"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Friday, September 1, 2023

စင်ကာပူနိုင်ငံ သမတရွေးချယ်ပွဲ ၂၀၂၃ {၁}

 






ဒီနေ့ စက်တင်ဘာ ၁ ရက်နေ့။

ပုံမှန်အားဖြင့် အလုပ်လုပ်ရက်ဖြစ်နေသော်လည်း စင်ကာပူနိုင်ငံမှာ 'သမတရွေးချယ်ပွဲ ၂၀၂၃'(Presi-
dential Election) ရှိသဖြင့် ယနေ့သည် အစိုးရရုံးပိတ်ရက်ဖြစ်၏။

သို့နှင့် မနက်ခင်းမှာ မဲရုံရှိသည့်အနားက အထက်တန်းကျောင်း(Secondary School)သို့ ဇနီးနှင့်အတူ
လမ်းလျှောက်သွားလျက် မဲပေးခဲ့သည်။

အိမ်ကမထွက်မီက မည်သည့်သမတလောင်းအား မဲပေးကြမည်ဟု ဇနီးနှင့်တိုင်ပင်ဖြစ်သည်။ 
မိမိ နှစ်သက်ယုံကြည်သူအား အသည်းကြားက မဲတပြားးပေးရန်သာဖြစ်သည်။ 

ညပိုင်းသို့ရောက်သည့်အခါ သမတလောင်းအဖြစ်မည်သည့်ပုဂ္ဂိုလ်ရမည်နည်းဟုသိလိုစိတ်ဖြစ်လျက်
နားစွင့်မိသည်။

ည ၁၀နာရီ ၅၂ မိနစ်ကကြားသိရသော ရွေးကောက်ပွဲကော်မရှင်မှသတင်းထုတ်ပြန်ချက်ကို အောက်
တွင်ဖော်ပြပေးလိုက်ပါသည်။ 




















စင်ကာပူနိုင်ငံတွင် ယနေ့ကျင်းပပြီးစီးသွားသည့် 'သမတရွေးချယ်ပွဲ ၂၀၂၃' (Presidential Election)၏
ပဏာမနမူနာစာရင်းကောက်ယူမှု(Sample count)အရ 'မစ္စတာ သာမန်ရှန်မူဂါရတ်နမ်' သည် မဲအရေ
အတွက် ၇၀%ဖြင့် ရှေ့ ဆုံးနေရာမှဦးဆောင်လျက်ရှိနေကြောင်း ယခုည ၁၀နာရီ ၅၂ မိနစ်က သတင်း
ထုတ်ပြန်ချက်အရသိရသည်။

သူ၏နောက်တွင် 'မစ္စတာ အန်ဂ်ကော့ဆောန်' က မဲအရေအတွက် ၁၆%ဖြင့် ဒုတိယနှင့် 'မစ္စတာ တန်
ကင်လျန်း' က မဲအရေအတွက် ၁၄%ဖြင့် တတိယနေရာတွင်ရှိနေကြသည်။























No comments:

Post a Comment