"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, January 13, 2024

ယောဂကျင့်စဉ်နှင့်ကျန်းမာရေး (၁)

 



ပြီးခဲ့သော ကြာသပတေးနေ့ မနေ့က မရောက်တာအတော်လေးကြာပြီဖြစ်သည့် ဂျူရောင်းဒေသ

ကြီးစာကြည့်တိုက်(Jurong Regional Library)ကို ရောက်သွားခဲ့သည်။

စာအုပ် ၅ အုပ်ငှားခဲ့သည်။

ထိုစာအုပ်များထဲမှ တအုပ်သည် မိမိစိတ်ဝင်စားသည့် ယောဂကျင့်စဉ်အား ခန္ဓာဗေဒ(Anatomy)နှင့်

ဇီဝကမ္မဗေဒ(Physiology)ရှုထောင့်အမြင်တို့မှလေ့လာတင်ပြထားသောThe Physiology of Yoga

ဖြစ်သည်။









ယခုစာအုပ်ကိုရေးသားပြုစုသူနှစ်ဦးဖြစ်သည့် အန်ဒရူး(Andrew)နှင့်မတ်(Matt)တို့သည် ယောဂ

ကျင့်စဉ်ကိုနှစ်ခြိုက်မြတ်နိုးကြသူများဖြစ်ပြီး ကိုယ်တိုင်ကလည်း ယောဂသင်တန်းဆရာများဖြစ်ကြ

သည်။ 

သူတို့သည် ယောဂသင်တန်းဆရာများအတွက်လိုအပ်သော ခန္ဓာဗေဒပညာသင်ကြားရေးကိုသိရှိ

ဖော်ထုတ်ခဲ့ကြသည့်အတိုင်း ယောဂကျင့်စဉ်သင်ကြားမှုတွင် လေးလေးနက်နက်တွေးတောတတ်

စေရေးအတွက် ယခုစာအုပ်ကိုထပ်မံရေးသားထုတ်ဝေလိုက်ကြခြင်းဖြစ်သည်။


သို့ဖြစ်ရာ ဤယောဂဆိုင်ရာဇီဝကမ္မဗေဒစာအုပ်သည် ယောဂသင်တန်းကျောင်းများအတွက် သင်

ကြားစရာနှင့်ကိုးကားအသုံးပြုစရာလက်စွဲစာအုပ်တအုပ်ဖြစ်ကြောင်း Yoga Biomechanics: Stret-

ching Redefined စာအုပ်ကိုရေးသားခဲ့သူ Jules Mitchell (MS, LMT, RYT) က ယခုစာအုပ်၏အ

မှာစာတွင် ရေးသားတိုက်တွန်းထားသည်။











The Physiology of Yoga စာအုပ်ဖတ်ချင်သူများအတွက် ငှားလို့ရနိုင်တဲ့စာကြည့်တိုက်သတင်း

လေး အောက်ဖက်မှာပါ။ Health and Fitness section မှာရှာကြည့်နိုင်ပါတယ်။

(၁၃ ဇန်န၀ါရီ နေ့လည် ၂ နာရီက တွေ့ထားမိတာ။)






စာအုပ်မှာ အခန်း(Chapter) ၉ ခန်းပါရှိသည်။

၁။ ကြွက်သားနှင့်အရိုးအကြောစနစ် (Musculoskeletal System)

၂။ အာရုံကြောစနစ် (Nervous System)

၃။ အသက်ရူလမ်းကြောင်းစနစ် (Respiratory System)

၎။ နှလုံးနှင့်သွေးကြောစနစ် (Cardiovascular System)





















၅။ လင့်ရည်ပြန်ကြောနှင့်ရောဂါပြီး/ကာကွယ်ပေးခြင်းစနစ် (Musculoskeletal System)

၆။ အင်ဒိုခရိုင်းစနစ် (Endocrine System)

၇။ မျိုးပွားစနစ် (Reproductive System)

၈။ အစာခြေစနစ် (Digestive System)

၉။ ယုံကြည်စွာလေ့ကျင့်ခြင်း (Practice with Confidence)









စာကြည့်တိုက်မှ စာအုပ်များကိုငှားလာပြီး အိမ်အပြန်ဘတ်(စ)ကားပေါ်တွင် ယောဂစာအုပ်ကိုဦး

စွာမြည်းစမ်ဖတ်ကြည့်ခဲ့သည်။

ကျောဖုံးဖက်မှာ ယောဂဆရာတဦးဖြစ်ပြီး Your Body, Your Yoga Trilogy စာအုပ်ရေးခဲ့သည့် 

Bernie Clarkက အောက်ပါအတိုင်းမှတ်ချက်ပြုထားသည်။ 


// "ဒီလိုစာအုပ်မျိုးကို ကျနော်မျှော်လင့်ထားခဲ့တယ်ဆိုတာ အစက မသိခဲ့မိဘူး။

ယောဂနဲ့ခန္ဓာဗေဒပညာအကြောင်းရေးသားထုတ်ဝေထားတဲ့စာအုပ်တွေက ဒုနဲ့ဒေးပါပဲ။

အဲ ဒါပေမယ့် ယောဂနဲ့ဇီဝကမ္မဗေဒပညာအကြောင်းရေးထားတဲ့စာအုပ်ကတော့ အနည်းအပါး

လေးပဲရှိသေးတာ။  

ဒီစာအုပ်က လိုနေတဲ့ကွက်လပ်လေးကို ကွက်တိဖြည့်ပေးလိုက်တာပဲပေါ့။

ကျနော်ရဲ့ စာအုပ်စင်မှာ ဒီစာအုပ်ကိုထည့်ထားဖို့ ပျော်မိပါရဲ့ "//












Strength for Yoga ကို ပူးတွဲထူထောင်ခဲ့သူတဦးလည်းဖြစ်ပြီး Yoga Meets Movement Science 

Podcast ကို တွဲဖက်စီစဉ်ထုတ်လွှင့်သူ Jenni Rawlings, E-RYT က ယခုကဲ့သို့ မှတ်ချက်ပြုထား

တာကိုဖတ်ရသည်။

// "လူ့ခန္ဓာကိုယ်၏ဖွဲ့စည်းလုပ်ဆောင်မှုစနစ်များအကြောင်းရယ်၊ ယောဂကျင့်စဉ်ဟာ အဲဒီခန္ဓာ
ရဲ့ စနစ်တွေနဲ့ဘယ်လိုကြောင်းကျိုးပြုပြီး သက်ရောက်မှုရှိကြတယ်ဆိုတာတွေကို သိပ္ပံနည်းကျ
သက်သေအထောက်အထားခိုင်မာစွာနဲ့ ခြေခြေမြစ်မြစ်တင်ပြထားတဲ့စာအုပ်ဖြစ်ပါတယ်" //









No comments:

Post a Comment