"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Friday, June 14, 2019

ရေးဖြစ်တဲ့စာများ (၁)



အလုပ်မှအနားယူပြီးနောက်
မိမိအလုပ်ချင်ဆုံးနှင့်
စိတ်အားအပြင်းပြဆုံးဆန္ဒမှာ
စာဖတ် စာရေးလိုခြင်းဖြစ်သည်။






  


 

(183 Comments နှင့် 6.4K Shares) 
မြ၀တီသတင်းစာ၏၀က်ဆိုက်တွင် တုန့်ပြန်မှုအများဆုံးရရှိခဲ့သော မိမိ၏ဆောင်းပါးတစ်ပုဒ်။




သို့ဖြစ်ရာ၊
အလုပ်မှအနားယူပြီးနောက် မိမိအနေဖြင့် စာတွေပိုရေးဖြစ်လာခဲ့သည်။

ဖေ့စ်ဘွတ်မှာ အချိန်အတော်ကြာကြာ ရေးဖြစ်ခဲ့သည်။

ဒီနောက်မှာ ဖေ့စ်ဘွတ်မှာ အရေးရပ်တဲ့ပြီး သတင်းစာဖက်ကိုလှည့်ရေးဖြစ်ပြန်သည်။

ကြေးမုံမှာ ရေးသည်။
မြန်မာ့အလင်းမှာ ရေးသည်။
မြ၀တီမှာ ရေးသည်။ အရေးအများဆုံးနှင့် ဖော်ပြပေးခြင်းအများဆုံးသတင်းစာဖြစ်သည်။

နောက်ပြီးတော့ News Watch ဂျာနယ်မှာလည်း ရေးဖြစ်လိုက်သေးသည်။

မဂ္ဂဇင်းအနေနဲ့က ရုပ်ရှင်တေးကဗျာမှာပဲ တစ်ပုဒ်ရေးဖြစ်သည်။    
ရေးဖြစ်သောစာများကို ပြန်ကြည့်ပြီး မိမိ အားရသည်။
ကျေနပ်သည်။
ပီတိဖြစ်သည်။
စာရေးရကျိုးနပ်သည်ဟု ခံစားမိသည်။
နောက်ထပ်ခွန်အားအသစ်များလည်း ရရှိခဲ့ပါသည်။

တစ်ချိန်တည်းမှာ မိမိ၏အောက်ဖော်ပြပါဆာင်းပါးများကို ကျယ်ပြန့်သောစာဖတ်ပရိသတ်ကြီးအတွက် ရွေး          ခြယ်  ဖော်ပြပေးခဲ့ကြသော အယ်ဒီတာများ၊ သတင်းစာများ၊ ဂျာနယ်နှင့်မဂ္ဂဇင်းတို့ကို အထူးကျေးဇူးတင်ရှိ         ကြောင်းပြောလိုပါသည်။





















၁။ အလွန်အခံရခက်သော မြီးညောင်းရိုးနာ (၂၀၁၇)
၂။ ခြေဖနောင့်နာခြင်း (၂၀၁၇)
၃။ အသက်ကြီးသူများ ချော်လဲကျခြင်းမှ ကာကွယ်ပေးမည့်လေ့ကျင့်ခန်းများ (၂၀၁၇)
၎။ ဒူးနာသူများဆောင်ရန် ရှောင်ရန် (၂၀၁၇)
၅။ အသက်ကြီးသူများသတိထား၊ ချော်လဲကျရင် အရိုးကျိုးမယ် (၂၀၁၇)
၆။ လေဖြတ်ခြင်းနှင့်ပြန်လည်လေ့ကျင့်ကုသပေးရေး (၂၀၁၇)
၇။ ကျမက Physiotherapist ပါမောင် (၂၀၁၇)
၈။ ကမ္ဘာသိကျော်ကြားခဲ့သော မြန်မာ့ဂုဏ်ဆောင်အရိုးခွဲစိတ်ကုဆရာဝန်ကြီး (၂၀၁၇)
၉ ။ အသက်ကြီးသူများသတိထား၊ ဆိုးဆိုးဆတ်ဆတ်လုပ်ရင် အကြောမျက်မယ် (၂၀၁၈)
၁၀။ ပြုံး ရယ် မလှတော့ပါ (၂၀၁၈)
၁၁။ ခြေထောက်အလှ ပျက်ရုံမက (၂၀၁၈)
၁၂။ ထိလွယ်ခိုက်လွယ် လက်ချောင်းလေးများ (၂၀၁၈) 
၁၃။ လေဖြတ်ခြင်းနှင့်ပြန်လည်လေ့ကျင့်ကုသပေးရေး (၁၇၊၁၂၊၁၇)
၁၄။ လက်မောင်းကိုက်ပြီး ပခုံးဆစ်ကပ်ခြင်း (၂၀၁၈)
၁၅။ အားကစားထိခိုက်အနာတရဖြစ်မှု သတိပြု (၂၀၁၈)
၁၆။ လက်ပြင်ငုပ် လက်ပြင်အောင့်ခြင်း (၂၀၁၈)
၁၇။ ခါးနာခြင်းနှင့်အမှတ်မှားသောအယူအဆများ (၂၀၁၈)
၁၈။ အသက်ကြီးသူများ အကြောမျက်ခြင်း (၂၀၁၈)
၁၉ ။ ပါးချိတ်ရိုးဆစ်နာခြင်း (၂၀၁၈)
၂၀။ ခြေသပွတ်တိုင်လည်ခြင်း (၂၀၁၈)
၂၁။ ကလေးသူငယ်နှင့်ဇက်စောင်းခြင်း (၂၀၁၈)
၂၂။ အသက်ကြီးသူများ လက်ကောက်ဝတ်ရိုးကျိုးခြင်း (၂၀၁၈)
၂၃။ အပူလောင်ပြီးနောက် အကြောအဆစ်ကာကွယ်ကုသရေး (၂၀၁၉)
၂၄။ လက်နှင့်လက်ချောင်းလေးများ ထုံကျဉ်ကိုက်ခဲခြင်း (၂၀၁၉)
























ဆက်ရေးပါဦးမည်။



No comments:

Post a Comment