"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, June 22, 2019

ရာသီအပူနှင့်ကင်ပွန်းချဉ်ဟင်းချို




                

အိမ်ရှင်မ၏လက်ရာ ကင်ပွန်းချဉ်ဟင်းချို


ယခုတလော စင်ကာပူတွင် ရာသီဥတုပူသည်။

လမ်းထွက်မှ ပူသည်မဟုတ်။
အိမ်ထဲမှာနေရင်းလည်း ပူအိုက်သည်။
အပြင်ထွက်သောအခါ ပိုဆိုး၏။

ဆေးရုံတွင် အခါတိုင်းအလုပ်လုပ်နေတုန်းက ပူသည်ဟုထူးထူးခြားခြားမခံစားမိပေ။

ယခုအခါ ဘတ်စ်ကားမှတ်တိုင်မှ ဆေးရုံအထဲသို့ ပုံမှန်လမ်းလျောက်သွားရုံဖြင့် ချွေးစို့ကာပူအိုက်လာသည်။
၇ မိနစ် ၈ မိနစ်ခန့် လမ်းလျောက်လာရုံဖြင့် မျက်နှာကိုချွေးသုတ်ရတော့ပြီ။

သို့သော် ဌာနတွင် လေအေးစက်ကြောင့် ခံသာသေး၏။

လူနာဆောင်များတွင် လေအေးစက်မရှိပဲ ပန်ကာများသာရှိသဖြင့် လူနာကြည့်ရင်း စမ်းသပ်ရင်း သိသိသာသာကြီးအိုက်လာသည်။

မျက်နှာသာမဟုတ်ပဲ တစ်ကိုယ်လုံးချွေးများထွက်လာတတ်သည်။

လမ်းမှာ အလုပ်မှာ ဓာတ်လှေကားထဲမှာ လူတွေနှင့်တွေ့က 'ပူတယ်နော်' 'ရာသီဥတုက ပူလိုက်တာ' ဟု မှတ်ချက်ပြုနှုတ်ဆက်ကြသည်။

သို့ဖြစ်ရာ အိမ်ရှင်မက အခုရက်ပိုင်း ကင်ပွန်းချဉ်ဟင်းချိုလေးချက်သဖြင့် အခါတိုင်းထက် ပို၍သောက်ကောင်းသည်။ သောက်လိုက်သည်နှင့် ရင်ထဲမှာ သိသိသာသာအေးဆင်းသွားတော့သည်။ 

ထိုကြောင့် ကင်ပွန်းချဉ်၏ဆေးဘက်ဝင်အာဟာရတန်ဖိုးကို တန်ဖိုးထားမိ၏။

မြန်မာ့ဆေးစွမ်းအကြောင်းဆောင်းပါးတစ်ပုဒ်တွင် အောက်ပါအတိုင်းရေးထားသည်။

ပူပြင်းခြောက်သွေ့သောနွေကာလနှင့်လိုက်ဖက်သော အစာလည်းဆေး၊ ဆေးလည်းအစာတစ်မျိုးမှာ ကင်ပွန်းချဉ်ဖြစ်သည်တဲ့။









No comments:

Post a Comment