"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Thursday, June 13, 2019

စာအုပ်လက်ဆောင်



မြန်မာပြည်မှပြန်လာသော ဆရာကြီးဦးချစ်သန်း၏မြေးယုနန္ဒာဝင်းသည် ပြီးခဲ့သောတစ်ပတ်ကျော်တုန်းက မိမိကို ဖုန်းဆက်လာသည်။

ဆရာကြီးက မိမိအတွက် စာအုပ် ၂ အုပ် လက်ဆောင်ပေးလိုက်သဖြင့် လာပေးမည့်အကြောင်းပြောပါသည်။ 


  





ပြီးခဲ့သော စနေနေ့က အိမ်ကိုလာပြီး စာအုပ်များလာပေးသည်။

နောက်ပြီး "ဒီမှာ အမျိုးဆိုလို့ ဆရာကြီးတို့ပဲရှိတာ" ဆိုပြီး မိမိတို့အားကန်တော့သွားသည်။

မိမိတို့က ကျန်းမာရေး၊ အလုပ်အကိုင်၊ အိမ်ထောင်ရေးတို့နှင့်ပတ်သက်ပြီး ဆုံးမစကားများနှင့်ဆုများပေးဖြစ်သည်။

ဆရာကြီး၏စာအုပ်များကို ဖတ်ကြည့်ပြီး ဆရာကြီးအား ကျေးဇူးတင်အမှတ်ရမိသည်။

အသက် ၉၀ ကျော်ရှိပြီဖြစ်သော်လည်း ကျန်းကျန်းမာမာ သွားသွားလာလာဖြင့် အကျိုးပြုစာများအဆက်မပြတ်ရေးသားလျက်ရှိသောဆရာကြီးအား လေးစားအားကျမိသည်။

ဆရာကြီး ယခုထက်ကျန်းမာအသက်ရှည်ပြီး ဘာသာရေးနှင့်စာပေအနုပညာဆိုင်များစာများ ဆက်လက်ရေးသားပြုစုနိုင်စေရန် ဆုတောင်းပေးပါသည်။







No comments:

Post a Comment