"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, January 7, 2024

Physiotherapist ဖြစ်ရတာ စိတ်ချမ်းသာ (၃)

 

SOURCE: Australian Physiotherapy Association - Primary Care Reform


မိမိကိုယ်တိုင်က အကြောအဆစ်ကုပညာရှင် (Physiotherapist)တဦးဖြစ်နေလေတော့ မိမိ၏ပ

ညာရပ်(Physiotherapy)အပေါ်မှာ များစွာတန်ဖိုးထာလေ့ရှိတာ အထူးအဆန်းကြီးမဟုတ်ပါဘူး။


နောက်ပြီး ဒီပညာရပ်ကိုအသုံးပြုပြီး ဘ၀တူလူသားများ၏အထွေထွေကျန်းမာရေးကောင်းမွန်စေ

ဖို့၊ ရောဂါဝေဒနာများမှ သက်သာပျောက်ကင်းစေဖို့နဲ့ ကြိုတင်ကာကွယ်ရေးတို့အတွက် တဒေါင့်

တနေရာကနေ ကြီးကြီးမားမားထဲထဲဝင်ဝင် အကျိုးပြုပေးနေနိုင်တာဖြစ်လို့မို့ ဂုဏ်လဲယူရတယ်။ 

ဝမ်းမြောက်ဝမ်းသာလဲဖြစ်ရတယ်။ စိတ်လဲချမ်းသာရတယ်ပေါ့နော်။

ဒါကြောင့် မိမိသည် မိမိချစ်တဲ့ပညာရပ်နဲ့ပတ်သက်ပြီး အခါအားလျှော်စွာမျှဝေခံစားတတ်ပါတယ်။


'အကြောအဆစ်ကုပညာရပ်၏တန်ဖိုး'ဆိုသည့်အောက်ကရေးသားမှုလေးက မိမိ၏မျှဝေမှုတွေအ

ထဲက တခုဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်က မိမိ၏ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးခဲ့ဖြစ်တာပါ။














အကြောအဆစ်ကုပညာရပ်၏တန်ဖိုး


ကနေဒါနိုင်ငံအကြောအဆစ်ကုပညာရှင်များအသင်း (Canadian Physiotherapy Association)၏ 

The Value of Physiotherapy ဆိုတာကို ဖတ်ကြည့်ပြီးနှစ်သက်မိတာကြောင့် ဘာသာပြန်ဆိုထား

တာပါ။


ဒါကလဲ အကြောအဆစ်ကုပညာရှင်များသည် အကြောအဆစ်ရောဂါဝေဒနာရှင်တွေကို 
သူတို့ဖာသာ 

ပထမဦးဆုံးစမ်းသပ်ကုသပေးနိုင်တယ်ဆိုတဲ့ Physiotherapy in Primary Health Care အကြောင်း

ပြောကြ ဆွေးနွေးကြရင်း ရှင်းလင်းပြထားတာဖြစ်တယ်။



အကြောင်းပြချက်အနေနဲ့ကတော့ လူနာများ၏လွတ်လပ်စွာလုပ်ကိုင်ဆောင်ရွက်နိုင်မှု (functional 

independence) နှင့်ခန္ဓာကိုယ်လုပ်ကိုင်နိုင်မှု(physical performance)တွေကို PT များက စမ်းသပ်

စစ်ဆေးနိုင်တယ်။ ပိုမိုတိုးတက်အောင်လည်းလုပ်ပေးနိုင်တယ်။ ဒါမှမဟုတ် လက်ရှိအခြေအနေက

နေယုတ်လျှော့မသွားစေရန် ထိန်းထားပေးနိုင်တယ်(assess, improve and/or maintain)ဆိုတာ

တွေပါပဲ။



ဥပမာ ၄ ခု ရွေးခြယ်ထုတ်နှုတ်ပေးထားတာကို လေ့လာကြည့်ကြရအောင်ပါ။



၁) အကြောအဆစ်ကုပညာရပ်သည် လတ်တလောနဲ့နာတာရှည်နာကျင်မှုဝေဒနာများကိုသိသိသာ

သာသက်သာအောင်ကုသပေးနိုင်တာကြောင့် မသန်စွမ်းမှုပိုပြီးမဖြစ်လာစေရန် ကန့်သတ်တားဆီး

ပေးနိုင်ခြင်း၊






















၂) အကြောအဆစ်ကုပညာရှင်များ၏ပညာဗဟုသုတ၊ ကျွမ်းကျင်မှုအတတ်နဲ့ရောဂါများအကြောင်း

နားလည်သိရှိထားတာတွေဟာ အကြောအဆစ်လူနာများရဲ့ လိုအပ်ချက်တွေကို ကူညီပေးနိုင်ခြင်း၊



၃) အကြောအဆစ်လူနာများရဲ့ လုပ်ကိုင်နိုင်မှုအစွမ်းအစတွေကိုအကောင်းဆုံးရှိလာစေဖို့ လူမှုအဖွဲ့

စည်းတွေ(community resources)ထံမှအကူအညီရယူနိုင်ရန်၊ လူနာများနဲ့ သူတို့၏မိသားစုများ

အား နည်းပေးလမ်းပြကူညီပေးခြင်း။



၎) ခန္ဓာကိုယ်လုပ်ကိုင်နိုင်မှုတိုးတက်လာတာနဲ့အမျှ ဘ၀အရည်အသွေးကောင်းမွန်လာတာတွေ

(quality of life) ဟာ တိုက်ရိုက်ကြောင်းကျိုးဆက်စပ်မှုရှိနေခြင်း။



ဒီအကြောင်းလေးကို အခုနောက်ပိုင်းမှာမှ သေသေချာချာဖတ်မိပေမယ့် ၂၀၀၇ ခုနှစ် ဇွန်လက က

နေဒါနိုင်ငံတွင်ကျင်းပခဲ့သော WCPT Congress တက်စဉ်က သြစတေးလျှနိုင်ငံသား PTတဦးနဲ့ ဒီ

အကြောင်းကို စပ်ပြီးပြောဖြစ်ခဲ့ပါသေးတယ်။ 



သူဖတ်နေတဲ့ The Medical Journal of Australia ထဲက သုတေသနစာတမ်းတစ်ခုဖြစ်တဲ့ဆေးရုံ

ကအရိုးအထူးကုပြင်ပဆေးခန်းတွေ(hospital orthopaedic outpatient care) မှာ ၀ါရင့်PTများကို 

အကြောအဆစ်လူနာများကြည့်ပေးဖို့တာဝန်ချထားတာနဲ့ပတ်သက်လို့အောင်မြင်မှုရှိတဲ့အကြောင်း

ပြောဖြစ်ခဲ့ကြတာပါ။























.


ဒါက အကြောအဆစ်ကုပညာရပ်၏တန်ဖိုးကို တိုးချဲ့ အသုံးချလာတဲ့ ဥပမာတစ်ခုပဲရှိပါသေးတယ်။


.


တကယ်က တစ်ခုမက အများကြီးရှိနေကြပါပြီ။


.


နောင်ကို ဆက်ပြီးဆွေးနွေးတင်ပြသွားပါဦးမယ်။








No comments:

Post a Comment