"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, October 7, 2023

စပ်မိစပ်ရာများ (၆) - ဒူးနာခြင်းနှင့်လှုပ်ရှားလေ့ကျင့်ကုသမှု - ၁

 



ဒီကနေ့မှာ ရုပ်သံအစီအစဉ်တခုက "ဒူးနာခြင်းအကြောင်း သိကောင်းစရာများ" ဆိုပြီး ကျန်းမာ

ရေးပညာပေးအစီအစဉ်လေးကို ကြည့်ရှုလိုက်ရပါတယ်။

ဟောပြောပညာပေးသူက အငြိမ်းစားပါမောက္ခ အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာဦး

ကျော်မြင့်နိုင်ပါ။

ဒူးနာတာနဲ့ပတ်သက်ပြီး OA လို့ခေါ်တဲ့ Osteoarthritis အမျိုးအစားအကြောင်းကို အဓိကပြော

သွားပါတယ်။ အခြားဒူးနာခြင်းအမျိုးမျိုးအကြောင်းကိုလဲ အနည်းအပါးထည့်ပြောပါသေးတယ်။


မိမိက အကြောအဆစ်ကုပညာရှင်(Physiotherapist) ဖြစ်လို့မို့ ဒူးနာခြင်းအကြောင်းထက် ဒူးနာ

တာနဲ့ပတ်သက်ပြီး ကာကွယ်မှု၊ကုသမှုတွေပေးတဲ့နေရာမှာ အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီးတ

ဦးက အကြောအဆစ်ဆိုင်ရာလှုပ်ရှားလေ့ကျင့်ကုသမှု(Therapeutic exercise)ကို ဘယ်လောက်

အထိအလေးထားသလဲ လူနာတွေကိုဘယ်လိုတွေမှာတတ် ပြောပြတတ် လမ်းညွှန်တတ်သလဲ

ဆိုတာကို ပိုပြီးစိတ်ဝင်စားတာရယ် ပိုပြီးသိချင်တာရယ်ပါ။














ဘာကြောင့်လဲဆိုတော့ OA ဆိုတဲ့ဒူးနာခြင်းအမျိုးအစားမှာ အကြောအဆစ်ဆိုင်ရာလှုပ်ရှားလေ့

ကျင့်ကုသမှုသည် မပါမဖြစ် မလုပ်မဖြစ်ကို အရေးကြီးနေတာကြောင့်ဖြစ်ပါတယ်။ ဘယ်လောက်

ပဲကောင်းမွန်သည့် ဆေးအမျိုးအစားတွေ (စားဆေး၊ လိမ်းဆေး၊ ထိုးဆေး) ပေးပေး၊ အောင်မြင်

သည့်ခွဲစိတ်မှုမျိုးလုပ်ထားထား လူနာအနေနဲ့ ထိရောက်တဲ့အကြောအဆစ်ဆိုင်ရာလှုပ်ရှားလေ့

ကျင့်ကုသမှုတွေ မလုပ်ဘူးဆိုရင် တကယ်တမ်းသက်သာပျောက်ကင်းဖို့ အလှမ်းဝေးနေမှာသေ

ချာပါတယ်။














ဒါဖြင့် OA အမျိုးအစားဒူးနာခြင်းဆိုတာ ဘာပါလဲ။

OA အမျိုးအစားဒူးနာခြင်းသည် အဆစ်ရဲ့ အတွင်းမှာရှိတဲ့ အရိုးနုလေးတွေ၊အရွတ်တွေ တဖြည်း

ဖြည်းချင်းပွတ်တိုက်ပျက်စီးလာရာကနေ ကြာတော့ ဒူးဆစ်၏မူလပုံမှန်အနေအထားကိုပါပြောင်း

လဲသွားတာမျိုး (change in structure) ဖြစ်သွားတော့တာ။ 









 ဒေါက်တာဦးကျော်မြင့်နိုင်က ဒူးနာခြင်း၏ဖြစ်နိုင်ခြေအကြောင်းများကို မျိုးရိုးဗီဇ၊ ရောဂါအမျိုး

