"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, November 26, 2023

နိုင်ငံတကာ - ဟိုအကြောင်း ဒီအကြောင်း (၂)

 






အစ္စရေးနဲ့ဟားမတ်စ်တို့ ယာယီစစ်ရပ်စဲကြသည့်ပထမနေ့ဖြစ်တဲ့ နိုဝင်ဘာ ၂၄ ရက်နေ့က ဟား

မတ်စ်ဖက်က ဓါးစာခံအစ္စရေး ၁၃ ဦး(ကလေး ၄ ယောက်၊ သက်ကြီး ၅ ဦးအပါအ၀င်)၊ ထိုင်းလူ

မျိုး ၁၀ ဦးနဲ့ ဖိလစ်ပိုင်နိုင်ငံသား ၁ ဦးတို့ကို လွှတ်ပေးခဲ့ပါတယ်။ 


ထိုင်းနဲ့ဖိလစ်ပိုင်နိုင်ငံသားတွေက အစ္စရေးနိုင်ငံတောင်ပိုင်းဒေသတွေမှာရှိတဲ့ စိုက်ခင်းများမှာ အ

လုပ်လုပ်နေရင်း အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးနိုင်ငံသားများနဲ့အတူ အဖမ်ခံခဲ့ကြရတာ

ဖြစ်တယ်။


ဟားမတ်စ်ဖမ်းထားသည့်ဓါးစာခံများကို ဂါဇာကနေ ရာဖာနယ်စပ်ရှိ အီဂျစ်တာဝန်ရှိသူများထံလွှဲ

ပြောင်းပေးအပ်ပြီး အဲဒီကမှအပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်း(International Committee 

of the Red Cross - ICRC)တာဝန်ရှိသူ ၈ ဦးက ကားလေးစီးပါယာဉ်တန်းနဲ့ အစ္စရေးနိုင်ငံကိုခေါ်

ဆောင်ခဲ့တာပါ။ 


ဓါးစာခံအားလုံးကို ကျန်းမာရေးစစ်ဆေးပြီးနောက် အဲဒီမှာပဲ သက်ဆိုင်ရာမိသားစုများနဲ့တွေ့ဆုံပြီး

အပ်နှံခဲ့ပါတယ်။ (အပေါ်ပုံ)


တချိန်ထဲမှာပဲ လက်နက်မှု(weapon charges)၊ အကြမ်းဖက်မှုတွေနဲ့ဖမ်းဆီးအရေးယူခံထားရသူ 

ပါလက်စတိုင်းအကျဉ်းသား ၃၉ ဦးကို အစ္စရေးနိုင်ငံဖက်ကလည်းပြန်လွှတ်ပေးခဲ့တာဖြစ်တယ်။








ဟားမတ်စ်ပြန်လွှတ်ပေးသည့်ထိုင်းနိုင်ငံသားဓါးစာခံ ၁၀ ဦး တယ်လ်အဗစ်မြို့ တွင်ကျန်းမာရေးစစ်

ဆေးပြီးနောက် ထိုင်းသံရုံးဝန်ထမ်းတဦးနှင့်အတူ နိုဝင်ဘာ ၂၄ ရက်နေ့ကတွေ့ရသည်။ (အပေါ်ပုံ)


အစ္စရေးနိုင်ငံက စိုက်ခင်းမှာအလုပ်လုပ်နေသည့်ထိုင်းနိုင်ငံသား မစ္စတာ Vetoon Phoome ၏မိ

သားစုက ဟားမတ်စ်တို့အစ္စရေးနိုင်ငံအတွင်းဝင်ရောက်တိုက်ခိုက်သည့် အောက်တိုဘာ ၇ ရက်

နေ့က သူ အသတ်ခံလိုက်ရသည်ဟုသာ သိထားခဲ့ကြသည်။


သို့သော် ဂါဇာမှာ ပထမအသုတ်လွှတ်ပေးသည့်ထိုင်းနိုင်ငံသားများထဲတွင် သူပါရှိကြောင်း နိုဝင်

