"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Wednesday, September 6, 2023

ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့အား ကြိုဆိုခြင်း (၁)



 

ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့(World PT Day)ကို နှစ်စဉ်နှစ်တိုင်း စက်တင်ဘာ (၈) ရက်တွင်ကျင်း

ပလေ့ရှိသည်။

ယခုနှစ် ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့တွင် မိမိတို့အကြောအဆစ်ကုပညာရှင်များအနေဖြင့် အာသ

ရိုက်တစ် (Arthritis) ခေါ် အဆစ်ရောင်ရမ်းခြင်း (inflammation) ကို အထူးအာရုံစိုက်ကြမည်ဖြစ်ကြောင်း

Prevention and Management of Osteoarthritis ဆောင်ပုဒ်ဖြင့်သတ်မှတ်ပေးထားသည်။

Osteoarthritis ကို မြန်မာလိုအလွယ်ဆုံးနားလည်လွယ်အောင်ပြောရသော် 'အဆစ်ပွတ်တိုက်ပျက်စီးခြင်း'

(wear and tear) ဖြစ်သည်။

'ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့'ဂုဏ်ပြုဆောင်းပါး 
(ကြေးမုံသတင်းစာ၊ စက်တင်ဘာ ၈ ရက်၊ ၂၀၁၃)



















ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့ ဂုဏ်ပြုသတင်း

(ကြေးမုံသတင်းစာ၊ စက်တင်ဘာလ ၃ ရက်၊ ၂၀၁၃) 








ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့နှင့်သမိုင်းကြောင်း

စက်တင်ဘာလ (၈) ရက်နေ့သည် ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့(World Physiotherapy Day)
ဖြစ်သည်။
ဤနေ့တွင် တစ်ကမ္ဘာလုံးရှိ နိုင်ငံအသီးသီးမှ အကြောအဆစ်ကုပညာရပ်အဖွဲ့အစည်းများသည် အကြော 
အဆစ်ကုပညာရပ်အကြောင်း ပညာပေးဟောပြောပို့ချခြင်း၊ အကြောအဆစ်လူနာများအား အခမဲ့စမ်းသပ် 
ကြည့်ရှုပေးခြင်း၊ ကျန်းမာကြံ့ ခိုင်ရေးကိုဖြစ်စေသည့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုများကို လက်တွေ့သင် 
ကြားပြသပေးခြင်းနှင့်အကြောအဆစ်ဝေဒနာများမှ ကင်းဝေးရာကင်းဝေးကြောင်း နေနည်း ထိုင်နည်း လုပ်
နည်း ကိုင်နည်း အစရှိသောနည်းလမ်းကောင်များကို လမ်းညွှန်ကြလေ့ရှိပါသည်။

အကြောအဆစ်ကုပညာရပ်၏သမိုင်းကြောင်းကို တစေ့တစောင်းလေ့လာကြည့်မည်ဆိုက များစွာစိတ်ဝင် 
စားဖွယ်ကောင်းလှ၏။ ကမ္ဘာ့ဆေးပညာနယ်ပယ်တွင် နေလိုလလိုထင်ရှားကျော်ဇောပြီး ဆေးပညာလော
က၏ဖခင်ကြီးလည်းဖြစ်သည့် ဂရိသမားတော်ကြီး ဟစ်ပိုးကရပ်တီး(စ)သည် အကြောအဆစ်ကုဆေးပညာ
ကို ကနဦးစတင်အသုံးပြုခဲ့သော သမားတော်များအထဲမှတစ်ဦးအပါအ၀င်ဖြစ်ခဲ့လေသည်။ သမားတော်ကြီး
ဟစ်ပိုးကရပ်တီး(စ)က နှိပ်နယ်ကုသမှုပညာ(massage)၊ အကြောအဆစ်ပြုပြင်ကုသမှုပညာ(manual the
-rapy)နှင့်ရေ၏ဂုဏ်သတ္တိကို အသုံးပြု၍ကုသပေးသည့်ပညာ(hydrotherapy) တို့ကို အကြောအဆစ်ရော
ဂါဝေဒနာများကုသရာတွင်အသုံးပြုကြရန် ဘီစီ ၄၆၀ ၀န်းကျင်ကာ လကတည်းက တိုက်တွန်းအားပေးခဲ့ပါ
သည်။


