"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, January 7, 2024

စပ်မိစပ်ရာများ(၁၀)-ဆရာဦးစောကယ်(လ)ဗင်နှင့်ကျနော်-၂

 


ဆရာဦးကယ်(လ)ဗင်နှင့်မိမိတို့သည် စင်ကာပူနိုင်ငံကို ၁၉၉၀ နှစ်ထဲမှာ ရှေ့ ဆင့်နောက်ဆင့်လေး 

ရောက်လာခဲ့ကြတာဖြစ်ပါတယ်။ ဆရာက မိမိထက် လ,အနည်းငယ်ပဲနောက်ကြတာပါ။ 

ဆရာသည် ဟိုတုန်းက SCASလို့အတိုကောက်ခေါ်ခဲ့ကြသည့် The Spastic Children's Association 

of Singapore မှာအလုပ်ခဲ့ပြီး မိမိက MINDS လို့အသိများတဲ့ ဥာဏ်ရည်နိမ့်သူများပြုစုပျိုးထောင်ရေး

အဖွဲအစည်း (Movement for the Intellectually Disabled of Singapore) မှာ အလုပ်ဝင်ခဲ့တာဖြစ်ပါ

တယ်။

SCAS ကို မိမိ ပထမဆုံးရောက်ခဲ့ဖူးသည့် ၁၉၉၀ ခုနှစ်မေလမှာ မြန်မာအကြောအဆစ်ကုပညာရှင် ၃

ဦးအလုပ်လုပ်နေတာတွေ့ရပါတယ်။ ဆရာဦးအောင်ချိန်၊ ဆရာဦးဝင်းထိန်နဲ့ဆရာဦးအောင်အောင်တို့

ပါ။ ဆရာဦးဝင်းထိန်နဲ့ဆရာဦးအောင်အောင်တို့က နောက်ပိုင်းမှာ အမေရိကန်နိုင်ငံကိုပြောင်းရွေ့ သွား

ကြတယ်။ ဆရာဦးဝင်းထိန်ကတော့ အဲဒီမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။












မြန်မာပြည်မှာ PT သင်တန်းတက်ခဲ့သည့်ဆရာဦးအောင်ချိန်က နောက်ပိုင်းတွင်အင်္ဂလန်မှာ Occupa-

tional Therapy သင်တန်းတက်ခဲ့သေးတာ။ ဒါကြောင့် PT/OT ဖြစ်သည့်ဆရာကြီးဦးအောင်ချိန်သည် 

စင်ကာပူနိုင်ငံမှာ OT အနေနဲ့လာပြီးအလုပ်လုပ်တဲ့ပထမဦးဆုံးမြန်မာလို့ပြောနိုင်ပါတယ်။  

ဆရာဦးအောင်ချိန် OTပညာတော်သင်မသွားမီ မသန်မစွမ်းလူနာများဆေးရုံ၊ သမိုင်း (Hospital for 

the Disabled)က OT ဌာနမှာတွဲဖက်ထားရှိတာကြောင့် မိမိနဲ့ရင်းနှီးမှုရှိခဲ့ပါတယ်။

မိမိစုံစမ်းသိရှိရသ ဆရာ့ကို မိမိတို့ PT အသိုင်းအ၀ိုင်းက လုံးဝအဆက်အသွယ်မရဖြစ်နေခဲ့တာ အ

တော်လေးကြာခဲ့ပါပြီ။ ဆရာက လူပျိုကြီး။ တယောက်ထဲပဲနေလေ့ရှိတာ။


ဆရာနဲ့မိမိနောက်ဆုံးတွေ့ခဲ့တာက Lakeside MRT ဘူတာမှာ ရထားစောင့်နေကြရင်းဖြစ်ပါတယ်။ 

လွန်ခဲ့သည့် ၁၀ နှစ်ကျော်လောက်ကထင်ပါတယ်။

အဲဒီတုန်းက ဆရာဆုံးမခဲ့တဲ့စကားလေးကို ယနေ့အထိ မိမိ မမေ့မပျောက်သတိရနေဆဲပါ။

"ကိုတင်မောင်အေးရေ ရထား၊ ဘတ်(စ)ကားတွေနဲ့ခရီးသွားတဲ့အခါမှာ သရဏဂုံ(၃)ပါးကိုမမေ့စေနဲ့။