ဘာ ၂၅ ရက်နေ့တွင်မှ မိသားစုက သိခဲ့ရသည်။ သူ၏အမဖြစ်သူ မစ္စ Roongarun Wichagern

နှင့်video call ပြောသောအခါ သူက"အမ မငိုပါနဲ့။ ကျနော်ပြန်လာနေပြီဆိုတာကိုသာ အမေ့ကို

ပြောလိုက်ပါ။ ကျနော်မသေဘူး၊ ကျနော် မသေဘူးဗျ" ဟုပြောခဲ့သည်။













 

***








အဆိုပါဖျားနာမှုများသည် ကိုဗစ်-၁၉ ထိန်းချုပ်ကန့်သတ်မှုများ(Covid-19 curbs)ကို ဖျက်သိမ်းခြင်း
နှင့် သွေးအတွင်းမှာ နြူမိုးနီးယားရောဂါပိုးများ(Pneumonia pathogen)ပျံ့ နှံ့ခြင်းတို့ဖြင့် ဆက်စပ်နေ
သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကပြောသည်။ 












နေထိုင်မကောင်းသည့်ကလေးများကို မိဖများနှင့်အတူ ဘေကျင်းကလေးဆေးရုံရှိ ပြင်ပလူနာ

ဌာနတွင် နိုဝင်ဘာ ၂၃ ရက်နေ့ကတွေ့ရစဉ်။ (အပေါ်ပုံ - SOURCE: PHOTO AFP




တရုတ်နိုင်ငံမှကလေးအမြောက်အများ အသက်ရှူလမ်းကြောင်းဆိုင်ရာဖျားနာမှု (Repiratory 

illness)ဖစ်ပွားလျက်ရှိသဖြင့် နိုးနိုးကြားကြားသတိပြုကြရန် နိုင်ငံတော်ကောင်စီက နိုဝင်ဘာ 

၂၄ ရက်နေ့က နှိုးဆော်တိုက်တွန်းထားသည်။



***




အမေရိကန်နိုင်ငံ၏နယ်မြေပေါ်တွင်

ဆစ်(ခ)လူမျိုးခွဲထွက်ရေးသမားတဦးအားလုပ်ကြံသတ်ဖြတ်ရန် 

စီစဉ်ခြင်းမျိုးကို အထူးပြင်းပြင်းထန်ထန်သဘောထားသည်ဟု

အိန္ဒိယကို အမေရိကန်ပြော



ဆစ်(ခ)လူမျိုးခွဲထွက်ရေးသမားတဦး ကနေဒါတွင်လုပ်ကြံသတ်ဖြတ်ခံရခြင်းနှင့်ပတ်သက်ပြီး ကနေ

ဒါနိုင်ငံက အိန္ဒိယထောက်လှမ်းရေး(Indian illegence)ကို သံသယရှိခဲ့သည့် ၂ လအကြာတွင် ယင်း

သို့ပြောဆိုလိုက်ခြင်းဖြစ်သည်။ 

ထိုကိစ္စအတွက် ကနေဒါနှင့်အိန္ဒိယနိုင်ငံတို့အကြား သံတမန်ရေးရာပြသနာများ အကြီးအကျယ်ဖြစ်

ပွားခဲ့ရသည်။ 

ဆစ်(ခ)လူမျိုးခွဲထွက်ရေးသမား'ဂူပတ်ဝဲန့်ဆင်းပန်းနန်'အားလုပ်ကြံသတ်ဖြတ်ရန်ကြံစည်မှု မအောင်

မမြင်ဖြစ်ပြီးနောက် လုပ်ကြံမှုမှာ အိန္ဒိယနိုင်ငံပါဝင်ပတ်သက်နေခြင်းအတွက်စိုးရိမ်မိကြောင်း အမေ

ရိကန်က အိန္ဒိယကို သတိပေးချက်ထုတ်ပြန်ခဲ့သည်။ 











No comments:

Post a Comment