"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Wednesday, June 26, 2019

ကမ ၻာအေၾကာအဆစ္ကုပညာရပ္ညီလာခံ ဂ်နီဗာခရီး (WCPT Congress 2019) - ၁၀


World Confederation for Physical Therapy  Congress 2019 - An unforgettable trip to Geneva (10)


အမြင်ထူးခြား မတူကွဲပြား








မိမိသည် ရာသီဥတုပူနွေးသောမြန်မာနိုင်ငံတွင် မွေးဖွားကြီးပြင်းခဲ့ရသူပီပီ ငယ်စဉ်အခါက အညာဒေသ၏ဆောင်းအအေးလောက်သာခံစားဖူးပြီး မြူနှင်းတွေလောက်သာ မြင်ခဲ့ဖူးပါသည်။

မြန်မာပြည်မြောက်ဖျားအစွန်းဒေသသို့မရောက်ဖူးသဖြင့် ဆီးနှင်းတွေထူထူထဲထဲကျသည်ကိုလည်း မတွေ့ဖူးခဲ့သလို ရေခဲဖုန်းသည့်တောင်ထိပ်များကိုလည်း မမြင်ဖူးခဲ့ပေ။

တစ်နေ့နေ့မှာ ကိုယ့်အမိနိုင်ငံထဲရှိ ယင်းနေရာလေးကို မရောက်ရောက်အောင်သွားကြည့်လိုက်ဦးမည်ဟုဆန္ဒရှိထားသည်။  

သို့ဖြင့် အေးသောနိုင်ငံများသို့ရောက်သွားသောအခါ ဆီးနှင်းကျချိန်မဟုတ်သော်လည်း တောင်ထိပ်များပေါ်တွင် ရေများခဲပြီးကျန်ခဲ့သည်ကို မြင်ဖူးတော့သည်။ တွေ့ဖူးခါစတွင် ထူးဆန်းသလိုခံစားမိ၏။

ကနေဒါနိုင်ငံ ဗဲန်ကူးဗားအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဘရစ်တစ်(ရှ)ကိုလန်ဘီယာတက္ကသိုလ် (University of British Columbia) သို့တက္ကစီဖြင့်သွားရင်း ကားမောင်းသူက ညနေခင်းနေရောင်အောက်မှာ ဖြူလွှလွှအ ရောင်တောက်နေသည့်တောင်များကို လက်ညှိုးထိုးပြလျက် 'ဒီတောင်ထိပ်တွေပေါ်ကရေခဲတွေက တနှစ်ပတ်လုံးကိုရှိနေကြတာပါ' ဟုပြောပါသည်။  

ဂျနီဗာမှာလည်း တောင်ထိပ်ပိုင်းတချို့ တ၀က်မှာ ရေခဲတွေဖုန်းနေသည့်တောင်များကို တွေ့ခဲ့ရသည်။ 

မိမိတည်းခိုသောဟိုတယ်စားသောက်ခန်းမှ အတိုင်းသားမြင်တွေ့နေရသည်။ 

ဟိုတယ်မှ လေဆိပ်သို့ဘတ်စ်ကားစီးသွားသောအခါမှာလည်း ကားပေါ်မှလှမ်းမြင်ရသည်။ 

နောက်တစ်ခုမှာ အခန်းထဲမှအပြင်သို့ထွက်လိုက်သည်နှင့်တပြိုင်နက် အအေးဓာတ်ကို သိသိသာသာခံစားရခြင်းဖြစ်သည်။ လေတိုက်လေ ပိုအေးလေပင်။




          
           နေပူနေပေမယ့် လေတိုက်လွန်းလို့ အနွေးထည်ဇစ်ဆွဲတင်ပြီး ဆံပင်ကို လက်နဲ့ဖိထားပေးရတာ။


ဖင်လန်နိုင်ငံ ဟယ်(လ)စင်ကီမြို့ မှာကြုံခဲ့ဖူးသည်။ 

ဆီးနှင်းတွေကျနေသည့်ရာသီမဟုတ်သော်လည်း အနွေးထည်လေးဝတ်ပြီး နေသာထိုင်သာရှိနေသောညီလာခံခန်းမထဲမှ အပြင်သို့ထွက်လိုက်သောအခါ လေတိုက်သည်နှင့်ကြုံက မျက်နှာကိုရေခဲရေနှင့်ဗြုန်းစားကြီးအပက်ခံလိုက်ရသည့်အလား အလန့်တကြားအေးစိမ့်သွားတော့သည်။ တစ်ကိုယ်လုံး ခိုက်ခိုက်ပင်တုန်သွားသည်။

မိုများရွာလိုက်လို့ကတော့ ပိုဆိုးတော့၏။






No comments:

Post a Comment