"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Thursday, January 4, 2024

စပ်မိစပ်ရာများ(၁၁)- ဒေါက်တာဦးရဲလွင်နှင့်ကျနော်

 

မန္တလေးမြို့ တော်ဝန်
ဒေါက်တာရဲလွင်
လွတ်မြောက်လာ


















ဒီကနေ့ညပိုင်းမှာ ဖေ့စ်ဘွတ်တွင် ၀မ်းသာစရာသတင်းလေးတပုဒ်ဖတ်ရပါတယ်။

မန္တလေးမြို့ က မိမိနှင့်ရင်းနှီးသည့် မျက်စိခွဲစိတ်အထူးကုဆရာဝန်ကြီးဦးရဲလွင် အိုးဘိုထောင်က

နေ အပြင်ကိုပြန်ရောက်လာပြီဆိုတဲ့သတင်းပါ။







မြန်မာပြည်ကအထူးကုဆရာဝန်ကြီးများပါဝင်သည့်လေ့လာရေးအဖွဲ့ စင်ကာပူအထွေထွေရောဂါ
ကုဆေးရုံကြီး (Singapore General Hospital - SGH) ကိုလာစဉ်က ဆရာဒေါက်တာဦးရဲလွင်ပါရှိ
ခဲ့ပါတယ် (ပုံ ၂၊ အင်္ကျီအနက်နှင့်ကျောခိုင်းထားသူ)။ 

ပုံ (၁)မှာ ရန်ကုန်က မျက်စိခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာဦးကိုကိုတင်ဖြစ်ပါတယ်။

မိမိ၏အိမ်မှာ နေ့လည်စာနဲ့ဧည့်ခံခဲ့တာပါ။







(အပေါ်ဆုံးပုံ) ဒေါက်တာဦးကိုကိုတင်၏လက်ဝဲဖက်မှာရပ်နေသည့် ဆရာဝန်မကြီးသည်(မိမိမှတ်

၍)မန္တလေးမြို့ ကဓာတ်မှန်ဘက်ဆိုင်ရာအထူးကုဆရာဝန်ကြီး(ဒေါက်တာဒေါ်မြင့်မြင့်အေး)ဖြစ်

ပါတယ်။

အဲဒီတုန်းက ဓာတ်ပုံထဲမှာမပါတဲ့ နောက်ဓာတ်မှန်ဘက်ဆိုင်ရာအထူးကုဆရာဝန်ကြီးတဦးကတော့

ဒေါက်တာဦးဟုတ်ကြိုင်ပါ။ သူ့ကိုတော့ မွန်ပြည်နယ်ဆေးရုံကြီး(မော်လမြိုင်)မှာ မိမိတာဝန်ကျခဲ့စဉ်

ကတည်းက(၁၉၇၅-၈၁) တွေ့ဆုံခဲ့ဖူးတာဖြစ်တယ်။

မိမိ၏လက်ဝဲမှာရပ်နေသူက(မိမိမှတ်သ၍)မန္တလေးမြို့ ကနား နှာခေါင်း လည်ချောင်းဆိုင်ရာအထူး

ကုဆရာဝန်ကြီး(ဒေါက်တာဦးသန်းထွန်းအောင်)ဖြစ်ပါတယ်။

နှစ်တွေကြာလှပြီဖြစ်လို့ အမည်နှင့်အလုပ်အကိုင်အချို့ လွဲမှားခဲ့ရင် ခွင့်လွှတ်စေချင်ပါတယ်။












SOURCE: 
















No comments:

Post a Comment