 နှုတ်ကလဲ မပြတ်ရွတ်ဆိုပေးပါ" လို့ဖြစ်ပါတယ်။

ဆရာပြောပြီးကတည်းက အမြဲမဟုတ်ပေမယ့် အခါများစွာရွတ်ဆိုမိသလို ဆရာ့ကျေးဇူးကိုလဲ အမှတ်

တရရှိနေပါတယ်။

























Spastic Children's Association ကို ဆရာဦးကယ်(လ)ဗင်ရောက်လာပြီးနောက်ပိုင်းမှာ ဆရာမ
ဒေါ်ဘေဘီသန်းမောင်၊ ဒေါ်စိန်လှကြည်နဲ့ ဒေါ်နီနီဆွေတို့ ထပ်မံရောက်ရှိလာကြပြီး အဲဒီမှာမြန်မာ 
PT အင်အားကောင်းလာခဲ့ပါတယ်။

တချိန်တည်းမှာ မိမိတို့ MINDSမှာလဲပဲ ဥာဏ်ရည်မသန်စွမ်းသူကလေးများ၊ လူငယ်လူလတ်များ
တွက် အထူးပညာရေးကျောင်းတွေ(Special Education School)၊ နေ့သင်တန်းစင်တာတွေ
(Day Activity Centre)နဲ့အလုပ်ရုံသင်တန်းတွေ(Employment Development Centre)တိုးချဲ့ 
ဖွင့်လှစ်လာတာနဲ့အမျှ မြန်မာပြည်ကအကြောအဆစ်ကုပညာရှင်များကို မိမိရှာဖွေအားဖြည့်ရင်း 
တချိန်မှာမြန်မာ PT(၉)ဦးအထိရှိလာခဲ့ဖူးပါတယ်(အောက်ပုံ- PT team အစည်းအဝေးအပြီးရိုက်
ထားတာ။ ဆရာမကြီးဒေါ်ခင်မြင့်ကြီး MINDS ကအလုပ်ထွက်သွားပြီးနောက်ရိုက်ထားတာဖြစ်ပါ
မယ်)။ 
တခြားနိုင်ငံခြားသား PT တဦးတလေတောင် မပါရှိခဲ့ပါဘူး။



















ဒါတွေကိုကြည့်ရင် မြန်မာပြည်က ပညာရှင်ဆုံးရှုံးမှု(Brain drain)ဘယ်လောက်ရှိခဲ့ပြီး အခုလဲရှိနေ
ရသလဲဆိုတာကို သတိပြုမိနိုင်ပါတယ်။
ရင်နာစရာကြီးတွေပါ။

ဒီအထဲမှာ မြန်မာပြည်က ရှားရှားပါးပါး နိုင်ငံခြားကပညာသင်ပြန်လာလာသူ PTတွေ အများကြီးပါ
ရှိနေပါသေးတယ်။ 
ဥပမာ၊
ဦးအောင်ချိန်(UK)၊ ဦးခင်မောင်လွင်(US)၊ ဦးမောင်မောင်(UK)၊ ဒေါ်လဲ့လဲ့ဆွေ(UK)၊ ဒေါ်ခင်မြင့်
ကြီး(UK)၊ ဦးသာဇံ(UK)၊ ဦးကယ်(လ)ဗင်(Australia)၊ ဦးကြီးမောင်(UK) စသဖြင့်။

ကိုယ့်နိုင်ငံကို လူပါးဝပြီး မတရားဗိုလ်ကျအုပ်ချုပ်သွားကြတဲ့ ဥာဏ်ရည်ဥာဏ်သွေးနိမ့်တဲ့ခွေးစစ်
အုပ်စုတွေရဲ့ ယုတ်မာမှုများကြာင့် အားလုံး အားလုံးစင်ကာပူနိုင်ငံကိုလာပြီး အလုပ်အကျွေးပြုသွား
ခဲ့ကြရတာ။