သို့ဖြစ်ပေရာ အကြောအဆစ်ကုပညာရပ်၏အချို့ သောအစိတ်အပိုင်းများသည် ဆေးသိပ္ပံပညာရပ်ကဲ့သို့ပင်
သက်တမ်းကြာမြင့်သည်(Some aspects of physiotherapy are as old as medicine.)ဟု ပြောစမှတ်
ပြုကြခြင်းဖြစ်၏။ ဒီမှာဖက်ပိုင်းဖြစ်သော မျက်မှောက်ခေတ်အကြောအဆစ်ကုဆေးပညာရပ်သမိုင်းကား ၁၉ 
ရာစုအကုန်ပိုင်းလောက်မှ အင်္ဂလန်နိုင်ငံတွင် အခြေပြုခဲ့ခြင်းဖြစ်၏။ ၁၉၁၆ ခုနှစ်၌ အန္တလန်းတိတ်အလယ်
ပိုင်းနှင့်နယူးအင်္ဂလန်ပြည်နယ်များတွင် ပိုလီယိုအကြောသေရောဂန္တရကပ်ဆိုးကြီးကျရောက်သောအခါ အ
ကြောအဆစ်ကုဆေးပညာရပ်ဆိုင်ရာကုထုံးများ(physiotherapy techniques)ကို ပို၍တွင်တွင်ကျယ်ကျယ် 
အသုံးပြုလာခဲ့ကြရ၏။
အကြောအဆစ်ကုပညာရပ်သမိုင်း၏ အဓိကအချိုးအကွေ့ကြီးကား ပထမကမ္ဘာစစ်ကြီးအတွင်း၌ ဖြစ်ခဲ့ရ
သည်ဆို၏။ စစ်ပွဲတွင်ဒဏ်ရာရရှိသည့် စစ်သည်တော်အမြောက်အများကို နေ့ညမအားကုသပေးနေရသော 
အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီးများအနေဖြင့် လူနာများ၏ ကာကွယ်ရေးနှင့်ပြန်လည်ထူထောင်ကုသရေး 
အပိုင်းတို့အတွက် အကြောအဆစ်ကုပညာရှင်များကို များစွာအားကိုးအားထားပြုခဲ့ကြရလေသည်။ ဤသို့ 
ဖြင့် ၁၉၁၈ ခုနှစ်တွင် အမေရိကန်စစ်တပ် ဆေးဘက်ဋ္ဌာနကြီးသည် အထူးဆေးရုံတပ်မများနှင့်ပြန်လည်ထူ
ထောင်ရေးဋ္ဌာနများဖွင့်လှစ်ပြီး အကြောအဆစ်ကုပညာရှင်များကို တာဝန်ထမ်းဆောင်စေခဲ့သည်။ ဒါ့အပြင် 
အမေရိကန်နိုင်ငံ၏ပထမဦးဆုံး အကြောအဆစ်ကုပညာရပ်သိပ္ပံကျောင်း(School of Physical Therapy) 
ကို ‘၀ါရှင်တန်ဒီစီ’၌ရှိသော ‘ဝေါလ်တာရိဒ်’စစ်ဆေးရုံကြီး၌ ဖွင့်လှစ်ခဲ့သည်။

တစ်ဖန် ၁၉၂၁ ခုနှစ်သို့ရောက်သောအခါ အကြောအဆစ်ကုပညာရှင် ၂၄၅ ဦးဖြင့် အမေရိကန်အကြောအ 
ဆစ်ကုပညာရပ်အသင်း(American Physiotherapy Association) ကို ဖွဲ့စည်းခဲ့တော့၏။ တစ်ချိန်တည်း 
မှာ အင်္ဂလန်၊ သြစတေးလျ၊ နယူးဇီလန်၊ ကနေဒါ၊ ဟော်လန်အစရှိသောတိုးတက်သည့်နိုင်ငံကြီးများတွင် အ
ကြောအဆစ်ကုပညာရှင်များကို တက္ကသိုလ်များမှ ပညာရည်အဆင့်အတန်းမြင့်စွာ မွေးထုတ်လာခဲ့ကြ၏။ အ
ကြောအဆစ်ကုပညာရပ်ကို အမေရိကန်နိုင်ငံက Physical Therapy ဟုခေါ်ဝေါ်သုံးစွဲပြီး မြန်မာနိုင်ငံအပါအ
ဝင် အင်္ဂလန်၊ ကနေဒါနှင့် သြစတေးလျနိုင်ငံများကမူ Physiotherapy ဟုသာ ခေါ်ဝေါ်သုံးစွဲကြလေသည်။
အကြောအဆစ်ကုပညာရှင်များ၏ ပညာရေးအဆင့်အတန်းသည် ယခုအခါ များစွာမြင့်မားလာသည်ဖြစ်ရာ 
မဟာသိပ္ပံဘွဲ့နှင့်ပါရဂူဘွဲ့ရများကို ထင်ရှားသည့်တက္ကသိုလ်များမှသင်ကြားမွေးထုတ်ပေးလျက်ရှိသည်မှာ ဆယ်
စုနှစ် ၂ ခုနီးပါးရှိခဲ့ပြီဖြစ်သည်။ ပီအိတ်ခ်ျဒီ(Ph.D)ခေါ် ပါရဂူဘွဲ့အမျိုးအစားအပြင် အကြောအဆစ် ကုဆရာဝန်
ဘွဲ့(Doctor of Physiotherapy) ကိုလည်း သင်ကြားချီမြင့်နေပြီဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအ
ဖွဲ့ကြီး(WHO)က ISCO Code 2264 (International Standard Classification of Occupation - ISCO 
Code 2264) ဖြင့် အကြောအဆစ်ကုပညာရှင်များသည် အကြောအဆစ်လူနာများကို လွတ်လပ်စွာ စမ်းသပ်
စစ်ဆေးကုသမှုပေးနိုင်သည့်ပညာရှင် (Medical professional) အဖြစ် သတ်မှတ်ခဲ့သည်။




