"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, June 15, 2019

မြန်မာနိုင်ငံအကြောအဆစ်ကုပညာရှင်အသင်း WCPT ကမ္ဘာ့အသင်းဝင်ဖြစ်ပြီ

သတင်းဆောင်းပါး



MPAဥက္ကဋ္ဌဦးတင်လှိုင်စိုးနှင့် WCPT VicePresident ဒေါက်တာမားဂေါ့စကင်နာ၊ ဂျနီဗာ။


မြန်မာနိုင်ငံအကြောအဆစ်ကုပညာရှင်အသင်း (Myanmar Physiotherapy Association - MPA) သည် ၂၀၁၃ ခုနှစ် သြဂုတ်လတွင် နိုင်ငံတော်အစိုးရမှတရားဝင်အသိအမှတ်ပြုခဲ့သောပညာရှင်အသင်းဖြစ်လာခဲ့သည်။ 

ထိုအချိန်မှစပြီး မြန်မာနိုင်ငံအကြောအဆစ်ကုပ ညာရှင်အသင်းသည် ဒုတိယလုပ်ငန်းစဉ်ကြီးဖြစ်သော အသင်းကြီး၏ကောင်စီဥပဒေကြမ်း (Physiotherapy Council Law [Draft]) ရေးဆွဲရေးကို အားသွန်ခွန်စိုက်ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံအကြောအဆစ်ကုပညာရှင်အသင်းကောင်စီဥပဒေကြမ်းကို ကျန်းမာရေးဝန်ကြီးရုံးသို့တင်သွင်းခဲ့ပါသည်။ 

တစ်ချိန်တည်းမှာ လန်ဒန်တွင်အခြေစိုက်သော ကမ္ဘာ့အကြောအဆစ်ကုပညာရှင်အသင်း ကြီး (World Confederation for Physical Therapy - WCPT) နှင့်ဆက်သွယ်ကာ အသင်းဝင် ဖြစ်လာရေးအတွက် လိုအပ်သောပြင်ဆင်မှုများကို WCPT၏လမ်းညွှန်ချက်များအရ ဆောင်ရွက်ခဲ့သည်။ 

WCPT၏အမှုဆောင်အဖွဲ့ဝင်ဖြစ်သူ‘ဒေါက်တာမားဂေါ့စကင်နာ’ကိုယ်တိုင် မြန်မာပြည်သို့လာရောက်လျက် မြန်မာနိုင်ငံအကြောအဆစ်ကုပညာရှင်အသင်းကို လိုအပ်သောလမ်းညွှန်မှုပေးခြင်းနှင့် WCPTအသင်းဝင်ဖြစ် မြောက်ရေးအတွက် အကူအညီပေးခြင်းများပြုလုပ်ပေးခဲ့သည်။


၂၀၁၇ ခုနှစ်က တောင်အာဖရိကနိုင်ငံ ကိတ်(ပ)တောင်းမြို့ တွင်ပြုလုပ်ခဲ့သော အကြောအဆစ်ကုပညာရပ်ဆိုင်ရာကမ္ဘာ့ညီလာခံကြီးက မြန်မာနိုင်ငံအကြောအဆစ်ကုပညာရှင်အသင်းကိုယာယီအသင်းဝင် (Provisional member)အဖြစ်အသိအမှတ်ပြုခဲ့သည်။

ယင်းညီ လာခံတွင်စာရေးသူသည်မြန်မာနိုင်ငံအကြောအဆစ်ကုပညာရှင်အသင်းမှဒုဥက္ကဋ္ဌဦးတင်လှိုင်စိုးနှင့်အတူ ဒေါက်တာမားဂေါ့စကင်နာကိုတွေ့ဆုံလျက် တင်းပြည့်အသင်းဝင်ဖြစ်ရေး အတွက် လိုအပ်ချက်များနှင့်လမ်းညွှန်မှုများ ရယူဆွေးနွေးခဲ့ပါသည်။  

ပြီးခဲ့သောမေလက ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့ တွင် ကျင်းပခဲ့သောWCPT Congress က မြန်မာနိုင်ငံအကြောအဆစ်ကုပညာရှင်အသင်းကို တင်းပြည့်အသင်းဝင် (Full member) အဖြစ်အသိအမှတ်ပြုခဲ့သည်။ 

WCPT Press Release အရ ကမ္ဘာ့အ ကြောအဆစ်ကုပညာရှင်အသင်းကြီးတွင် အကြောအဆစ်ကုပညာရှင်အသင်းသားပေါင်း ၄၅၀,၀၀၀ ဦးရှိပြီး အသင်းဝင်နိုင်ငံပေါင်း ၁၁၀ ကျော်ရှိကြောင်းသိရှိရပါသည်။ 

ကမ္ဘာ့အကြောအဆစ်ကုပညာရှင်အသင်းကြီးက MPA ကို အကြောအဆစ်ကုပညာရပ်ဆိုင်ရာမူဝါဒများ၊ ပညာရပ်အဆင့်မြင့်မားရေးနှင့် ပညာရေးဖွံ့ဖြိုးမှု အစရှိသည်များကို  ကူညီပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်သည်။

သို့ဖြစ်ရာမြန်မာနိုင်ငံ၏ကျန်းမာရေးစီမံဆောင်ရွက်မှုများတွင် အကြောအဆစ်ကုပညာရှင်များသည် ယခုထက်ပိုမိုထိရောက်အဆင့်မြင့်စွာ ၀န်ဆောင်မှုပေးနိုင်တော့မည်ဖြစ်သည်။

မြန်မာနိုင်ငံအကြောအဆစ်ကုပညာရှင်အသင်းတို့ကိုကိုယ်စားပြုလျက် MPA ဥက္ကဋ္ဌ ဦးတင်လှိုင်စိုးက မြန်မာဝတ်စုံဝတ်ပြီး မြန်မာနိုင်ငံတော်၏အလံကို ပေးအပ်နိုင်ခဲ့သည်မှာ အားလုံးဝမ်းမြောက်ဂုဏ်ယူစရာကြီး ဖြစ်ခဲ့ပါသည်။ 



"World Confederation for Physical Therapy  (WCPT) granted Myanmar Physiotherapy Association (MPA) full membership"

Two years ago in Cape Town, South Africa, WCPT Executive Board granted MPA provisional membership. Since then executive committee members of MPA had made necessary preparations to meet the requirements of WCPT and to become a full-fledged member. 

WCPT General Meeting which took place on 8 and 9 May at the Starling Hotel in Geneva, Switzerland, granted MPA full member. 

During general meeting U Tin Hlaing Soe, who is a newly elected President of MPA, presented Myanmar national flag to WCPT President Dr Emma Stoke (Physical Therapist). 

Now Myanmar physiotherapists become members of WCPT through membership of their national association MPA. 

WCPT will help MPA establish policy and standards, develop education programmes and regulate the Physiotherapy profession in Myanmar.

According to WCPT Press Release, dated 10 May 2019, WCPT represents more than 450,000 physical therapists (also known as physiotherapist) through its 109 member organisations, and it is the international voice for physical therapy. 
Reported by Tin Maung Aye (Kanbalu) 



No comments:

Post a Comment