"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Wednesday, August 23, 2023

ဆရာကြီးဦးထွန်းအောင်ဇံအား သတိရမိပါသည် [ ဖေ့ဘွတ်မှ ဘလော့သို့ - ၁ ]

 



ဒီစာလေးကိုစပြီးရေးဖြစ်ခဲ့တာက ဖေ့စ်ဘွတ်မှာပါ။

မိမိတို့၏ဆရာကြီးဦးထွန်းအောင်ဇံကွယ်လွန်တာ ၄ နှစ်ပြည့်ဖြစ်တဲ့ ၂၀၁၆ ခုနှစ်က မိမိ၏ဖေ့စ်ဘွတ်
မှာ အမှတ်တရရေးတင်ခဲ့တာဖြစ်ပါတယ်။

အခုဆိုရင် ၁၁ နှစ်ကြာခဲ့ပါပြီ။



***






.
ဆရာကြီးဦးထွန်းအောင်ဇံအား သတိရမိပါသည်
.
.

မြန်မာနိုင်ငံအကြောအဆစ်ကုပညာရှင်များအသင်း(Myanmar Physiotherapy Association–MPA) 
အား အင်္ဂလန်နိုင်ငံ၊လန်ဒန်မြို့ မှာအခြေစိုက်ထားသောကမ္ဘာ့အကြောအဆစ်ကုပညာရပ်ဆိုင်ရာအဖွဲ့ကြီး 
(World Confederation for Physical Therapy - WCPT) က အသင်းဝင်အဖွဲ့အစည်းတစ်ရပ်အဖြစ် 
အသိအမှတ်ပြုကြောင်းကို ကြားသိရသောအခါ ဆရာကြီးဦးထွန်းအောင်ဇံအား မိမိ များစွာအမှတ်ရမိပါ
သည်။
.
MPA နှင့်ပတ်သက်ပြီး ဆရာကြီးဦးထွန်းအောင်ဇံအား မိမိအနေဖြင့် ယခုကဲ့သို့ ထူးထူးခြားခြားအမှတ်ရ
မိသည်မှာ ဒုတိယအကြိမ်ဖြစ်သည်။











ဆရာကြီးအား MRTV4 မှ လာရောက်တွေ့ဆုံမေးမြန်းခဲ့စဉ်က..။


ပထမအကြိမ်အမှတ်တရဖြစ်ခဲ့ရသည်မှာ နိုင်ငံတော်အစိုးရက MPA ကို မြန်မာ နိုင်ငံရှိအကြောအဆစ်
ကုပညာရှင်များ(physiotherapists) အားလုံးအား ကိုယ်စားပြုသည့်တစ်ခုတည်းသောအဖွဲ့အစည်းအ
ဖြစ် တရားဝင်အသိအမှတ်ပြုခဲ့စဉ်ကဖြစ်လေသည်။
.
အင်္ဂလန်နိုင်ငံမှာ အကြောအဆစ်ကုပညာရပ်များသင်ကြားခဲ့သောဆရာကြီးအား မိမိသည် ဆေးဘက်ပ
ညာသိပ္ပံ(Institute of Para-Medical Sciences) စတက်သည့် ၁၉၆၆ ခုနှစ်က ရန်ကုန်ဆေးရုံကြီးအ
တွင်းရှိ ဆေးတက္ကသိုလ်(၁)စာသင်ခန်းမတွင်ပြုလုပ်သော ဆေးဘက်ပညာမောင်မယ်သစ်လွင်ကြိုဆိုပွဲ
တွင် ပထမဆုံးတွေ့မြင်ဖူးခဲ့ပါသည်။
ဒီနောက်တော့ ကြည့်မြင်တိုင်အရိုးရောဂါအထုးကုဆေးရုံကြီးရှိ အကြောအဆစ်ကုဌာနတွင် ဆရာကြီး၏
လက်အောက်မှာ ၉ နှစ်နည်းပါး အတူအလုပ်လုပ်ခဲ့ပါသည်။



ဆရာကြီးဦးထွန်အောင်ဇံအား ကနေဒါနိုင်ငံမှ အကြောအဆစ်ကုပညာရှင် 
ပါမောက္ခဒေါက်တာမားလ်ကမ်းပိ(တ)နှင့်အတူတွေ့ရစဉ်။

.
မိမိ စင်ကာပူသို့ထွက်လာတော့လည်း ဆရာကြီးနှင့်မကြာခဏဆိုသလို တယ်လီဖုန်းဖြင့် အဆက်အသွယ်
ရှိခဲ့ပြီး မိမိမြန်မာပြည်သို့ပြန်ရောက်တိုင်းလည်း တွေ့ဆုံတတ်ကြပါသည်။