မြန်မာနိုင်ငံတွင်လည်း ယခင်က အကြောအဆစ်ကုပညာရှင်များကို ဒီပလိုမာအဆင့်သာ မွေးထုတ်ပေးနိုင်ခဲ့ပြီး 
ယခုနောက်ပိုင်းတွင် နိုင်ငံတော်အစိုးရက အမြော်အမြင်ကြီးစွာဖြင့် ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်များ 
ဖွင့်လှစ်ပေးလျက် ဘွဲ့ရအကြောအဆစ်ကုပညာရှင်များကို နှစ်စဉ် မွေးထုတ်ပေးခဲ့ပါသည်။ တစ်ခါ အကြောအ
ဆစ်ကုပညာရပ်ကို မဟာသိပ္ပံအဆင့်ထိဆက်လက်မြှင့်တင်ပေးခဲ့ပြန်ပါသည်။ မကြာမီကာလတွင် နိုင်ငံတော်
၏ပညာရေးရည်မှန်းချက်များနှင်အညီ အကြောအဆစ်ကုပညာရပ်ကို နိုင်ငံတကာအဆင့်မီပါရဂူဘွဲ့အထိ တိုး
တက်သင်ကြားချီးမြှင့်နိုင်တော့မည်ဟုလည်း ယုံကြည်ထားမိ၏။
ပြီးခဲ့သော သြဂုတ်လကလည်း အင်္ဂလန်နိုင်ငံမှဝန်ကြီး (Care and Support Minister) ‘နော်မန်လမ်း’က 
“အကြောအဆစ်ကုပညာရှင်များသည် အကြောအဆစ်ဆိုင်ရာရောဂါဝေဒနာများအတွက် ဆေးဝါးများကို
တိုက်ရိုက်ညွှန်ကြားပေး နိုင်ကြောင်း၊ ယင်းဆေးဝါးများရရှိရန် လူနာများသည် အထွေထွေရောဂါကုဆရာဝန်
များ(GP)ထံသို့သွားရောက်ရန်မလိုတော့ကြောင်း၊ လူနာများအနေဖြင့် နှစ်နေရာသွားရန်မလိုတော့သလို ဆရာ
ဝန်များအနေဖြင့်လည်း အခြားသောလူနာများအတွက် ပိုမိုအချိန်ပေးကာ ကြည့်ရှုကုသနိုင်တော့မည်ဖြစ်ကြောင်း”
ပြောကြားခဲ့လေသည်။




အကြောအဆစ်ရောဂါဝေဒနာများကို မွေးကင်းစရက်သားကလေးငယ်မှ သက်ကြီးရွယ်အိုများအထိ မည်သူမျှ
မကင်းနိုင်ကြပေ။ ယခုအခါ ယာဉ်တိုက်မှုများ တစ်နေ့တခြား များပြားလာနေခြင်း၊ အသက်ရှည်သူ သက်ကြီး
ရွယ်အိုများ တိုးပွားလျက်ရှိခြင်း၊ အားကစားနှင့်ဘ၀နေထိုင်မှုဆိုင်ရာထိခိုက်ဒဏ်ရာရမှုများ ပိုမိုဖြစ်ပွားလာခြင်း
တို့ကြောင့် ခါးနာ ဒူးနာ ဇက်ခိုင် ပေါင်ကိုက် ပခုံးကပ် လေဖြတ် အစရှိသည့်အကြောအဆစ်ရောဂါ ဝေဒနာခံစား
ကြရသူများ ဆတက်ထမ်းပိုးများပြာလျက်ရှိရာ ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့ကြီး၏ “ကိုယ်လက်လှုပ်
ရှား ကျန်းမာရေးဆုလာဘ်တစ်ပါး” (Movement for Health)ဟူသောဆောင်ပုဒ်နှင့်အညီ မြန်မာအကြောအ
ဆစ်ကုပညာရှင်များအနေဖြင့် မိမိတို့ အထူးတတ်ကျွမ်းသည့် အကြောအဆစ်ကုပညာရပ်ဖြင့် ဝေဒနာရှင်အား
လုံးကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသ၍ ပြုစုစောင့်ရှောက်ကြရမည်ဖြစ်သည်။



No comments:

Post a Comment