အခုတလောမှာ အိမ်ရှင်မ၏ကျန်းမာရေး အနည်းငယ်မကောင်းတာကြောင့် မိမိခွင့်မကြာခဏယူပြီး
အိမ်မှာအနေများပါတယ်။
ရင်ဘတ်နာလို့ဆရာဝန်ကပေးတဲ့ဆေးက အိပ်ချင်ပြီး လှဲအိပ်နေရတာကြောင့် မိမိက ကိုယ့်အိမ်မှာ
ကိုယ် လူနာစောင့်လုပ်နေရပါတယ်။
အိမ်ထဲမှာ ဟိုနားဒီနားသွားရင်း ခေါင်းမကြည်တာကြောင့် လူကြီးဆိုတော့ လဲကျမှာစိုးလို့ပါ။ တွဲကူ
ပေးဖို့တော့မလိုပါဘူး။ စောင့်ကြည့်ပေးရုံလေးပါ။
မနက်ပိုင်းမှာ နံနက်စာသွားဝယ်ရင်း အိမ်အတွက်စားစရာနဲ့ တခြားလိုအပ်တာလေးတွေလဲ ၀ယ်ခဲ့ရ
ပါသေးတယ်။
ဒီလိုနဲ့ အိမ်ရှင်မခမျာ အပြင်မထွက်ရတာ အတော်လေးကြာသွားခဲ့ပါတယ်။
ဒီနေ့မနက်မှာ အပြင်မသွားဖြစ်တာကြာပြီဖြစ်တဲ့အိမ်ရှင်မကို အပျင်းလဲပြေပြီး အညောင်းအညာလဲ
ပြေစေဖို့ မြန်မာရွာကြီးရှိရာပဲန်နင်းစူးလားပလာဇာကုန်တိုက်(Peninsula Plaza)ကို ပို့ပေးပါတယ်။
နောက်တခုက မြန်မာရွာကြီးက အင်လေးစားသောက်ဆိုင်မှာ မုန့်ဟင်းခါးနဲ့ဗူးသီးကျော်စားချင်တာ
လဲပါပါတယ်။
မုန့်ဟင်းခါးစားချင်လို့ မိမိနေတဲ့စင်ကာပူအနောက်ပိုင်းကနေ မြန်မာရွာကြီးရှိရာ မြို့ လယ်ခေါင်ကို
ကားနှစ်တန်စီးပြီး ၁ နာရီခွဲကြာတကူးတကသွားခဲ့ရပေမယ့် စားတဲ့အခါမှာကျေနပ်မှုရှိတာကြောင့်
သွားရတာတန်တယ်လို့ပြောရမှာပါ။
ပထမဘတ်(စ)ကားက ဒေသအတွင်းမှာပဲ ခရီးတိုလေးသွားတာဖြစ်လို့ မိနစ် ၂၀ လောက်ပဲစီးရတာ။
ဒုတိယဘတ်(စ)ကားက လမ်းကြောရှည်တာကြောင့် တနာရီကြာစီးရတယ်။
ဒါပေမယ့် နှစ်ထပ်ကားရဲ့ အပေါ်ထပ်ကစီးသွားတာကြောင့် လမ်းဘေးဝဲယာကစိမ်းစိမ်းစိုစိုသစ်ပင်
ပန်းပင်တွေကို တလျှောက်လုံးကြည့်သွားရတာဖြစ်လို့ အနားယူခရီးလေးတခုသွားသလိုခံစားနှစ်
သက်မိတာပါပဲလေ။ အလှအပနေရာတချို့ ကို ဓာတ်ပုံရိုက်ခဲ့သေးတယ်။
မြန်မာရွာကြီးကိုရောက်တော့ မနက် ၁၁ နာရီမထိုးသေးဘူး။ ဆိုင်မဖွင့်သေးလို့အပေါ်ထပ်တွေတက်
ပြီး မြန်မာပစ္စည်းမျိုးစုံရောင်တဲ့ဆိုင်တွေကို ၁၅ မိနစ်ခန့်လျှောက်ကြည့်ဖြစ်ခဲ့ကြတယ်။
မနက် ၁၁ နာရီမှာ အင်းလေးစားသောက်ဆိုင်ရှိတဲ့မြေအောက်ထပ်ကိုပြန်ဆင်းသွားပြီး မုန့်ဟင်းခါး၊
ဘူးသီးကြော်နဲ့ လက်ဘက်ရည်စားသောက်ကြပါတယ်။ အဲဒီမနက်က အင်းလေးဆိုင်ရဲ့ ပထမဆုံး
ဈေးဦးပေါက် ကပ်စတာမာ ၂ ဦးပေါ့။
ပုံမှာတွေ့ရတဲ့အတိုင်း မုန့်ဟင်းခါးက ပန်းကန်ကြီးကြီးနဲ့မို့ စားရတာဗိုက်အပြည့်ပါ။ ဘူးသီးကြော်ကလဲ
ပူပူနွေးနွေးနဲ့ မုန့်ဟင်းခါးထဲမှာပါလာတဲ့ပဲကြော်နဲ့တွဲစားလို့ အဆင်ပြေပါတယ်။ တို့စရာအချဉ်လေးက
အကြော်နဲ့လိုက်ဖက်လို့ပါပဲ။
No comments:
Post a Comment