"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, April 25, 2015

WCPT Congress မှာ ပြန်လည်ဆုံတွေ့ကြမယ် (၎


၁၃၇၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်




WCPT Congress မှာ ပြန်လည်ဆုံတွေ့ကြမယ် (၄)


အာရှနှင့်ပစိဖစ်အနောက်ပိုင်းဒေသဆိုင်ရာ အကြော အဆစ်ကုပညာရပ်ညီလာခံ (၂၀၁၃) တွင် တွေ့ခဲ့ရသည့် ဟောင်ကောင်၊ ကိုရီးယား၊ ဖင်လန်၊ အာဖဂန်နစ်စတန်၊ ထိုင်ဝမ်နှင့် ထိုင်းနိုင်ငံများမှ PT များ။


ပြန်လည်ဆုံတွေ့ကြမယ် အမှတ်(၃)' မှာ မိမိ ပြောခဲ့သလို အာရှတွင်ကျင်းပသည့်ညီလာခံများမှာ အာရှ တိုက်သားအတော်များများကို တွေ့ရှိရတတ်သည့်အတိုင်း စင်ကာပူတွင် လာမည့်မေလမှာ ကျင်းပမည့် WCPT ညီလာခံသို့ ဂျပန်၊ ကိုရီးယား၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ ထိုင်း၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ဟောင်ကောင် အစရှိသည့် အာရှတိုက်တနံတလျားမှ PT အမြောက်အများ တက်ရောက်ကြပါမည်။

အိမ်ရှင်စင်ကာပူနိုင်ငံမှလည်း အရေအတွက်များများ တက်မည်ဖြစ်သည်။

အဓိကအကြောင်းမှာ ခရီးနီးခြင်းနှင့်ကုန်ကျစရိတ် များစွာသက်သာခြင်းတို့ကြောင့် ဖြစ်လေသည်။

၂၀၁၃ ခုနှစ်က ထိုင်ဝမ်နိုင်ငံ တိုင်ချွန်းမြို့ မှာ အာရှနှင့်ပစိဖစ်အနောက်ပိုင်းဒေသဆိုင်ရာ အကြောအဆစ်ကု ပညာရပ်ညီလာခံတွင် မိမိတွေ့ခဲ့ရသောအာရှတိုက်သား မိတ်ဆွေPT များက နောက် ၂ နှစ်အကြာဖြစ်သည့် ၂၀၁၅ တွင် စင်ကာပူသို့လာပြီး WCPT ညီလာခံကိုတက်မည်ဟု စိတ်အားထက်သန်စွာဖြင့် ပြောခဲ့ကြပါ သည်။

သူတို့အထဲမှအတော်များများသည် ပထမအကြိမ်တက်ခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။


အာရှနှင့်ပစိဖစ်အနောက်ပိုင်းဒေသဆိုင်ရာ အကြောအဆစ်ကုပညာ ရပ်ညီလာခံ (၂၀၁၃) တွင် တွေ့ခဲ့ရသည့် သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အိန္ဒိယနှင့် ယူအေအီးနိုင်ငံများမှ PT များ။


အာရှတွင် WCPT ညီလာခံကို ပထမဆုံးအကြိမ်အဖြစ် ၁၉၉၉ခုနှစ်က ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့ တွင် ကျင်းပခဲ့ပြီးနောက် ၁၆ နှစ်ကြာမှ အာရှသို့ တစ်ကျော့ခြေဦးပြန်လှည့်လာသော ယခုညီလာခံကိုတက်ရန် များစွာစိတ်ဝင်စားငံ့လင့်လျက်ရှိနေကြလေသည်။

သူတို့အားလုံးအား ပြန်လည်ဆုံတွေ့ရန် မျှော်လင့်ရပါသည်။













No comments:

Post a Comment