ဆရာဦးကယ်(လ)ဗင်အကြောင်းဆက်ပြောပါမယ်။

စင်ကာပူနိုင်ငံကိုမလာမီက ဆရာသည် ရန်ကုန်ဆေးရုံကြီး(RGH) အခန်း ၅နဲ့၆(Ward 5-6) မှာ 
တာဝန်ကျခဲ့ပြီး ၁၉၈၁ ခုနှစ်မှာ အရိုးခွဲစိတ်ကုဆရာဝန်ကြီးဒေါက်တာဦးနေ၀င်း၊ သူနာပြုဆရာမ
ကြီးဒေါ်ငွေအေးတို့နှင့်အတူ South Australia၏အကြီးဆုံးဆေးရုံကြီးဖြစ်သည့် Royal Adelai-
de Hospital(RAH) ကို ကျောရိုးခါးရိုးခွဲစိတ်မှုနှင့်ပြန်လည်ထူထောင်ရေး(Spinal Rehabilitat-
ion) တနှစ်ခန့် လေ့လာရေးသွားရောက်ခဲ့ပါတယ်။

ဆရာနှင့်မိမိသည် မြန်မာပြည်မှာတုန်းက အရိုးရောဂါကုဌာနများမှာ အလုပ်လုပ်ခဲ့ကြပြီး စင်ကာပူ
နိုင်ငံကိုရောက်လာတဲ့အခါမှာတော့ လူမှုဝန်ထမ်းအဖွဲ့အစည်း(Voluntary Welfare Organisat-
ions-VWOs) များမှာ အလုပ်ဝင်ခဲ့ကြပြန်ပါတယ်။ 

စင်ကာပူနိုင်ငံကိုရောက်လာတုန်းက တနှစ်ထဲဖြစ်ကြသလို အလုပ်ကနေအနားယူရတောမည့်အ
သက်အရွယ်(Retirement age)မှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေက မိမိတို့ကိုတာဝန်ဆက်ပေး
ခြင်းခံကြရတာလဲအတူတူပဲဖြစ်ပါတယ်။ 

မိမိ၏အသက်အရ ၂၀၁၃ မှာ အလုပ်ကနေ အနားယူကိုယူရတော့မှာဖြစ်တယ်။ 

ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်က Retirement age က ၆၂ နှစ်ဖြစ်ပြီး အလုပ်မှအနားယူမည့်
သူကို အကယ်၍ အလုပ်ရှင်ကဆက်ပြီးခန့်ထားချင်သေးတယ်ဆိုရင်တော့ re-employment age 
ကို အစိုးရက ၆၅ နှစ်အထိပဲ သတ်မှတ်ထားသေးတာမို့ပါ။ 

၂၀၁၃ မှာ မိမိအသက် ၆၅ နှစ်ရှိနေခဲ့ပါပြီ။ 
မိမိအဖို့ Retirement age ကော၊ Re-employment age ကော သက်တမ်းကုန်ဆုံးသွားကြပါပြီ။

ဒါပေမယ့် MINDSက တနှစ်ခြင်းအလုပ်ဆက်ခန့်ပေးသွားပြီး ရာထူး၊ လစာနဲ့ခံစားခွင့်အားလုံးကို 
ရင်ကအတိုင်းပဲပေးထားခဲ့တာ။ ဘာဆိုဘာမှကိုပြောင်းလဲတာမျိုး မရှိခဲ့ဘူး။ 

ဒီလိုနဲ့ ၂၀၁၆ ခုနှစ်ကုန်မှာတော့ AHP Director က'အချိန်ပိုင်းလုပ်ပါဦး' 'တပတ်ကို ၃ ရက်လုပ်ပါ' 
စသဖြင့် အမျိုးမျိုးဈေးဆစ်နေတဲ့ကြားက တောင်းတောင်းပန်ပန်နဲ့ပဲ နားခဲ့ရတာ။ 

ဆရာဦးစောကယ်(လ)ဗင်လဲ မိမိလိုပဲလို့ ဆရာပြောပြလို့သိခဲ့ရပါတယ်။ 

မနှစ်က အသက် ၇၉ နှစ်မှာမှ အလုပ်က အပြီးနားသွားတာပါ။

































No comments:

Post a Comment