"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Tuesday, January 2, 2024

စပ်မိစပ်ရာများ(၁၀)-ဆရာဦးစောကယ်(လ)ဗင်နှင့်ကျနော် - ၁




ဆရာဦးစောကယ်(လ)ဗင်က ခရစ္စမတ်နဲ့နှစ်သစ်ကူးဆုတောင်းကို ဒီဇင်ဘာ ၂၄ ရက်နေ့က မိမိထံ
ပို့ပေးတာပါ။

နောက်ပြီးတော့ မိမိကြိုက်မယ်ထင်တဲ့ အချောအလှမဒီကညာလေးကိုလဲ ခရစ္စမတ်လက်ဆောင်အ
ဖြစ် တကူးတကကြီးကို တနင့်တပိုး ပို့ပေးလိုက်ပြီး ဂရုစိုက်ပြုစုပေးဖို့လဲမှာရှာသေးတာ။ 

မိမိကလည်း မငြင်းပါဘူးနော်။
စိတ်သာချ ဆရာရေ။ စောင်မကြည့်ရှုထားပေးပါမယ်ပေါ့။












နှစ်သစ်ကူးကျင်းပမည့်ညက စောစောအိပ်ရာဝင်သွားတဲ့မိမိအတွက် စင်ကာပူကောင့်ဒေါင်းပြီးပြီး
ခြင်းပဲ 2024 New Year count down ပို့ပေးလို့ အိပ်ချင်မူးတူးနဲ့ဖွင့်ကြည့်ကာ နားထောင်မိသေးတယ်။










ဆရာဦးစောကယ်(လ)ဗင်သည် မိမိနှင့်ခင်မင်ရင်နှီးပြီး ဒီကနေ့အထိ အဆက်အသွယ်မပြတ်ရှိ
နေဆဲဖြစ်သည့် မိမိတို့၏ Senior Physiotherapist ကြီးတဦးပါ။

စင်ကာပူနဲ့မြန်မာပြည်က အကြောအဆစ်ကုပညာရှင်တချို့ ၏သတင်းများကို မက်ဆင်ဂျာကနေ
ဆရာက မိမိဆီကို အခါအားလျှော်စွာ အမြဲပေးပို့အသိပေးလေ့ရှိပါတယ်။  

တနေ့ကပဲ ဒေါ်ကြည်ကြည်အုံး၊ ဒေါ်မေထွန်းချစ်နဲ့ဒေါ်စန်းစန်းနွယ်တို့က Senior Physiotherapist
များဖြစ်ကြသည့် (ပုံ ၁) ဒေါ်ခင်မြင့်ကြီးနဲ့ဦးမြင့်လွင်၊ (ပုံ ၂) ဒေါ်ကက်သရင်း(ခ)ဒေါ်လဲ့လဲ့ဆွေတို့ကို 
ကန်တော့ကြတာလို့သိရပါတယ်။ 












(1)











(2)

(3)



(4)


အလားတူပါပဲ တချိန်တုန်းက မြန်မာအကြောဆစ်ကုပညာရပ်အသင်း(Myanmar Physiotherapy 
Association-MPA)က ဆရာကြီးဦးထွန်းအောင်ဇံ၊ ဆရာဦးကြီးမောင်၊ ဆရာဦးတင်မြင့်တို့နဲ့အသင်း
ဖြစ်မြောက်ရေးနဲ့ဖွဲ့စည်းနိုင်ရေးကိစ္စများကို အဝေးမှ တတ်အားသ၍ ကူညီဆောင်ရွက်ပေးခဲ့သလို
မြန်မာပြည်ကိုခေတ္ထခဏ မိမိပြန်ရောက်တဲ့အခါတွေမှာလဲ ဆရာများနဲ့အမြဲတွေ့ဆုံဆွေးနွေးခဲ့တာ
များအား ဆရာဦးစောကယ်(လ)ဗင်ကို တယ်လီဖုန်းခေါ်ပြီး မိမိက အသိပေးပြောပြခဲ့ပါတယ်။ 








(ယာစွန်မှ-ဆရာကြီးဦးထွန်းအောင်ဇံ၊ ဦးတင်မြင့်၊ ဦးကြီးမောင်၊ ဦးမင်းမောင်၊ ဦးတင်မောင်အေး။)


တခါတရံမှာ ဆရာ့ဆီက အကြံဥာဏ်ရယူတာမျိုးများရှိခဲ့သလို မိမိမသိမမီလိုက်တဲ့အကြောအဆစ်
ကုပညာရှင်အချို့ ၏အမည်များ သတင်းများကိုလဲမေးမြန်းဆွေးနွေးရတာမျိုးတွေရှိခဲ့တာပါ။ 







ဆရာဦးစောကယ်(လ)ဗင်သည် ဆေးဘက်ပညာသိပ္ပံ(Institute of Para-Medical Sciences - 
IPMS) ပထမအသုတ်(first batch)မှာ အကြောအဆစ်ကုပညာရပ်နဲ့ဒီပလိုမာရယူခဲ့သူတဦးဖြစ်
ပါတယ်။

အထက်ကဓာတ်ပုံတွေထဲမှာပါတဲ့ ဒေါ်ခင်မြင့်ကြီး၊ ဦးမြင့်လွင်၊ ဒေါ်ကက်သရင်း(ခ)ဒေါ်လဲ့လဲ့ဆွေ 
နဲ့ကန်တော့ခံထဲမှာပါပြီး ဓာတ်ပုံထဲမှာမပါတဲ့ ဆရာဦးခင်မောင်လွင်တို့သည် ဆရာဦးကယ်(လ)ဗင်
နဲ့ တနှစ်ထဲကျောင်းအတူပြီးခဲ့ကြတာပါ။ 

ဒေါ်ခင်မြင့်ကြီးက MINDS မှာ၊ ဦးမြင့်လွင်က Ling Kwang Home For Senior Citizens မှာ၊ ဒေါ်
လဲ့လဲ့ဆွေနဲ့ဦးခင်မောင်လွင်တို့က Home Nursing Foundation မှာစသဖြင့် စင်ကာပူနိုင်ငံတွင် အ
သီးသီးအလုပ်လုပ်သွားခဲ့ကြပါတယ်။ 

IPMS ပထမအသုတ်ကျောင်းဆင်းများသည် ယခုအခါမှာ အသက်အရွယ်အားဖြင့် ၇၉-၈၀ နှစ်ရှိ
လာကြပြီဖြစ်တာကြောင့် မိမိသိသမျှ ဆရာ၊ဆရာမကြီးများအားလုံး ကျန်းကျန်းမာမာရှိနေကြဆဲ
ဖြစ်လို့ ၀မ်းမြောက်ကြည်နူးစရာပါ။







No comments:

Post a Comment