"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Thursday, January 18, 2024

နိုင်ငံတကာ - ဟိုအကြောင်း ဒီအကြောင်း (၄)

 

  



 ASEAN အာဆီယံ 






ဖိလစ်ပိုင်နှင့်အင်ဒိုနီးရှားတို့ စစ်ရေးပူးပေါင်းမှု

မနီလာ၏တောင်တရုတ်ပင်လယ်ရေပိုင်နက်တောင်းဆိုမှုကို တွန်းအားပေးနိုင်ဖွယ်ရှိ





တောင်တရုတ်ပင်လယ်ရေပိုင်နက်ကိစ္စနှင့်ပတ်သက်ပြီးအငြင်းပွားမှု(disputed South China Sea)
တွင် တရုတ်၏တနေ့တခြားဗြောင်ကျကျအနိုင်ကျင့်လာနေခြင်း(rising assertliveness) ကို အရှေ့  
တောင်အာရှနိုင်ငံများအနေဖြင့် ဆက်လက်ဖြေရှင်းနေရဆဲဖြစ်သည်။

ဖိလစ်ပိုင်သမတဖာဒီနန်မားကို့စ်ဂျူနီယာနှင့်အင်ဒိုနီးရှားသမတဂျိုကိုဝီဒိုဒိုတို့သည် ယင်းရေကြောင်း
အငြင်းပွားမှုနှင့်ဒေသတွင်းဆိုင်ရာလုံခြုံရေးကိစ္စများကိုဆွေးနွေးခဲ့ကြသည်။ဆွေးနွေးပွဲအပြီးသတင်း
ထုတ်ပြန်ရာတွင် ကုလသမဂ္ဂပင်လယ်ရေကြောင်းဥပဒေ(United Nations Convention on the Law
of the Sea)အား အာဆီယံကထောက်ခံထားခြင်းကို ထပ်လောင်းအတည်ပြုခဲ့ကြသည်။

မကြာခင်လအနည်းငယ်ကာလက ဖိလစ်ပိုင်နိုင်ငံအပေါ် ဗေကျင်း(တရုတ်ပြည်)၏ကျူးကျော်ရန်စမှု
လုပ်ရပ်များ(Beijing's aggressive actions)ကိုလူသိရှင်ကြားဖ်ာထုတ်သည့်နည်းဗျူဟာတရပ်ကို မနီ
လာ(ဖိလစ်ပိုင်) က အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ 
















တရုတ်နိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့(United Nations - UN) ၀င်နိုင်ငံတနိုင်ငံဖြစ်သည့်အပြင်
UNရဲ့ တကယ့်အရေးပါတဲ့'လုံခြုံရေးကောင်စီ'မှာလဲ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ(Permanent members 
of the United Nations Security Council)ဖြစ်နေပါတယ်။  

ဒီ'သုံမည်ရ'(Permanent Five, Big Five, or P5)လိုနေရာမျိုးမှာ တာဝန်ယူနေရာရထားတဲ့နိုင်ငံကြီး
ဖြစ်တဲ့တရုတ်နိုင်ငံက မြန်မာအပါအ၀င်အိမ်နီးနားချင်းအရှေ့ တောင်အာရှနိုင်ငံနဲ့အာရှနိုင်ငံများအပေါ်  
လှည့်ပတ်ရန်ရှာပြီး ပြောင်ပြောင်တင်းတင်း ဂုဏ်သိက္ခာမဲ့စွာဗိုလ်ကျအနိုင်ကျင့်နေတဲ့အပြင် အာဖရိက
နိုင်ငံအချို့ မှာလဲ ငွေထုတ်ပိုက်ပြီး (တချိန်က မြန်မာချစ်တီးကုလားတွေလို)အကြွေးကျွန်နစ်အောင်ဖန်
တီးပြီး ဂုတ်သွေးစုတ်နေတာဟာ စက်ဆုတ်ရွံစရာကြီး(disgusting)ပါ။ 




တရုတ်က လူပါးဝအနိုင်ကျင့်တဲ့ ထင်ရှားသာဓကတခု



             

တရုတ်ကမ်းခြေစောင့်ရေတပ်သင်္ဘောကြီးက ဖိလစ်ပိုင်ရေတပ်၏ထောက်ပို့မော်တော်ဘုတ်ငယ်
လေးကို (ဆင်နဲ့ဆိပ်ပမာ) ပြင်းအားကောင်းသည့်ရေပိုက်ကြီးဖြင့် အနိုင်ကျင့်ထိုးပက်နေစဉ်။




***






ပါလက်စတိုင်းသတင်းဌာန ၀ါဖာ(Palestinian state news agency WAFA) အရ ဂါဇာတောင်ပိုင်း
ရှိဆေးရုံကြီးအနီးတ၀ိုက်တွင် အစ္စရေး၏အပြင်းအထန်လေကြောင်းတိုက်ခိုက်မှုနှင့်ဆိုးရွားသောတိုက် 
ပွဲများဖြစ်ပွားနေကြောင်းသိရသည်။
 















No comments:

Post a Comment