"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, January 28, 2024

အမျိုးသမီးနှင့်ကာယအလှလေ့ကျင့်မှု (၂)

 



အမှတ် (၁) တွင် 

အားကစားလေ့ကျင့်ကြတဲ့ အမျိုးသမီးအများစုမှာ

အောက်ပိုင်းသန်မာပြီး အပေါ်ပိုင်းဘာ့ကြောင့်အားပျော့ကြရတာလဲ?

ဆိုသည့်မေးခွန်းကို မေးထားခဲ့သည်။


ယင်းမေးခွန်း၏အဖြေကို ရှာကြည့်ကြပါစို့။

ခန္ဓာကိုယ်အပေါ်ပိုင်း၏ကြံ့ ခိုင်သန်စွမ်းမှု(Upper body strength)သည် ခန္ဓာကိုယ်အပေါ်ပိုင်းနှင့်

အောက်ပိုင်းတို့၏ကြွက်သားအားမျှခြေ(Muscle balance)ကို ထိန်းညှိထားခြင်းတွင်အဓိကကျနေ

ပါသည်။

သို့ရာတွင် အမျိုးသမီးအတော်များများက ရင်ဘတ်၊ ကျော၊ ပခုံးနှင့်လက်မောင်းအစရှိသည်တို့၏

သန်စွမ်းမှုကို အလေးအနက်ထားရန်သတိမေ့နေတတ်ကြသည်။ ယင်းခန္ဓာကိုယ်အပေါ်ပိုင်းကြွက်

သားများထက် တင်ပါး၊ ပေါင်တံနှင့်ခြေထောက်အစရှိသော ခန္ဓာကိုယ်အောက်ပိုင်းကြွက်သားများ

ကိုသာ ဦးစားပေးလေ့ကျင့်တတ်ကြသည်။ 






















ထိုကဲ့သို့ အမျိုးသမီးများစွာတို့က အောက်ပိုင်းကြွက်သားများကို အလေးထားလေ့ကျင့်ကြခြင်းမှာ

တုတ်တုတ်ခိုင်ခိုင်ဖြစ်နေသည့်ခြေထောက်များ(larger-looking legs) တို့အား သေးသွယ်ကျစ်လစ်

သွားစေရန်(slim down)အတွက် ရည်ရွယ်ဟန်တူပါသည်။  


 ဤနေရာတွင်သတိပြုသင့်သည့်အချက်မှာ ခန္ဓာကိုယ်တစိတ်တပိုင်းအားကွက်ပြီးလေ့ကျင့်ပေးခြင်း

(Spot reduction) သည် ကိုယ်အလေးချိန်လျှော့ချရေးနှင့်သန်စွမ်းမှုရှိရေးတို့အတွက် မထိရောက်

သည့်လေ့ကျင့်နည်းစနစ်များ (Ineffective method to lose weight and increase strength)ဖြစ်နေ

ခြင်းပင်ဖြစ်သည်။    













No comments:

Post a Comment