မျိုး၊ ခန္ဓာကိုယ်အ၀လွန်ခြင်းစတာတွေကိုပြောသွားသလို ကုသမှုနဲ့ပတ်သက်လို့လဲ သမရိုးကျနဲ့

ခေတ်ပေါ်နောက်ဆုံးဆေးဝါးတွေ၊ ခွဲစိတ်ကုသမှု၊ အစားအသောက်(diet)နဲ့ ဘ၀နေမှုပုံစံပြုပြင်

ပြောင်းလဲခြင်း(lifestyle changes)၊ ကိုယ်လက်လှုပ်ရှားမှုနဲ့ အကြောအဆစ်ဆိုင်ရာလှုပ်ရှားလေ့

ကျင့်ကုသမှုတွေအကြောင်းကို တင်ဆက်မှုအပိုင်း(၃)ပိုင်းအထိ အတော်လေးပြည့်ပြည့်စုံစုံပြော

သွားတာတွေ့ရပါတယ်။


အဲဒီလို ရှည်ရှည်ဝေးဝေးနဲ့ပြည့်ပြည့်စုံစုံရှိအောင် သူ၏ဆေးပညာမှတ်တမ်းမှတ်ရာစာဖိုင်ကို တ

ရွက်ချင်းကြည့်ရှုကိုးကားသလို သူ၏ကိုယ်တွေ့ကုသမှုအတွေ့အကြုံများနဲ့ကိုယ်ပိုင်တွေးခေါ်ယူ

ဆထားမှုများကိုပါ ကျယ်ကျယ်ပျံ့ ပျံ့  ထုတ်နှုတ်မျှဝေသွားတာ သတိပြုမိပါတယ်။


လူနာများကို လှုပ်ရှားလေ့ကျင့်ခန်း (Exercise) သင်ပေးတာနဲ့ပတ်သက်ပြီး သူကြုံတွေ့ရတတ်

သည့်အဆင်မပြေမှုနဲ့အခက်အခဲများကလဲ စိတ်ဝင်စားစရာကောင်းလို့ပါ။ 

နားထောင်နေရာကနေ ငိုအားထက် ရယ်အားသန်ဆိုသလိုဖြစ်ရသေးတာ။















လူနာတဦးအား ပထမအကြိမ်တွေ့ စဉ်တုန်းက အိမ်မှာလုပ်ဖို့လေ့ကျင့်ခန်းတချို့ ကိုပြပေးသင်

ပေးလိုက်ပါသတဲ့။

ခြေလက်တွေကို ဘယ်လိုမြှောက် ဘယ်လိုကွေးဆန့် မှန်မှန်လုပ်ပေး စသဖြင့်ပေါ့။

အဲဒီလူနာကို ၂ ပတ်အကြာမှာပြန်ကြည့်တဲ့အခါ ခြေလက်လေ့ကျင့်ခန်းတွေ လုပ်ဖြစ် မလုပ်ဖြစ်

မေးကြည့်တဲ့အခါ လုပ်ပါသတဲ့။

ဒါပေမယ့် လုပ်ပြခိုင်းတဲ့အခါမှာ လူနာက သင်ပြပေးလိုက်တဲ့အတိုင်းမဟုတ်ပဲ တလွဲတွေလုပ်ပြ

ပါတော့သတဲ့လေ။

တချို့ လူနာတွေက သင်ပေး ပြပေးပြီး သေချာမှာလိုက်တဲ့ကြားက လုံးဝကို မလုပ်ကြပါဘူးတဲ့။ 

ကဲ ကောင်းကြရော။

ဒါကြောင့် သူက လူနာမှတ်တမ်းစာအုပ်လေးထဲမှာ လေ့ကျင့်ခန်းလုပ်ဖို့ စာပါရေးပေးရတော့တာ။













No comments:

Post a Comment