"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Friday, June 9, 2023

'ဂျူကွန်း'ဘတ်စ်အင်တာချိန်းမှာ နံနက်စာသွားစား (၂)

 



ဒီကနေ့ အလုပ်ကနေခွင့်ယူထားတဲ့အတွက် ပြီးခဲ့သည့်တပတ်ကျော်က နံနက်စာသွားစားခဲ့ကြတဲ့ 

'ဂျူကွန်း'ဘတ်စ်အင်တာချိန်းကို မိမိတို့အဖိုးကြီးအဖွားကြီးနှစ်ယောက် နောက်တခေါက်ထပ်သွား

ဖြစ်ပြန်ပါတယ်။

နံနက်စာ သွားစားကြတာပါ။

အိမ်ကနေ Lakeside ဘူတာကို အမှတ် ၄၉ ဘတ်စ်ကားစီးပြီး အဲဒီကမှ MRT မိုးပျံမြေလျှိုးရထား

စီးလို့ 'ဂျူကွန်း'ဘူတာရောက်ပါတယ်။

ရထားထဲကထွက်ပြီး စက်လှေကားနဲ့အောက်ကိုဆင်းခဲ့ကြတယ်။

ဘူတာဒုတိယအထပ်က အိန္ဒိယကုန်စုံဆိုင်လေးထဲကို အရင်ဝင်ပြီး ကုလားအစားအစာ(အချိုစုံ)

နဲ့သရက်သီး၊ မာလကာသီး၊ ခရမ်းကျွပ်သီးတွေဝယ်ကြပါတယ်။













ဘူတာနဲ့တဆက်တည်းရှိတဲ့ကုန်တိုက်ရဲ့ ဒုတိယအထပ်ထဲဝင်ပြီး နံနက်စာစားဖို့ရာ စားသောက်

ဆိုင်တွေကို ဟိုကြည့်ဒီကြည့်လုပ်ရတယ်။ 

ဒီအထပ်မှာ စားချင်တာမရှိလို့ ၃ ထပ်ကိုတက်ခဲ့တယ်။

၃ ထပ်မှာ စားသောက်ဆိုင်တွေကို ဟိုကြည့်ဒီကြည့်လုပ်ရင်း ဂျပန်နဲ့ကိုရီးယားစားသောက်ဆိုင်

မှာထိုင်ဖြစ်ပါတော့တယ်။  










ထမင်း၊ ကြက်သားနဲ့ငါးကျော်(Japanese Chicken Teriyakiနဲ့Salmon Bento set) ကို တယောက်

တမျိုး မှာစားခဲ့ကြပါတယ်။

မနက် ၁၀ နာရီခွဲရှိပြီဖြစ်လို့ မနက်စာနဲ့ နေ့လည်စာကို ပေါင်းစားလိုက်ကြရတော့တာ။


ယခင်တခေါက်ကတော့ အသွားကိုဘတ်စ်ကားနဲ့သွားလို့ မိနစ် ၄၀ လောက်ကြာခဲ့တယ်။ အပြန်

မှာတော့ 'ဂျူကွန်း'ဘူတာကနေ MRT မိုးပျံမြေလျှိုးရထားစီးတာ Lakeside ဘူတာအထိ ၈ မိနစ်

ကြာပြီး အဲဒီကမှ အမှတ် ၄၉ ဘတ်စ်ကားကို တဆင့်ပြောင်းစီးပြီးအိမ်ကိုပြန်ခဲ့တာ ၆ မိနစ်နဲ့ရောက်

ပါတယ်။ 

ဒါကြောင့် ဂျူကွန်းကအပြန်မှာ ခရီးသွားချိန်က ၁၅ မိနစ်လောက်ပဲကြာခဲ့တာ။


ဒီလိုနဲ့ မိမိတို့က 'ဂျူကွန်း'လှပျိုဖြူလေးဆီကို လမ်းပေါက်နေကြတော့တာပေါ့။















No comments:

Post a Comment