"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, June 23, 2019

အအေးခံ ကားတစ်ပတ်စီးခြင်း






ယခင်အလုပ်လုပ်နေစဉ်တုန်းက မိမိအလုပ်သွားလုပ်နေချိန်တွင် အိပ်မှာတစ်ဦးထဲရှိရှိနေတတ်သောဇနီးသည်နှင့်အတူ စနေ တနင်္ဂနွေနှင့်အခြားအစိုးရရုံးပိတ်ရက်အချို့ မှာ အပြင်ထွက်လေ့ရှိကြသည်။

အိမ်တွင်းအောင်းအိမ်ရှင်မကြီးအတွက် စိတ်ပြေလက်ပျောက် အညောင်းအညာပြေခရီးပါပေ။

များသောအားဖြင့် မိမိတို့နေရာအရပ်ဒေသမှ တစ်နာရီနီးပါးဘတ်စ်ကားစီးရသောနေရာများသို့ သွားကြခြင်းဖြစ်သည်။


ဘတ်စ်ကားပေါ်မှာအငြိမ့်သား



အလုပ်ပိတ်ရက်ဖြစ်သဖြင့် ခရီးသည်သိပ်မများလှပဲ ဘတ်စ်ကားစီးရချောင်သည်။ အပေါ်ထပ်ရှေ့ နားကခုံမှာစီးလျက် တောင်ငေးမြောက်ငေးကြည့်ရင်း စကားတွေပြောဖြစ်ကြသည်။

အမှတ် ၉၇ ဘတ်စ်ကား သို့မဟုတ် အမှတ် ၅၀၂ အမြန်ကားစီးပြီး စင်ကာပူမြို့ လည်က  Suntec City ကိုသွားသည်။ အရောင်းပြခန်းတွေ ပညာရပ်ဆိုင်ရာဆွေးနွေးပွဲတွေ ကြည့်သည်။ နေ့လည်စာစာသောက်သည်။

သို့မဟုတ်က အမှတ် ၁၉၇ ဘတ်စ်ကားစီးပြီး မြန်မာရွာကြီးရှိရာ ပင်နင်းစူးလားပလာဇာကုန်တိုက်သို့သွားပြီး မြန်မာစာစားကြသည်။ မြန်မာချက်ပြုတ်စရာတွေ ၀ယ်ကြသည်။

ဝယ်စရာထွေထွေထူးထူးမရှိလည်း ဟိုဆိုင်ဒီဆိုင်တွေကို အလကားမတ်တင်း ၀င်ကြည့်ကြသေး၏။




Dry weather has turned grass brown by a road in Singapore.



















Some leaves on plants in a park turned brown after a dry February 2019.


ယခုနှစ်မှာတော့ စင်ကာပူမှာ ရာသီဥ တု ပူအိုက်လာတာများသဖြင့် ဘတ်စ်ကားစီးနည်းတစ်မျိုး တိုးလာတော့သည်။

အရပ်ထဲက ဂျူရောင်းဝက်စ်ဈေးမှာဖြစ်ဖြစ်၊ ဂျူရောင်းအိစ်က Jem နဲ့ West Gate ကုန်တိုက်ကြီးများမှာဖြစ်ဖြစ် တစ်ပတ်စာချက်စရာတွေ ၀ယ်ပြီးသောအခါ ဘတ်စ်ကားမှတ်တိုင် ဒါမှမဟုတ် ဘတ်စ်ကားဂိတ် (Bus terminal) မှာရပ်နေကြရင်းက တစ်ဦးမျက်နှာကိုတစ်ဦးကြည့်မိတတ်ကြ၏။

ဒါဆို နှစ်ဦးသား သဘောပေါက်ကြပေပြီ။

' ဒီနေ့ပူအိုက်တယ်။ အအေးခံရင်း ကားတစ်ပတ်စီးကြရအောင် ' ဆိုတာရယ်ပါ။

ဂျူရောင်းဝက်စ်ဈေးကနေ ဘတ်စ်ကား ၂ မှတ်တိုင်စီးပြီးအိမ်ပြန်ရောက်နိုင်တာကို မစီးပဲ မှတ်တိုင် ၂၀ ကျော် လောက် ဘတ်စ်ကား ၂ ဆင့် (၄၉ ၊ ၃၃၄) စီးရသောခရီးကို ပြောင်းပြန်စီးတတ်ကြသည်။

တစ်နာရီနီးပါးစီးပြီး အိမ်ရောက်တော့၏။ ကားထဲတွင် မအေးပဲဘယ်မှာရှိပါအံ့နည်း။

ဂျူရောင်းအိစ်က Jem နဲ့ West Gate ကုန်တိုက်ကြီးများမှာဈေးဝယ်ဖြစ်သောနေ့တွင် မှတ်တိုင် ၁၅ ခုလောက်နှင့်အိမ်ပြန်ရောက်မည့် ဘတ်စ်ကား (၃၃၄) ကိုမစီးပဲ မှတ်တိုင် ၂၀ ကျော်ခန့်စီးရသောဘတ်စ်ကား (၄၉ ) ကို အအေးခံသက်သက်ပတ်စီးကြပြန်သည်။

ဘတ်စ်ကားပေါ်မှာ အအေးဇိမ်ခံပြီးနောက် အိမ်သို့ပြန်ရောက်ကြတော့၏။

ဟုတ်ကဲ့။

အအေးခံ ကားတစ်ပတ်စီးခြင်းဆိုတာ ဒါပါပဲဗျ။




No comments:

Post a Comment