"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, January 27, 2024

ဆေးဘက်ပညာရှင်များနေ့

 


မနေ့က ဆေးရုံမှာ Allied Health Professions (AHPs') Day ကျင်းပခဲ့တာပါ။






'ဆေးဘက်ပညာရှင်များနေ့'ကျင်းပခြင်းကို ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၄ ရက်နေ့တွင် စတင်ခဲ့ခြင်း
ဖြစ်သည်။

အဲဒီနှစ်က အစာအာဟာရပညာရှင်(Dietician) ရေချယ်ဘရဲန်းရက်(သ)နှင့် စကားပြောကုသပညာရှင်
(Speech and Language Therapist) ကယ်ရီဘစ်ဒယ်တို့နှစ်ဦး ဘတ်(စ)ကားပေါ် အမှတ်မထင်တွေ့ 
ဆုံရာက စကားစမြည်ပြောဖြစ်ခဲ့ကြသည်။  

ထိုစဉ်က အင်္ဂလန်နိုင်ငံတွင်ရှိနေသော ဆေးဘက်ပညာရှင်အဖွဲ့(Allied Health Professional groups) 
၁၂ ဖွဲ့အနေဖြင့် လူနာပြုစုစောင့်ရှောက်မှုတွင် ဦးဆောင်ဦးရွက်အခန်းမှ တည်ထွင်ပြောင်းလဲမှုများပြု
လုပ်ရန်(Innovative changes to patient care) ကိုလည်းကောင်း၊ တနိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်
ဆောင်မည့် အနာဂတ်ကျန်းမာရေးမူဝါဒစီမံကိန်းများ(future health policy)တွင် အင်တိုက်အားတိုက်
ပါဝင်ကြရန်လည်းကောင်း၊ ဆေးဘက်ပညာရှင်များ၏သီးသန့်ကျွမ်းကျင်မှုဝိသေသများ(exceptional 
qualities of AHPs)အားထုတ်ဖော်ပြသကြရန်လည်းကောင်းသုံးသပ်ဆွေးနွေးကြရာက လူမှုအဖွဲ့ ဆိုင်
ရာဆောင်ရွက်ရေးအကြံတရပ်ပေါ်ပေါက်လာခဲ့သည်။















အင်္ဂလန်နိုင်ငံ၏ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် AHPs များသည်တတိယအင်အားအတောင့်
တင်းဆုံးသော ကျန်းမာရေးဝန်ထမ်းအင်အားစု(third-largest clinical workforce) ဖြစ်နေပြီး အမျိုး
သားကျန်းမာရေးစောင့်ရှောက်မှုစနစ်(National Health Service - NHS)၏ ရေရှည်စီမံကိန်း(NHS
Long Term Plan)တွင် အဓိကအခရာကျသောနေရာမှထောက်ကူဆောင်ရွက်ပေးလျက်ရှိနေကြပါ
သည်။ 

သို့ဖြစ်ရာ 'ဆေးဘက်ပညာရှင်များနေ့'သည် နိုင်ငံ၏ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအပေါ် AHPs
၏ကြီးမားထင်ရှားသည့်အကျိုးသက်ရောက်မှုရှိနေခြင်းအား မီးမောင်းထိုးပြသည့်နေ့၊ တနည်းအားဖြင့် 
ယင်းအချက်ကို ဖော်ထုတ်ပြသရာစင်မြင့်(platform)တခုဖြစ်ပါတော့သည်။


















No comments:

Post a Comment