"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Friday, January 5, 2024

အသက်ကြီးလာတာနဲ့ အိုမင်းမစွမ်းဖြစ်ကြရတော့မှာလား (၂)

 




ဒီကိုယ်လက်လေ့ကျင့်မှုပုံများသည် ဂျူရောင်းအိ(စ)ဘူတာ(Jurong East MRT Station) နားက 
ဝက်(စ)ဂိတ်ကုန်တိုက်(Westgate Shopping Mall)၏ ၅ ထပ်မှာရှိတဲ့ Fitness First gym မှာ သွား
ရောက်လေ့ကျင့်ခဲ့တုန်းကဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်အကုန်မှာ အလုပ်(MINDS)ကအနားယူပြီး ၂၀၁၇ နှစ်ဆန်းပိုင်းမှာ ဂျင်(မ)ကို စတင်
လေ့ကျင့်ခဲ့တာပါ။ 

ယခင်က မိမိအိမ်မှာ ကိုယ်ပိုင်Home Gym ရှိတာကြောင့် နှစ်အတော်များများ မိမိအသုံးပြုခဲ့ဖြစ်ပါ
တယ်။ ဒါပေမယ့် သားအရွယ်ရောက်လာတဲ့အခါမှာ သူ့အခန်းမှာပြောင်းရွေ့ တပ်ဆင်ပေးတာဖြစ်
လို့ မိမိအနေနဲ့ ဆက်ပြီးအသုံးမပြုဖြစ်တော့ပါဘူး။ 













မိမိအိမ်၏ Home Gym အမျိုးအစားက အပေါ်ကပုံအတိုင်း ကွက်တိတူပါတယ်။ 

အတိအကျမမှတ်မိတော့ပေမယ့် ၁၉၉၄-၉၅ ခုနှစ်လောက်က ၀ယ်ဖြစ်ခဲ့တာပါ။ နေရာကျယ်ကျယ်
မလိုပဲ ခြေ၊ လက်၊ ရင်ဘတ်၊ ဗိုက်၊ ခါး အစရှိတဲ့အစိတ်အပိုင်းအားလုံးလေ့ကျင့်နိုင်တာဖြစ်လို့ အ
တော်လေးအသုံးတဲ့လို့ပါပဲ။

မိမိမှာလေ့ကျင့်စရာ ဂျင်(မ)မရှိတော့လို့ လက်ဝှေ့ထိုးအိတ်(Punching bag)နဲ့လက်ဝှေ့အိတ်(Boxing 
gloves) ၀ယ်ပြီး မိမိအိပ်ခန်းထဲမှာပဲ ကျန်းမာရေးလေ့ကျင့်မှုတွေ ပြောင်းလုပ်ဖြစ်ခဲ့တော့တာပါ။

ငယ်ငယ်တုန်းက ရွှေဘိုမှာအင်္ဂလိပ်လက်ဝှေ့(boxing)ကိုပဲ သင်ခဲ့ ထိုးခဲ့တာဖြစ်လို့ လက်သီးထိုးအ
မျိုးမျိုးကိုပဲလေ့ကျင့်ခဲဖူးတာဖြစ်တယ်။ မြန်မာလက်ဝှေ့လို တံတောင်နဲ့ရိုက်တာ၊ ဒူးနဲ့တိုက်တာ၊ ခြေ
ထောက်နဲ့ကန်တာတို့ကို မလိုအပ်တာကြောင့် မသင်ခဲ့ရသလို သုံးလဲမသုံးတတ်ခဲ့ပါဘူး။ 

ဒါပေမယ့် မွန်ပြည်နယ်၊မော်လမြိုင်မြို့ မှာ ၆ နှစ်တာနေလာခဲ့တဲ့အခါမှာ မြန်မာလက်ဝှေ့ပွဲတွေကြည့်
ရင်းတဖက်ကလည်း လက်ဝှေ့သမားအချို့ နဲ့သိကျွမ်းခဲ့ရာက မြန်မာလက်ဝှေ့ရဲ့ ခြေကန်ချက် ဒူးတိုက်
ချက်တွေကို စိတ်ဝင်စားပြီး အနည်းအပါးလေ့ကျင့်ခဲ့ဖြစ်ပါတယ်။

ဒါကြောင့် စင်ကာပူမှာ လက်ဝှေ့ထိုးအိတ်ကို လက်အတွက်သာမဟုတ်တော့ပဲ ခြေထောက်အတွက်
ပါလေ့ကျင့်ဖြစ်တော့တာ။



















အသက်အရွယ်ကြီးလာပေမယ့် အိုမင်းမစွမ်းဖြစ်လာနိုင်မှုကို အတတ်နိုင်ဆုံးအလာနှေးသွားစေပြီး
ကျန်းမာကြံ့ ခိုင်မှုများကိုဆက်လက်ထိန်းထားရေးအတွက် ဂျင်(မ)လေ့ကျင့်မှုများလုပ်နေရပါပြီလို့ 
၂၀၁၇ ခုနှစ် မတ်လက ဖေ့စ်ဘွတ်မှာ မိမိရေးတင်ခဲ့တာလေးရယ်ပါ (အောက်တွင်)။ 






















No comments:

Post a Comment