"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Wednesday, January 17, 2024

အသက်ကြီးသူများ ကျန်းမာရေးလေ့ကျင့်ခြင်း(၁)

 



ပြီးခဲ့သောအပတ် ကြာသပတေးနေ့က ဂျူရောင်းဒေသကြီးစာကြည့်တိုက်(Jurong Regional Library)

ကငှားခဲ့သည့် စာအုပ် ၅ အုပ်ထဲမှနောက်တအုပ်သည် Quick Functional Exercises for Seniors ဖြစ်

သည် (အထက်ပုံ)။

ထိုစာအုပ်တွင် အသက်အရွယ်ကြီးသူများ၏ကျန်းမာရေးကို အမြင့်မားဆုံးရရှိစေနိုင်သည့်ကိုယ်လက်

လှုပ်ရှားလေ့ကျင့်ခန်း ၅၀ ထည့်သွင်းဖော်ပြထားသည်ဟုဆိုပါသည်။ 


စာအုပ်ကိုရေးသားပြုစုသူ ဒေါက်တာCody Sipe သည် ကျန်းမာကြံ့ခိုင်မှုလုပ်ငန်းနယ်ပယ်(Fitness in-

dustry)တွင် တဦးချင်း သို့မဟုတ် အသင်းအဖွဲ့လိုက်သင်တန်းပြသူ(personal trainer)၊ ကြံ့ခိုင်လေ့ကျင့်

ရေးသင်တန်းဆရာ(fitness instructor)၊ ကျန်းမာရေးစီမံဆောင်ရွက်ရန်(manage and prevent inju

ties and chronic conditions) လိုအပ်သည့်သတင်းနှင့်အကြံဥာဏ်ပေးသူ(exercise physiologist)

နှင့် သင်တန်းကလပ်ပိုင်ရှင် စသည့်လုပ်ငန်မျိုးစုံလုပ်ကိုင်ခဲ့သူဖြစ်သည်။


ဒေါက်တာ Cody Sipe သည် Harding University ရှိ အကြောအဆစ်ကုပညာရပ်အစီအစဉ်(Physical

Therapy program) မှာ ယခုအခါ တွဲဖက်ပါမောက္ခနှင့် လက်တွေ့သုတေသနညွှန်ကြားရေးမှူးအဖြစ်

တာဝန်ထမ်းဆောင်လျက်ရှိသည်။ 







 


 







စာအုပ်မာတိကာ














ယခုစာအုပ်တွင် အခန်း (၇) ခန်းပါရှိသည်။

၁။ အသက်ရှည် ကျန်းမာစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း(Functional Longevity)

၂။ လုပ်ကိုင်နိုင်စွမ်းထိန်းသိမ်းခြင်း(လှုပ်ရှားမှု၊ ကြွက်သားအင်အား၊ ကိုယ်နေဟန်ထားကောင်းမှု)

ဆိုင်ရာလေ့ကျင့်ခြင်း(Functional Training)

၃။ နှလုံးနှင့်သွေးကြောဆိုင်ရာကျန်းမာရေးလေ့ကျင့်ခန်းများ

     (Cardiovascular Endurance Exercises)

၎။ ကြွက်သားသန်စွမ်းရေးနှင့်အင်အားမြင့်မားရေးလေ့ကျင့်ခန်းများ

     (Exercises for Strength and Power)

၅။ ကိုယ်နေဟန်ထားထိန်းကျောင်းမှုနှင့်လှုပ်ရှားမှုတို့အတွက်လေ့ကျင့်ခန်းများ

      (Exercises for Strength and Power)

၆။ ခန္ဓာကိုယ်အပေါ်ပိုင်းနှင့်အောက်ပိုင်းကြွက်သားများတောင့်တင်းစေရေးလေ့ကျင့်ခန်းများ

     (Core and Posture Exercises) 

၇။ လေ့ကျင့်မှုအစီအစဉ်ရေးဆွဲခြင်း(Building a Program)













-----

 

ဒီမှာ မိတ်ဆွေ

ကိုယ်လက်လေ့ကျင့်ခန်းကို အခုချက်ချင်းလုပ်လိုက်စမ်းပါဗျာ။

သိတယ်မဟုတ်လား။

' မိုင်တစ်ထောင်ရဲ့ ခရီးအစဟာ ပထမဆုံးခြေလမ်းပဲ ' ဆိုထားတာလေ။ 

ဒါကြောင့် တွေးမနေနဲ့ 

ငေးမနေနဲ့ 

ဖင့်နွဲမနေပါနဲ့တော့။


ကိုယ်လက်လေ့ကျင့်ခန်းဆိုတာ ကျန်းမာကြံ့ခိုင်ရေးမှာ အစွမ်းအထက်ဆုံးလက်နက်ပါ။

နေရာတို့ 

အချိန်တို့ 

လေ့ကျင့်ပစ္စည်းတို့ 

ရာသီဥတုပူတာအေးတာတို့ အစရှိသဖြင့် ဟိုအကြောင်းပြ ဒီအကြောင်းပြ မဆီမဆိုင်းတာတွေ

လုပ်မနေစမ်းပါနဲ့။

 စောင့်နေလေလေ လုပ်ဖြစ်ဖို့အရေးက ကြံ့ကြာနေတတ်လေပဲဗျ။

 ပြီးတော့ 

ကိုယ်လက်လေ့ကျင့်လှုပ်ရှားပေးဖို့ဆိုတာ ဘယ်တုန်းအခါကမှ နောက်ကျနေပါပြီ သိပ်ကိုနောက်

ကျလွန်နေပါပြီလို့မှ မရှိတာမျိုးပဲလေ။

























No comments:

Post a Comment