"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, January 20, 2024

အသက်ကြီးလာတာနဲ့ အိုမင်းမစွမ်းဖြစ်ကြရတော့မှာလား (၃)

 

'အလေးမ' လေ့ကျင့်ကစားဖို့

အရွယ်အိုသည်မရှိ



အလေးမလေ့ကျင့်ကစားရန်အတွက် အရွယ်အိုလွန်းသွားပြီဆိုသည့်အသက်က မည်မျှရှိပါသနည်း။

ကျွမ်းကျင်ပညာရှင်များကမူ အလေးမလေ့ကျင့်ကစားရန်အတွက် အသက်အရွယ်အိုလွန်းသွားပြီဟူ 

သည်မရှိဟုဆိုကြသည်။


မိမိတို့ အသက်ကြီးလာသည်နှင့်အမျှ ကြွက်သားထုဆုံးရှုံးလာမည်။ အင်အားလျှော့ပါးလာမည်။ 

ဆက်ပြီးမကြီးထွားနိုင်တော့။ 

တချိန်တည်းမှာပင် အမျိုးအစား(၂)ဆီးချိုးရောဂါ၊သွေးတိုးရောဂါ၊ အ၀လွန်ခြင်း၊ ခန္ဓာကိုယ်ချိနဲ့ခြင်း

နှင့်ခင်ကလိုလွတ်လွတ်လပ်လပ်မသွားလာမလုပ်ကိုင်နိုင်တော့ခြင်း အစရှိသည့်အန္တရာယ်များ 

ဖြင့်ကြုံတွေ့ရန်နီးလာပေပြီ။


မည်သို့ဆိုစေကာမူ အသက်ကြီးလာသူများအနေဖြင့် အလေးမလေ့ကျင့်ကစားပေးခြင်းဖြင့် ကြွက်

သားများကြီးထွားသန်စွမ်းစေရန်အားပေးနိုင်ပါသည်။ 

သို့တစေ အသက် ၇၅ နှစ်ကျော်လက်တစ်ဆုပ်စာအရေအတွက်လောက်သာ ကြွက်သားသန်စွမ်းမှု

လေ့ကျင့်ခန်းများကို တပတ်ကိုအနည်းဆုံးနှစ်ကြိမ်လုပ်ကြလေသည်။ 














"အလေးမလေ့ကျင့်ကစားဖို့ အရွယ်အိုလွန်းသွားပြီဆိုတာမျိုး လုံးဝမရှိပါဘူး။ ယုတ်စွအဆုံး သူတို့မှာ

အဆစ်ရောင်ရောဂါ နှလုံးရောဂါ ဒီမဲန်းရှားရောဂါ(dementia)နဲ့အရိုးပွဆတ်တဲ့ရောဂါတွေရှိနေခဲ့ရင်လဲ

ကြွက်သားသန်စွမ်းမှုလေ့ကျင့်ခန်းတွေကို လုပ်နိုင်တာပါပဲ" ဟု အားကစားဆိုင်ရာဆေးပညာရှင်များ

(Sports Medicine Experts)များက ဆိုထားပါသည်။

ထိုကြောင့် အသက် ၆၅ နှစ်နှင့်အထက်ရှိသူများသည်၊ 

- တကြိမ်လျှင် မိနစ် ၃၀ ကနေ ၆၀ အထိ

- တပတ်မှာ ၂ ရက်ကနေ ၄ ရက်အထိ လေ့ကျင့်လှုပ်ရှားပေးကြရန် အမေရိကန်အားကစားဆိုင်ရာ

ဆေးပညာကောလိပ်(American College of Sports Medicine)က လမ်းညွှန်တိုက်တွန်းထားသည်။


အကြောင်းမှာ အထက်ဖော်ပြပါလေ့ကျင့်မှုများသည်၊

- လမ်းလျှောက်အမြန်နှုံး(walking speed)

- ခြေထောက်ကြွက်သားသန်စွမ်းမှု

- ထိုင်ခုံမှ ထရပ်နိုင်စွမ်း အစရှိသည့်လွတ်လွတ်လပ်လပ်သွားလာလုပ်ကိုင်နိုင်ခြင်းအတွက်အရေးကြီး

သောလိုအပ်ချက်များကို တိုးတက်စေမည်ဖြစ်သည်။


မှတ်ချက်။ ။ မိမိ၏လက်ရှိကျန်းမာရေးအခြေအနေနှင့်လုပ်ကိုင်နိုင်စွမ်းများအပေါ်မူတည်လျက် အ

လေးမလေ့ကျင့်ကစားခြင်းကို မည်သို့စတင်ပြုလုပ်နိုင်ကြောင်းကို ဆရာဝန်နှင့်ဦးစွာတိုင်ဆွေးနွေးကြ

ရန်လို အထူးလိုအပ်ပါသည်။















***





No comments:

Post a Comment