးမေးတွင် ညီလာခံဒုတိယနေ့(၃၊၆၊၂၃)

နှင့်တတိယနေ့(၄၊၆၊၂၃)များက စိတ်ဝင်စားဖွယ်ရာအချို့ (highlights from days 2 and 3)ကို ဓာတ်

ပုံများဖြင့်ဖော်ပြပေးထားသည်။ 


အဆိုပါအီးမေး ၂ စောင်မှ ညီလာခံသတင်းများကို တဆင့်ဖောက်သည်ချမျှဝေလိုက်ပါသည်။ 


















World Physiotherapy အဖွဲ့ကြီး၏ညီလာခံအကြိုဖြစ်သော အကြိမ် ၂၀ မြောက်အထွေထွေအစည်း

အဝေးကို မေလ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင်ပြုလုပ်ခဲ့ပြီး ညီလာခံကို ဇွန်လ ၂ ရက်မှ ၄ ရက်အထိ

၃ ရက်ကြာ ကျင်းပခဲ့ပါသည်။

အာရပ်စော်ဘွားများပြည်ထောင်စု (United Arab Emirates (UAE) ၏မြို့ တော် ဒူဘိုင်းမြို့ တွင်ပြု

လုပ်ခဲ့သည့်ညီလာခံသို့  ကမ္ဘာအရပ်ရပ်က Physiotherapist ၂၀၀၀ ကျော်တက်ရောက်ခဲ့ကြောင်း

သိရသည်။


ဝမ်းသာစရာသတင်းကောင်းတစ်ခုမှာ မက်ဆီဒိုးနီးယားနိုင်ငံမှအကြောအဆစ်ကုပညာရှင်အသင်း

(Macedonian Society of Physiotherapists)နှင့် ဆာရာလီယွန်နိုင်ငံမှအကြောအဆစ်ကုပညာရှင်

အသင်း (Sierra Leone Physiotherapy Association) တို့ကို World Physiotherapy အဖွဲ့ကြီး၏အ

သင်းဝင်သစ်များ (new member organisations) အဖြစ် အသိအမှတ်ပြုလက်ခံလိုက်ခြင်းပင်ဖြစ်ပါ

သည်။







ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါအလွန်ကာလတွင် ကျင်းပခဲ့ရသည့် ယခုဒူဘိုင်း World Physiotherapy 
ညီလာခံသို့ နိုင်ငံတကာမှကိုယ်စားလှယ်များ ပထမဆုံးအကြိမ်အဖြစ် လူကိုယ်တိုင်တက်ရောက်ကြ
ခြင်းဖြစ်သည်။ 

သို့ဖြစ်ရာ ယခင်ညီလာခံများထက် တက်ရောက်သူနည်းပါးခဲ့လေသည်။ 

အနီးစပ်ဆုံးဥပမာတခုကိုပြောရသော် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ တွင် ၂၀၁၉ ခုနှစ်ကပြုလုပ်ကျင်းပ
သည့် World Physiotherapy ညီလာခံသို့ နိုင်ငံတကာမှကိုယ်စားလှယ်ပေါင်း ၄၃၀၀ တက်ရောက်ခဲ့
ပါသည်။

ညီလာခံတက်ရောက်သူကိုယ်စားလှယ်အရေအတွက်အားဖြင့် ထက်ဝက်ကျော်ကွာနေပါသည်။




















ဆက်ပြီးရေးပါဦးမည်။





No comments:

Post a Comment