မြန်မာနိုင်ငံကို မိမိအလည်ပြန်ရောက်တိုင်း ဆရာကြီးမှ ကမကထပြုပြီး မျိုးဆက်သစ်အကြောအဆစ်ကုပ
ညာရှင်များအား သင်တန်းပေးခိုင်းလေ့ရှိသည့်အပြင် သူကိုယ်တိုင်ကလည်း ကြိုးစားပြီးတက်ရောက်အား
ပေးလေ့ရှိသည်။



ရန်ကုန်မြို့  အိုအေးစစ်အကြောအဆစ်အထူးကုဆေးခန်းတွင် 
မိမိသင်တန်းပို့ချခဲ့စဉ်က ဆရာကြီးကိုယ်တိုင်တက်ရောက်ချီးမြင့်လျက် 
မိမိအား လက်ဆောင်ပစ္စည်းပေးခဲ့ပါသည်။


.
ဒါ့အပြင် ဆရာကြီးက မြန်မာအကြောအဆစ်ကုပညာရှင်များအဖွဲ့မှအမှုဆောင်အချို့ နှင့်အတူ မိမိအား နေ့
လည်စာ အမြဲကျွေးလေ့ရှိပြီး ညနေစာကိုလည်း စကားစမြည် အေးအေးလူလူပြောကြ ရယ်မောကြရင်း 
ဧည့်ခံတတ်ပါသေးသည်။















၂၀၁၁ ခုနှစ် ဒီဇင်ဘာလက Traders Hotel ရန်ကုန်တွင် 
ဆရာကြီးဦးထွန်းအောင်ဇံနှင့်အမှတ်တရ။


ဆရာကြီးသည် မိမိနှင့်တွေ့တိုင်း အကြောအဆစ်ကုပညာရှင်များအသင်းဖြစ်မြောက်ရေးအတွက် လုပ်
ဆောင်နေသည်များကို အမြဲပြောပြဆွေးနွေးလေ့ရှိခဲ့သည်။
.
တကယ်က ဆရာကြီးသည် မြန်မာပြည်မှာ PT ပညာရပ်တိုးတက်ပြန့်ပွားရေးနှင့် PTအားလုံး၏အကျိုး
စီးပွားအတွက် ရဲရဲရင့်ရင့် မားမားမတ်မတ်ရပ်တည်ပြီး ဦးဆောင်လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်ခဲ့သည်ကို မည်
သူမှမငြင်းနိုင်ပေ။
.
ဆရာကြီးသည် အကြောအဆစ်အထူးကုပညာရပ်(Physiotherapy)ကို ကိုလန်ဘိုစီမံကိန်း(Colombo 
Plan)ပညာတော်သင်အဖြစ် အင်္ဂလန်နိုင်ငံမှာ အစောဆုံးသွားရောက်သင်ကြားခဲ့ပြီး MCSP (Member 
of Chartered Society of Physiotherapy)ဘွဲ့နှင့် Dip.TP ဘွဲ့များကို မြန်မာလူမျိုးများအထဲမှ ပထမ
ဦးစွာရှိခဲ့သူတစ်ဦးဖြစ်ခဲ့ပါသည်။

ဒါ့ကြောင့် အင်္ဂလန်နိုင်ငံမှာ တရားဝင်အလုပ်လုပ်ခွင့်ရှိသော အသိအမှတ်ပြု အကြောအဆစ်ကုပညာရှင် 
(State Registered Physiotherapist - SRP)လည်း ဖြစ်ခဲ့ပါသည်။
.
ယခုဆိုလျှင် ဆရာကြီးကွယ်လွန်ခဲ့သည်မှာ ပြီးခဲ့သော ဇွန်လ ၂၄ ရက်နေ့က (၄) နှစ်တိတိ ရှိခဲ့ပေပြီ။

ရှေ့ လ စက်တင်ဘာ ၈ ရက်နေ့တွင် MPA မှဦးစီးကျင်းပမည့် ကမ္ဘာ့အကြောအဆစ်ကုပညာရပ်ဆိုင်ရာ
နေ့(World Physical Therapy Day) ကိုကြိုဆိုလျက် ဆရာကြီးဦးထွန်းအောင်ဇံအား အမှတ်တရဂုဏ်
ပြုရေးသားလိုက်ရပါသည်။
.
.




No comments:

Post a Comment