"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Tuesday, January 30, 2024

အကြောဖြေလျှော့ပေးခြင်း

 



လေ့ကျင့်ခန်း(Exercise) မလုပ်မီနှင့်ပြုလုပ်အပြီးမှာ

အကြောဖြေလျှော့ပေးရန် လိုအပ်ပါသလား


ကျန်းမာရေးအတွက် ကိုယ်လက်လေ့ကျင့်မှုလုပ်ရာမှာ ယင်းသို့မလုပ်မီနှင့်ပြုလုပ်ပြီးသည့်အချိန်တွေ

မှာ အကြောဖြေလျှော့ပေးခြင်း(Stretching) ကိုလုပ်ပေးရန် လူအတော်များများ ငယ်စဉ်ကတည်းက 

သင်ကြားနာယူခဲ့ကြသည်။ 

ထိုသို့ မပြုလုပ်ပေးပါက ထိခိုက်အနာတရဖြစ်ခြင်း၊ နာကျင်ကိုက်ခဲခြင်းနှင့်လေ့ကျင့်မှုကို ပုံမှန်မပြုလုပ်

နိုင်တော့ခြင်း(worse workout) အစရှိသည့်များကြုံတွေ့ လာရဖွယ်ရှိသည်ဟု သတိပေးခဲ့ကြသည်။


ယင်းပြောဆိုချက်ကို သိပ္ပံက လက်တွေ့ အားဖြင့်ထောက်ခံပါသလားဟူသောအမေးရှိလာသည်။


ကိုယ်လက်လေ့ကျင့်မှုတခုမပြုလုပ်မီနှင့်ပြုလုပ်ပြီးတိုင်း အကြောဖြေလျှော့ပေးရန်လိုအပ်သည်ဟု

သင့်အနေနှင့်ကရော ထင်မြင်ပါသလား။     

ဒါနဲ့ပတ်သက်ပြီး ယေးဆေးကျောင်းမှာရှိသည့် အရိုးရောဂါကုဌာနနှင့်ပြန်လည်ထူထောင်ရေးကုသမှု

ဌာန(Clinical Orthopaedics and Rehabilitation)မှ လက်ထောက်ပါမောက္ခ ဒေါက်တာ'စက်မဲန်သာ

စမစ်' ကတော့ "မလိုပါဘူး" နိုး(No) ပါတဲ့။ ဒါက အလွယ်ဆုံးအဖြေပါ။ 


သို့ရာတွင် ကျွမ်းကျင်ပညာရှင်များအနေဖြင့် အရှည်ဖြေရမည်ဆိုပါက အဓိကအချက်(၂)ချက်ကို စဉ်း

စားရန်လိုလေသည်။ 

















ယင်းတို့မှာ၊ 

၁) ဘယ်လို ကိုယ်လက်လေ့ကျင့်မှုမျိုးလဲ (Type of workout)

၂) ကိုယ်လက်လေ့ကျင့်မှု၏ရည်ရွယ်ချက်ပန်းတိုင်(Fitness goals) က ဘာတွေများလဲ


ကဲ ဆက်ပြီးလေ့လာကြည့်ကြပါဦးစို့။


အကယ်၍ သင့်အနေဖြင့်အဆစ်လှုပ်ရှားမှုကြီးကြီးမားမား/များများစားစား(large range of motion)

မလိုသောလေ့ကျင့်လှုပ်ရှားမှုမျိုး၊ ဥပမာ ရွရွလေးအပြေးလေ့ကျင့်တယ်(jogging)ဆိုကြပါစို့။ သိပ်အ

ဝေးကြီးလဲမဟုတ်ဘူး။ ပုံမှန်နှုန်း(relatively steady pace)လောက်သာပြုလုပ်သည်ဆိုပါက အပြေးမ

လေ့ကျင့်မီတွင် အကြောဖြေလျှော့ပေးရန်မလိုဟု Memorial University of Newfoundland အားက

စားသိပ္ပံသုတေသီ ပါမောက္ခတဦးဖြစ်သူ 'ဒေးဗစ်ဘဲမ်'က ပြောပါသည်။ 


အကြောဖြေလျှော့ပေးနည်းအမျိုးအစားများစွာ(different types of stretching)ရှိနေသည်။

သို့ရာတွင် ယခုဆောင်းပါးမှာ Static stretching ဟုခေါ်သည့် ကြွက်သားအားရှည်ဆန့်ထားသော

အနေအထားမှာရပ်တန့်ထိန်းထားခြင်း(hold still in a position)အကြောင်းကို အဓိကထားဆွေးနွေး

မည်ဖြစ်သည်။

















ဤအမျိုးအစားတွင် ရိုးရိုးသာမန်ကိုယ်လက်လှုပ်ရှားလျက် သွေးပူလေ့ကျင့်ပေးခြင်း(simple warm-

up with dynamic movements ဥပမာ - lunges and squats) ဖြင့် သင်၏ကိုယ်ခန္ဓာသည် လေ့

ကျင့်ခန်းပြုလုပ်ရန်အဆင်သင့်ဖြစ်ပေပြီ။

အချို့ သောတွေ့ရှိမှုနှင့်သတင်းအချက်အလက်များက Static stretching သည် အင်အားသုံးလေ့ကျင့်

ခြင်းများ(strength and power training) အတွက် အကျိုးမရှိသည့်အပြင် လုပ်ဆောင်မှုအားအဟန့်အ

တားပင်ဖြစ်စေသည်ဟုထောက်ပြကြသည်။ 

အဆစ်လှုပ်ရှားမှုကြီးမားသည့်ကြွက်သားသန်စွမ်းမှုလေ့ကျင့်ခန်းများ(Strength exercises involving

large movements)တွင် ကြွက်သားကြောကိုဖြေလျှော့ပေးသကဲ့သို့ပင် ကြွက်သားများအား ရှည်ဆန့်

မှုဖြစ်စေသည်ဟု ပါမောက္ခ'ဒေးဗစ်ဘဲမ်'က ပြောပါသည်။  

ထိုကြောင့် အလေးမလေ့ကျင့်ခြင်းမပြုလုပ်မီတွင် ကြွက်သားကြောဖြေလျှော့ပေးခြင်းဖြင့် အလေးကို

မ,တင်နိုင်သည့်စွမ်းရည်ကို တိုးမြှင့်မပေးနိုင်ဟုဆိုပါသည်။ 












မှတ်ချက်။ ။ Stretching နှင့် Exercise အကြောင်းကို အကျယ်တ၀င့်ဖတ်ရှုလေ့လာနိုင်စေရန် 

                    ယခုလ ၂၄ ရက်နေ့က The Straits Times သတင်းစာမှာပါရှိသော NYTIMES၏ 

                    မူရင်းဆောင်းပါးကို အပြည့်အစုံထည့်သွင်းပေးထားပါသည်။










No comments:

Post a Comment