တနေ့က ဖေ့စ်ဘွတ်မှာ မြတ်လေးမဂ္ဂဇင်းထဲက စာရေးဆရာမောင်သော်က၏'ခင်တော့ခင်တယ်
အားတော့မနာနိုင်ဘူး'ဆိုတဲ့ ခဲချက်ပုံကြမ်းစာလေးကို ခိုင်ရွှေညှာပို့စ်မှာဖတ်လိုက်ရပါတယ်။
ဒီအခါမှာ သူယုံကြည်ရာစာပေနှင့်နိုင်ငံရေးအတွက် အသက်စွန့်လွှတ်အနစ်နာခံသွားသည့် ဆရာ
မောင်သော်ကနှင့်တွေ့ဆုံခဲ့တဲ့အတိတ်ကပုံရိပ်ကို ပြန်လည်မြင်ယောင်မိပါတယ်။
ဆရာမောင်သော်ကကို ရန်ကုန်မြို့  ၃၃ လမ်း(အထက်ဘလောက်)က ပေဖူးလွှာမဂ္ဂဇင်းတိုက်မှာ
စပြီးတွေ့ခဲ့ဖူးတာပါ။
၁၉၈၃-၈၄ ၀န်းကျင်လောက်ကဖြစ်မယ်ထင်ပါတယ်။
အဲဒီအချိန်က မိမိသည် မိမိနှင့်ရင်းနှီးသည့် ပေဖူးလွှာမဂ္ဂဇင်းတာဝန်ခံအယ်ဒီတာဦးခင်မောင်မြင့်
နှင့်အုပ်ချုပ်ရေးမှူးဦးဝင်းနိုင်တို့ဆီကို တခါတခါအလည်ရောက်တတ်ပါတယ်။ စာတည်းချုပ်က
တော့ ဦးမြလှိုင်ဖြစ်ပါတယ်။
ဆရာမောင်သော်ကလည်း ပေဖူးလွှာကို မကြာခဏဆိုသလိုရောက်လာပြီး ဆရာဦးမြလှိုင်နဲ့စကား
စမြည်ပြောတာတွေ့ရပါတယ်။ ဒီမဂ္ဂဇင်းတိုက်မှာပဲ ကဗျာဆရာဖျာပုံနီလုံဦးနှင့်တွေ့ပြီး စာပေမိတ်
ဆွေဖြစ်ခဲ့ပါတယ်။ ကိုနီလုံဦးက ပေဖူးလွှာစာတည်းအဖွဲ့မှာ ကိုဝင်ငြိမ်း(ရွှေအမြုတေ)၊ ကိုမျိုးမြင့်
ငြိမ်းတို့နဲ့အတူရှိနေတာပါ။
ထိုအချိန်တုန်းက ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်နေ၀င်းတဖြစ်လဲ ပါတီဥက္ကဋ္ဌ
ဦးနေ၀င်း၏မဆလအစိုးရခေတ်နှင့်စနစ်တို့ရဲ့ အဆီအခေါ်မတည့်မှုတွေကို ဆရာမောင်သော်ကက
လုပ်သားပြည်သူ့နေ့စဉ်သတင်းစာနှင့်ကြေးမုံသတင်းစာများမှာ ထိထိမိမိဝေဖန်သရော်သည့်စာများ
ရေးသားခဲ့တာကို မိမိ မှတ်မိနေပါတယ်။
သူ့လိုပဲ အဲဒီသတင်းစာ ၂ စောင်မှာ အစိုးရနဲ့ဝန်ကြီးဌာနများကို ပေါ်ပေါ်ထင်ထင်ကြီးဝေဖန်သရော်
ပြီးရေးသားခဲ့သူနောက်တဦးကတော့ 'သတင်းထောက်ဈန်ရ'ဖြစ်ပါတယ်။
စာရေးဆရာမောင်သော်ကသည် တချိန်က မြန်မာ့တပ်မတော်ရေတပ်မှာ ဗိုလ်မှူးအဆင့်ထိတာဝန်
ထမ်းဆောင်ခဲ့ဖူးတာဖြစ်လို့ မဆလစစ်အစိုးရကအငြိုးနဲ့ဖမ်းဆီးထောင်ချပြီး ရက်ရက်စက်စက်ညှဉ်း
ပန်းနှိပ်စက်ကာ ထောင်ထဲမှာ တမင်သတ်ပစ်လိုက်တာဖြစ်တယ်။
ဒီနေရာမှာ ဒီကနေ့မင်းအောင်လှိုင်ရဲ့ နေ့တဓူဝမိုက်ကမ်းယုတ်မာနေတာတွေကိုကြည့်ရင် အလံနီ
ကွန်မြူနစ်ပါတီခေါင်းဆောင်သခင်စိုးက မြန်မာစစ်တပ်နဲ့ပတ်သက်ပြီးမှတ်ချက်ပြုထားတာလေးကို
အထူးသတိပြုကြဖို့ လိုပါတယ်။
အဲဒါကတော့၊
"မြန်မာစစ်တပ်ဟာ သန္ဓေမမှန်ဘူး။
ဖက်ဆစ်သန္ဓေ ပါလာတယ်။
တနေ့ တိုင်းပြည်ကို ဒုက္ခပေးလိမ့်မယ်"
ဆိုတာပါပဲ။
အဲဒီအချိန်က သခင်စိုးရဲ့ 'မှတ်ချက်'သည် ဒီကနေ့ကြုံတွေ့နေရတဲ့စိတ်မကောင်းစရာအဖြစ်အ
ပျက်တွေနဲ့စံထိုးကြည့်ရင် သခင်စိုးရဲ့ 'ဟောကိန်း'တခုဖြစ်လာခဲ့ပါပကောလားလို့ ပြောရတော့
မှာဖြစ်ပါတယ်။
မြန်မာ့သမိုင်းမှာ ကိုယ့်လူမျိုးတွေအချင်းချင်းအပေါ် မြန်မာခွေးစစ်တပ် (တပ်မတော်မဟုတ်ပါ)
ရဲ့ အောက်တန်းကျကျ အကျင့်သိက္ခာမဲ့လူမဆန်စွာ ပြုမူဆက်ဆံလုပ်ကိုင်နေတာဟာ သခင်စိုး
၏သုံးသပ်ချက်ဖြစ်ခဲ့တဲ့ သန္ဓေမမှန်ခဲ့ရာကနေ အခုအချိန်မှာတော့ ပြည်သူအားလုံး၏''တသွေး-
တသံ-တမိန့်'ကြောင့် စစ်ခွေးတပ်ရဲ့ 'သန္ဓေဆိုးမွေ'သည် လုံးဝဥဿုံကြီးကို'သားလျော'ပျက်ကျ
တော့မှာ ဧကံမလွဲမြင်တွေ့နေကြရပါပြီ။
No comments:
Post a Comment