"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Wednesday, June 12, 2019

ဥာဏ်ရည်မသန်စွမ်းသူများနှင်အကြောအဆစ်ကုပညာရပ်






ယခုနှစ်ဧပြီလဆန်းပိုင်းလောက်ကဖြစ်သည်။

မိမိအလုပ်လုပ်နေသောဆေးရုံ၏အကြောအဆစ်ကုဌာနမှဌာနမှူးက သူ့ဌာနရှိအကြောအဆစ်ကုပညာရှင်များ (Physiotherapist) နှင့် အကြောအဆစ်ကုလက်ထောက်များ (Therapist Assistant) အတွက် One hour lecture ပေးနိုင်မလားဟု မိမိအား မေးလာခဲ့သည်။

မိမိက လိုလိုချင်ချင်ပင် လုပ်ပေးနိုင်ကြောင်းပြောလိုက်၏။ သို့သော် ဧပြီလထဲမှာ မြန်မာပြည်သို့နှစ်သစ်ကူးသင်္ကြန်သွားရန်ရှိသဖြင့် ပြန်လာမှလုပ်ပေးမည်ဟုပြောပြရာ သူကအဆင်ပြေကြောင်းပြောပါသည်။

ထိုနောက်မှာ မိမိကလည်း မေလဆန်းတွင် ကမ္ဘာ့အကြောအဆစ်ကုညီလာခံသွားတက်ရန်ရှိသည်ကတကြောင်း၊ သူကလည်း ဇနီး၏အဘိုးအသည်းအသန်နေမကောင်းသဖြင့် အိန္ဒိယနိုင်ငံသို့အရေးပေါ်သွားရန်ကိစ္စ ရှိလာရှိသည်ကတကြောင်းတို့ကြောင့် မေလတွင်လည်းမလုပ်နိုင်ခဲ့ပေ။ 

သို့နှင့် ယနေ့မှလုပ်ဖြစ်တော့၏။

ခေါင်းစဉ်ကို The Role of Physiotherapist in Special Education School (MINDS) ဟု မိမိ ပေးလိုက်သည်။ အထူးပညာရေးကျောင်းများရှိ ဥာဏ်ရည်မသန်စွမ်းသူများကို အကြောအဆစ်ဆိုင်ရာစမ်းသပ်ကုသမှုများမည်သို့ပေးကြောင်း (Physiotherapy assessment, treatment approaches and techniques) ကို အဓိကပြောစေချင်သည်။ သူ့ဌာနရှိအကြောအဆစ်ကုပညာရှင်များနှင့်အကြောအဆစ်ကုလက်ထောက်များ လေ့လာရှိမှတ်သားနိုင်စေရန်ဖြစ်သည်။

မိမိသည် ဆေးရုံတွင် မနက်ခင်းတစ်ပိုင်း (၄ နာရီ) သာ အချိန်ပိုင်းအလုပ်လုပ်ရာ ပညာမျှဝေပို့ချမှုက ညနေပိုင်းဖြစ်နေသဖြင့် ဒီနေ့မှာ မနက်ပိုင်းအစား ညနေပိုင်းတွင်အလုပ်လာလုပ်ရန် စီစဉ်ပေးပါသည်။ မျှဝေမှုပြီးသည်နှင့် အလုပ်ဆက်လုပ်ရမည်ဖြစ်သည်။

ပို့ချမှုမစတင်မီ အကြောအဆစ်ကုဌာနမှဌာနမှူး (Head of Department - HOD) မစ္စတာစူမန့်က မိမိသည် MINDS တွင် ၂၆ နှစ်ကြာအလုပ်လုပ်ခဲ့သည့် HOD ဖြစ်ကြောင်း၊ အလုပ်မှအနားယူပြီး ယခုဆေးရုံမှာ အချိန်ပိုင်းလာလုပ်နေရာ ယခုပြောဟောပို့ချမှုလေးလုပ်ပေးရန် သူကမေတ္ထာရပ်ခံခဲ့ကြောင်း၊ လက်ခံသည့်အတွက် ကျေးဇူးတင်ကြောင်း မိတ်ဆက်ပေးပါသည်။

ထိုနောက် မိမိ၏ပြောဟောပို့ချခြင်းကို စတင်ခဲ့သည်။


        



ပထမဦးဆုံး မိမိတို့အဖွဲ့အစည်းဖြစ်သော MINDS အကြောင်း အကျဉ်းမိတ်ဆက်ပြောပြသည်။

နောက်ပြီး
- ၀န်ဆောင်မှုအမျိုးမျိုးနှင့် ၀န်ဆောင်မှုပေးနေသောဌာနများ၊
- အကြောအဆစ်ကုပညာရှင်အပါအ၀င် ပညာရှင်အဖွဲ့များ (Allied Health Professional Hub/Committee)၊ - ၁၉၉၀ ခုနှစ်မှာ အထူးပညာရေးကျောင်း ၄ ကျောင်းတွင် မိမိ စတင်အလုပ်လုပ်ခဲ့ကြောင်း၊
- ကျောင်းသူကျောင်းသားများတွင်တွေ့ရတတ်သော ရုပ်ပိုင်းမသန်စွမ်းဖြစ်မှုများ (physical disabilities)
- ယင်းတို့နှင့်သက်ဆိုင် မိမိ၏သုတေသနပြုလေ့လာခြင်းနှင့်တွေ့ရှိချက်များ
- ရုပ်ပိုင်းမသန်စွမ်းဖြစ်မှုများကို မည်သို့စမ်သပ်စစ်ဆေးကာ မည်သည့်ကုသနည်းများဖြင့် ကုသပေးခဲ့ကြောင်း (ဓာတ်ပုံများဖြင့် ရှင်းပြခြင်း)
- ဆရာဆရာမများနှင့် မိဘများကို ပညာပေးဆွေးနွေးခဲ့ခြင်းများ

အစရှိသည်တို့ကို အကျယ်တ၀င့်ပြောပြလျက် တက်ရောက်ကြသူများ၏မေးခွန်များကို ဖြေကြားဆွေးနွေးခြင်းများပြုလုပ်ခဲ့သည်။




  





ဆက်ရေးပါဦးမည်။





No comments:

Post a Comment