စာတွေရေးရေးပြီး စင်ကာပူကနေ သတင်းစာတိုက်များသို့ အပို့များသည်။
အီးမေးမှတဆင့်ပို့ရသည်။
အချို့ သောသတင်းစာတိုက်များသည် စာမူပို့လိုက်ပြီးသည်နှင့် မိမိ၏စာမူရရှိကြောင်းနှင့်ကျေးဇူးတင်ကြောင်း စက္ကန့်ပိုင်းအတွင်း အောက်ပါအတိုင်း အကြောင်းပြန်ကြားလေ့ရှိသည်။
စာမူဖော်ပြပေးခြင်းရှိမရှိသိရန် သတင်းစာများကို စောင့်ဖတ်ရသည်။
မြ၀တီသတင်းစာတွင်ပါရှိခဲ့သော ဆောင်းပါးအချို့ 
အမှန်မူ စာမူပို့ထားသည်ဖြစ်စေ မပို့ထားသည်ဖြစ်စေ သတင်းစာများကိုတော့ ဖတ်ဖြစ်နေသည်က များပါသည်။
မိမိသည် ဆေးဘက်ပညာသိပ္ပံကျောင်းသားဘ၀ဖြင့် ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်တွင် ပညာသင်ကြားနေစဉ်အခါက မိမိတိုဆေးဘက်ပညာသိပ္ပံကျောင်းသားများနေသောရွှေဘိုဆောင်ရှိနားနေဆောင်တွင် ညနေတိုင်း သတင်းစာဖတ်ဖြစ်ခဲ့သည်။
ကျောင်းပိတ်သော တနင်္ဂနွေရက်တွင် လှည်းတန်းဈေးသို့လက်ဘက်ရည်သောက်သွားရင်း အ၀ိုင်းကြီးအနီးရှိ 'မြင့်စာပေ'ဆိုင်တွင် အင်္ဂလိပ်သတင်းစာသွားဝယ်တတ်ပါသည်။ အဆောင်ကိုပြန်ရောက်သောအခါ အဘိဓာန်တစ်အုပ်ဖြင့် ဖတ်ရသည်။ သတင်းသိဖို့ထက် အင်္ဂလိပ်စာလေ့လာရန်အဓိကဖြစ်သည်။
ပြောချင်သည်မှာ မိမိသည်
သတင်းစာကြိုက်သူ၊
သတင်းစာနှင့်ရင်နှီးသူ၊
သတင်းစာဖတ်သူမှ သတင်းစာတွင် ဆောင်းပါးရေးသူဖြစ်လာခဲ့သည်ဟူ၍။
စောစောကအထက်တွင်ရေးခဲ့သော သတင်းစာပါ မိမိ၏စာများအကြောင်းဆက်ပြောပါမည်။
ယခုတစ်ခါတော့ စာမူခကိစ္စ။
ကြေးမုံနှင့်မြန်မာ့အလင်းသတင်းစာတိုက် ၂ တိုက်မှလွဲပြီး မြ၀တီသတင်းစာတိုက်၊ စောင့်ကြည့်သတင်းဂျာနယ်နှင့် ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းတို့မှ စာမူခများရခဲ့ပါသည်။
ကြေမုံနှင့်မြန်မာ့အလင်းတွင် စာမူမများလှသည်ကတစ်ကြောင်း၊ ရန်ကုန်တွင်အချိန်မရသဖြင့်လည်းကောင်း စာမူခသွားမတောင်းတော့ပါ။ စောင့်ကြည့်သတင်းဂျာနယ်နှင့်ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းတို့မှစာမူခများကိုမူ ၂၀၁၈ နှစ်ဦးပိုင်းမှာ ရန်ကုန်ရောက်စဉ်က ရခဲ့ပါသည်။
မြ၀တီမှ ဆောင်းပါး ၁၅ ပုဒ်အတွက်စာမူခများကို ရန်ကုန်ရှိတူမဖြစ်သူက ယခုနှစ်ဧပြီလမှာ မိမိမြန်မာပြည်သို့မပြန်မီကပင် ကြိုတင်တောင်းထားပေးခဲ့ပြီး အောက်ပါအတိုင်းအကြောင်းကြားခဲ့ပါသည်။
မြန်မာပြည်ကိုပြန်ရောက်တုန်း လက်ဘက်ရည်ဖိုးလေးတော့ရခဲ့ပါ၏။
ဆက်ရေးပါဦးမည်။

ဦးရေ စာမူက ၁၅ပုဒ်စာ ၇၅၀၀၀ကျပ်ရပြီး ဘယ်ကိုလွဲပေးရမလဲ
မြန်မာပြည်ကိုပြန်ရောက်တုန်း လက်ဘက်ရည်ဖိုးလေးတော့ရခဲ့ပါ၏။
ဆက်ရေးပါဦးမည်။
No comments:
Post a Comment