"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Monday, January 15, 2024

ယောဂကျင့်စဉ်နှင့်ကျန်းမာရေး (၂)



'ယောဂနှင့်ဇီဝက္မဖြစ်စဉ်'စာအုပ်
ရေးသားပြုစုသူများ







ကျနော်တို့ ၂ ယောက်လုံးက ခန္ဓာဗေဒ(Anatomy)နဲ့ ဇီဝက္မဗေဒ(physiology)ပညာရပ်တွေကို ရှု
ထောင့်အမျိုးမျိုးကနေ နှစ်ပေါင်း၂၀ ကျော်သင်ယူလေ့လာခဲ့ကြပါတယ်။

ဒါပေမယ့် ဒီလူ့ခန္ဓာကိုယ်ကြီးကို ယနေ့တိုင်အထိကို အံ့မခန်းဖြစ်နေရဆဲပါပဲ။ 

ဒါကြောင့် ဒီစာအုပ်သည် ကျနော်တို့ရဲ့ လူ့ခန္ဓာကိုယ်ကြီးအပေါ်နှစ်သက်မြတ်နိုးမှုရယ် သိပ္ပံပညာရပ်
နဲ့ယောဂကျင့်စဉ်၏အဆက်အစပ်ရှိနေမှုတွေရယ်ကို စာဖတ်ပရိသတ်နဲ့မျှဝေခံစားနိုင်ဖို့ တကယ့်အ
ခွင့်ရေးတရပ်ဖြစ်ခဲ့တာပေါ့ဗျာ။

စာပေနဲ့မှတ်တမ်းမတင်ခဲ့မီခေတ်တွေကတည်းက တဆင့်စကားတဆင့်နားနဲ့လူပြောသူပြောများနေ
ခဲ့ကြတဲ့ ကျန်းမာရးနဲ့ပတ်သက်သည့်အကြောင်းအရာတွေကို ရှာဖွေဖော်ထုတ်ပြီးလေ့လာစူးစမ်ကြရ
တာကို ဒီဖက်နှစ်ကာလများမှာ ကျနော်တို့နှစ်သက်လာခဲ့ကြပါတယ်။

ဥပမာပြောရရင် Sirsasana လို့ခေါ်တဲ့ ခေါင်းပေါ်မှာဇောက်ထိုးရပ်တာ(HeadStand)ဟာ ဦးနှောက်
ထဲမှာရှိတဲ့ Pineal gland ကို လှုံ့ဆော်မှုဖြစ်စေနိုင်သလားဆိုတာရယ်။ ယောဂကျင့်စဉ်က ဒီကနေ့လူ
များကြုံတွေ့နေကြရတဲ့စိတ်သောကဖြစ်မှုတွေကို ကူညီဖြေလျှော့ပေးနိုင်ပါသလားဆိုတာမျိုးရယ်၊ 








Yoga twists လို့ခေါ်တဲ့ ကျောရိုးခါးရိုးတန်းကိုလိမ်(လှည့်)ပြီး ကျောဘက်ကကြွက်သားတွေကိုဆွဲ
ဆန့်ပေးတာဟာ အသည်းထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါသလားဆိုတာတွေ
ဖြစ်ပါတယ်။







ကျနော်တို့၏အဆုံးစွန်ဆုံးရည်မှန်းချက်ကတော့ စာဖတ်သူများအနေနဲ့ မိမိတို့ရရှိထားတဲ့ခန္ဓာကိုယ်
ကြီး၏တန်းဖိုးကို သိရှိသဘောပေါက်ပြီး ယောဂကျင့်စဉ်ကိုနှစ်သက်မြတ်နိုးကြစေချင်တာပါ။ 

စာအုပ်ရေးသားရတဲ့ မိမိတို့၏မျှော်လင့်ချက်က ယောဂသင်တန်းဆရာများ(yoga teachers)နဲ့ကိုယ်
ဟန်လှုပ်ရှားသင်တန်းဆရာများ(movement teachers)အား၊

- သူတို့ကိုယ်ကိုသူတို့ ယုံကြည်မှုပိုမိုရှိလာစေချင်တာရယ်၊ 
- လူ့ခန္ဓာကိုယ်ကိုကိုင်တွယ်ပြီး သင်တန်းပေးတဲ့အခါတွေမှာ ကြောက်လန့်စိုးရိမ်ပူပန်မှုရှိနေတတ်တာ
များကနေ သက်သာမှုရှိစေချင်တာရယ်၊ 
နောက်ပြီးတော့ 
- သင်တန်းဆရာများအနေနဲ့ သူတို့ရဲ့ ယောဂလေ့ကျင့်မှုများမှာ ဗဟုသုတတိုးပွားပြီး အကျိုးဖြစ်စေချင်
တာတွေဖြစ်ပါတယ်။





တကယ်က ယောဂလေ့ကျင့်ခြင်းဖြင့်ရရှိလာတဲ့အကျိုးကျေးဇူးက အကြောဖြေအကြောဆန့်ပြီး နေ
လို့ထိုင်လို့ကောင်းတယ်ဆိုတာထက် အများကြီးပိုပါတယ်ဗျာ။

အဲဒါထက် အများကြီး အများကြီးကို အကျိုးအမြတ်ရရှိခံစားရတာပါ။

ဒါဆိုလို့ရှိရင် ယောဂဆိုတာဘာလဲဆိုတာကို အရင်ကြည့်လိုက်ကြရအောင်ပါ။ What is Yoga?

ယောဂဆိုတာ လက်တွေ့ဒဿန(philosophical practice)အလေ့အကျင့်တခုဖြစ်ပါတယ်။ တနည်း
ပြောရရင်တော့ ဒဿနကျကျတွေးခေါ်မျှာ်မြင်မှု(philosophical thinking)တရပ်ကို လက်တွေ့အ
သုံးချထားတာပါ။ သမရိုးကျဿန(traditional philosophy)လို ပညာရပ်ဆိုင်ရာသုတေသနမျိုး
မဟုတ်ပါဘူး။








ဆက်ရေးပါဦးမယ်။




No comments:

Post a Comment