"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, January 21, 2024

ကျနော် အထီးကျန်ချစ်သူ





အထီးကျန်စွာနေတတ်ခြင်း သို့မဟုတ် တစ်ယောက်ထဲနေတတ်ခြင်း (The Art of Being Alone) ဆို
တဲ့ခေါင်းစဉ်နဲ့ အထက်ကစာအုပ်လေးကိုတွေ့တော့ မိမိ အတော်လေးစိတ်ဝင်စားသွားခဲ့မိပါတယ်။

'ငါ နေတတ်တာမျိုး၊ ငါကြိုက်တဲ့နေချင်တာမျိုး'နဲ့များတူလေမလားဆိုပြီး စာအုပ်အညွှန်းလေးကိုဖေ့စ်
ဘွတ်မှာ စူးစမ်းဖတ်ကြည့်လိုက်ပါတယ်။

မိမိမှာ အဲဒီစာအုပ်မှ မရှိတာပဲဟာ။
ဒီတော့ စာအုပ်အညွှန်းပဲ ဖတ်ကြည့်ရတာလေ။

အင်္ဂလိပ်လို စာလုံးတစ်လုံးထဲက Solitude ပါ။
Solitude ကို အဘိဓာန်က the state or situation of being alone, kept apart from others လို့ 
အနက်ဖွင့်ထားပါတယ်။

ဒါနဲ့ ရှေ့ ကိုဆက်ဖတ်တဲ့အခါ Embrace Solitude, Not Lonelinessလို့ရေးထားပြီး တဆက်တည်း
မှာပဲ The book distinguishes between solitude and loneliness ဆိုကာ ဒီစကားနှစ်လုံးရဲ့ မတူ
ကွဲပြားမှုကို စာအုပ်ကရှင်းပြထားတယ်ဆိုပါတယ်။ 

ဒီတော့မှ ဒီစာလုံးနှစ်လုံးကို မိမိ အရင်က ရေရေရာရာမသိထားဘဲ အဓိပ္ပာယ်တူသလိုလို ဒါမှမဟုတ် 
တူသယောင်ယောင်ထင်ခဲ့မိတာ သိရပါတယ်။




ဒီလိုဆိုရင် စာအုပ်ရေးသူက Solitude နဲ့ Loneliness စကားလုံး ၂ လုံး၏မတူညီမှုကို ဘယ်လိုရှင်းပြ
ထားသလဲဆိုတာလေး ကြည့်လိုက်ကြရအောင်ပါ။



Solitude is the state of being alone.

'ဆော့လစ်ကျု့ ' က 'တကိုယ်တည်းနေတာ' ကိုပြောတာ။

Loneliness is a feeling of isolation and disconnection.

'လုံးလီးနက်စ်' က 'အဖော်မဲ့တာ၊ အဖက်အလုပ်မခံရတာ' ကိုပြောတာပါတဲ့။ 

ကဲ ဘာသာဗေဒ(ဘာသာစကား) လေ့လာမှုကို ဒီမှာတင်ပဲ ရပ်လိုက်ကြပါစို့။

ကျနော်နဲ့တကိုယ်တည်းနေခြင်းအကြောင်းကို ဆက်ပြောချင်ပါတယ်။

သာမန်လူတယောက်ရဲ့ ခံစားမှုနဲ့အမြင်ရယ်ပါ။


မိမိသည် လူမှန်းသိစအရွယ်ကတည်း တယောက်ထဲနေတတ်ခဲ့ပြီး အဲဒီလိုနေနေရတာကိုလဲ သိပ်ပြီး
နှစ်သက်ခုံမင်ခဲ့တာ။ တနည်းပြောရရင် အရသာကိုတွေ့နေတော့တာ။

ကိုယ့်တွေးချင်တာတွေကို လွတ်လွတ်လပ်လပ်ကြီးတွေးနေတတ်တာ။ 
ကိုယ်လုပ်ချင်တာတွေကိုလဲ အနှောက်အယှက်ကင်းကင်းပဲ လုပ်နေတတ်တာ။

တွေးနေတာတွေရော လုပ်နေတာတွေကိုပါ ကိုယ့်ဖာသာကိုယ် ခြံခတ်ကာရံပြီး သော့ခတ်ထားလိုက်
သေးတာ။ 
တယောက်ထဲပဲလေ။
နောက်ပြီး တကိုယ်တည်းမှတကိုယ်တည်းထဲရယ်။
ပြည့်စုံလို့ပါ။














































 











No comments:

Post a Comment