"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Monday, January 29, 2024

နိုင်ငံတကာ - ဟိုအကြောင်း ဒီအကြောင်း (၅)


                  စစ်ဘေးရှောင်ပါလက်စတိုင်းလူမျိုးများ 
 ဂါဇာတောင်ပိုင်းက 'ရာဖာ' ရှိ UNRWA ကျောင်းတွင် ခိုလှုံနေကြစဉ်။ 

 ၄-၂-၂၄ 

ဆွီဒင်နိုင်ငံက ဂါဇာဒေသတွင် ပါလက်စတိုင်းဒုက္ခသည်များအားကယ်ဆယ်ရေးလုပ်ကိုင်ပေးနေသည့်

ကုလသမဂ္ဂအေဂျင်စီ (UNRWA- United Nations Relief and Works Agency)အားထောက်ပံ့ပေး
နေခြင်းအား လောလောဆယ်အားဖြင့် ရပ်ဆိုင်းထားလိုက်ပြီး ပါလက်စတိုင်းနှင့်လစ်ဘနွန်နိုင်ငံရှိအ
ခြားသောလူမှုကယ်ဆယ်ရေးအဖွဲ့ မျာသို့ပြောင်းလဲထောက်ပံ့မည်ဖြစ်သည်။

ယင်းဆုံးဖြတ်ချက်သည် ဟားမားစ်တို့၏အောက်တိုဘာ ၇ ရက်အကြမ်းဖက်တိုက်ခိုက်မှုမှာ UNRWA 
ဝန်ထမ်အချို့ ပါဝင်ပတ်သက်ခဲ့ကြောင်း အစ္စရေးနိုင်ငံကတွေ့ရှိဖော်ထုတ်နိုင်ခဲ့သောကြောင့်ဖြစ်သည်။
သို့ဖြစ်ရာ ဆွီဒင်နိုင်ငံမှ မူလကထောက်ပံ့ရန်စီစဉ်ထားသော အမေရိကန်ဒေါ်လာ ၃၈ သန်း(ဆွီဒင်ငွေ
ကရိုနာ သန်း ၄၀၀)ကို ယခုနှစ်အတွက်ပေးမည်မဟုတ်ပါချေ။

အခြာတဖက်မှလည်း ဆွီဒင်အစိုးရက ကိုယ်တိုင်စုံစမ်းမှု(SIDA)ကိုပြုလုပ်ခဲ့သေးသည်။ ထို့အပြင်ဆွီ
ဒင်နိုင်ငံက UNRWAအနေဖြင့် ကိုယ်တိုင်ကိုယ်ကျစုံစမ်းစစ်ဆေးမှုပြုလုပ်ရန်မျှော်လင့်ထားသည်။

အစ္စရေး၏လေ့လာစွတ်စွဲမှု့အရ ကုလသမဂ္ဂအေဂျင်စီက UNRWA၀န်ထမ်းအတော်များများအားအ
လုပ်က ထုတ်ပစ်ခဲ့ပြီးဖြစ်သည်။ 
















UNRWA လုပ်ငန်းများအားလုံး ရပ်ပစ်ရန် 
အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟူးပြော 
 



UNRWA ကို အများဆုံးလှူဒါန်ထောက်ပံ့နေသည့် ထိပ်တန်းနိုင်ငံ (၅၀)၏တ၀က်ကျော်ကျော်က
ထောက်ပံ့ခြင်းအား ဆိုင်းငံ့ထားလိုက်ကြပြီဖြစ်သည်။







***


 ၂၉-၁-၂၄ 



မနေ့ညပိုင်း ၈ နာရီခွဲခန့်က ဆရာဦးစောကယ်(လ)ဗင်ထံက အထက်ပါဗွီဒီယိုသတင်းလေးတပုဒ်ရရှိ

ခဲ့ပါတယ်။ 

ဆရာဦးကယ်(လ)ဗင်က သူရလာတဲ့စိတ်ဝင်စားစရာ၊ မှတ်သားစရာ၊ သတိပြုစရာ၊ သတင်းပေးစရာ

(ဥပမာ မြန်မာအကြောအဆစ်ကုပညာရှင်[Physiotherapist]များအကြောင်း) အစရှိတာလေးတွေကို 

မိမိထံ မကြာခဏ မျှဝေပို့ပေးလေ့ရှိတာဖြစ်လို့ အထက်ကသတင်းလေးကလဲ တခုအပါအ၀င်ဖြစ်ပါ

တယ်။ ထူးထူးခြားခြာတော့လဲ မဟုတ်ပါဘူး။


ရုတ်တရက်တော့ မနက်ဖန် တဘက်ခါဆိုရင် နယ်သာလန်နိုင်ငံ၏၀န်ကြီးချုပ်ဖြစ်လာမည့်သူတဦးအ

နေနဲ့ အဲဒီလောက်ရှင်းရှင်းလင်းလင်းပဲ ဒဲ့ဒိုးကြီးပြောပါ့မလား၊ မောင်းထုတ်ပါ့မလားလို့ သံသယစိတ်

လေးဖြစ်မိပေမယ့် သူတို့အနောက်နိုင်ငံသားများက ပြောစရာရှိလာခဲ့ရင် အားနာတယ်ဆိုတာမျိုးမရှိ

တတ်ကြဘူး။ ပြောသင့်ပြောထိုက်တာကို ဗွင်းဗွင်းရှင်းရှင်းပဲ ပြောတတ်ဆိုတတ်လေတော့ ဟုတ်မှာ

ပါပေါ့။ 

သူတို့နိုင်ငံ၊ သူတို့လူမျိုး၊ သူတို့အကြိုက်၊ သူတို့မူ၊ သူတို့ရွေးခြယ်မှု၊ သူတို့စနစ်ဖြစ်နေလေတော့ နား

လည်လက်ခံပေးရမှာပဲလေ။


ဒါနဲ့ မိမိက သတင်းအစအနလိုက်ပြီးရှာဖတ်တဲ့အခါ အောက်ကသတင်းတချို့ ကို ထပ်ပြီးသိရတော့တာ။






အစ္စလန်နိုင်ငံကိုသာ ထွက်သွားကြပါ။ 

ဒါမှ အစ္စလန်ဥပဒေသတွေအတိုင်း ခင်ဗျားတို့နေထိုင်ခံစားနိုင်ကြမှာဖြစ်တယ်။  

အစ္စလန်ဥပဒေသတွေဆိုတာက အစ္စလန်နိုင်ငံတွေရဲ့ ဥပဒေတွေပဲလေ။

ကျုပ်တို့နိုင်ငံရဲ့ ဥပဒေတွေမှ မဟုတ်ကြတာ။ (မစ္စတာ Geert Wilders ၊ Freedom Party-PPV မှ

အောင်ပွဲခံပါတီခေါင်းဆောင်၊ နယ်သာလန်နိုင်ငံ၏၀န်ကြီးချုပ်ဖြစ်လာမည့်သူ)
















No comments:

Post a Comment