"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, January 27, 2024

ဒီစာအုပ်မှာ ပြောပြထားတာတွေတဲ့ (၁)

 


အောင်မြင်ရမယ်လို့ ယုံကြည်ထားလိုက်စမ်းပါ (ဘရိုင်ယန်ထရေစီ)


ရှင်းလင်းတိကျတဲ့ပန်းတိုင်ရှိပါ

(Set Clear and Defined Goals)

'ဟိုဟာ လိုချင်တယ် ဒီလိုမျိုး ဖြစ်ချင်တယ်' ဆိုတဲ့ဆန္ဒမျိုးတွေလောက်တော့ ထားမနေစမ်းပါနဲ့။  

အလုပ်မဖြစ်ပါဘူး။

(Wishing and Wanting won't cut it)

ကိုယ်လိုချင် ကိုယ်ဖြစ်ချင်တဲ့ဟာတွေကို တိတိကျကျရွေးခြယ်သတ်မှတ်ပြီး သေသေချာချာ ချရေး

ထားလိုက်ပါ။

တိကျပြတ်သားမှုက ပြင်းပြတဲ့ဆန္ဒကိုဖြစ်စေပြီး သင်ဘာလုပ်ရမယ်ဆိုတာတွေကို ဦးဆောင်လမ်း

ညွှန်သွားမှာပါ။

အဲ ဆန္ဒကတော့ တကယ်ကိုပြင်းပြင်းပြပြရှိဖို့လိုပါတယ်။

ဘာကြောင့် အဲဒီလိုဆန္ဒပြင်းပြနေရတာလဲ(burning desire)ဆိုတာက အရေးကြီးတာဖြစ်တယ်။


ကိုယ့်ကိုယ်ကိုလဲ ယုံရမယ်၊ ကိုယ့်အစွမ်းအစတွေကိုလဲ ယုံကြည်ရမယ်ပေါ့။ 

(Believe in Yourself and Your Potential)

တကယ့်အောင်မြင်မှုဆိုတာက မယိမ်းမယိုင်ခိုင်မြဲတဲ့ယုံကြည်မှုနဲ့ပဲ စကြရတာလေ။

ကိုယ်လိုချင်တာ ကိုယ်ဖြစ်ချင်တာတွေ ရလာတယ် ဖြစ်လာတယ်လို့ မျက်စိထဲမှာစွဲစွဲမြဲမြဲယုံယုံကြည်

ကြည်မြင်ထားလိုက်ပါ။ အကောင်းမြင်ယုံကြည်ချက်ကို ကိုင်ဆွဲထားပါ။


မဆုတ်မနစ်တဲ့ဇွဲနဲ့ တိကျမြဲမြန်စွာလုပ်ကိုင်မှ ကိုယ့်အိပ်မက်တွေက ရုပ်လုံးပေါ်လာကြမှာ။   











No comments:

Post a Comment