"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, April 4, 2015

WCPT Congress ရင်ခုန်သံ (၈)



၁၃၇၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက်



WCPT Congress ရင်ခုန်သံ (၈)


နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့ ရှိ Rehabilitation Hospital တစ်ခုသို့ လေ့လာစဉ်။ (၂၀၁၁)

ယနေ့ကစပြီးရေတွက်သော် စင်ကာပူနိုင်ငံမှာ ကမ္ဘာအကြောအဆစ်ကုပညာရပ်ညီလာခံကြီး (World Confederation for Physical Therapy Congress 2015) ကျင်းပရန် တစ်လပင်မကျန်ရှိတော့ပေ။

ယင်းညီလာခံနှင့်ပတ်သက်၍ သတင်းပေးခြင်းနှင့်မိမိအတွေ့အကြုံများ မျှဝေခြင်းတို့ကို ပြီးခဲ့သောနှစ် နှစ်လည်ကတည်းက ဖေ့စ်ဘွတ်မှာ ရေးတင်ခဲ့ပါသည်။ စိတ်ဝင်စားသော မြန်မာ PT များ၏မေးခွန်းများကို မိမိသိရှိသည်များ ပြောပြပေးခဲ့ပြီးဖြစ် သည်။ အကူအညီလိုသူအချို့ ကိုလည်း ကူညီခဲ့ပါသည်။

ယခုနှစ် မတ်လဆန်းကစပြီး မိမိ၏နိုင်ငံတကာညီလာခံအတွေ့အကြုံများကို ခံစားမျှဝေရေးတင်ခဲ့သည် မှာလည်း ယခုအခါ အမှတ် (၈) ပင်ရှိလာပေပြီ။

ယခုတစ်ခါတော့ တစ်ခါမှမရေးခဲ့ရသေးသော Clinical Visit အကြောင်းကို အနည်းငယ်ဆွေးနွေးပါမည်။

ယနေ့နံနက်စောစောပိုင်းတွင် ကနေဒါနိုင်ငံ North Vancouver ရှိ Sea to Sky Meeting Management Inc မှ စီမံချက် မန်နေဂျာ Donna Roberts က မိမိထံ အီးမေးပို့လာခဲ့သည်။ WCPT Congress 2015 ညီလာခံ၏တစ်စိတ်တစ်ဒေသ ဖြစ်သော Clinical Visit နှင့်ပတ်သက်ပြီး လုပ်ငန်းအသေးစိတ် ဆွေးနွေးရန် ဖြစ်သည်။

ပြီးခဲ့သောနှစ်ကတည်းကစပြီး WCPT Congress မှ ညီလာခံကိုယ်စားလှယ်များ မိမိ၏အလုပ်ဋ္ဌာနသို့ လာရောက်ကြည့်ရှု လေ့လာကြမည့်ကိစ္စအတွက် မိမိသည် ကြိုတင်ညှိနှိုင်းပြင်ဆင်မှုများကို ပြုလုပ်ခဲ့ရ၏။

စင်ကာပူနိုင်ငံတွင် အရေးပေါ်နှင့်ရေရှည်ကုသမှုပေးသောဆေးရုံကြီးများ၊ ဆေးရုံများမှဆင်းလာကြသူများ အား ရေတိုကုသပေးသော Community Hospital များ၊ မသန်စွမ်းကလေးများအား ပညာသင်ကြားပေး ရင်း ကုသမှုပေးနေသော အထူးပညာရေးကျောင်များနှင့် သက်ကြီးရွယ်အိုကုဋ္ဌာနများတွင် အကြောအဆစ် ကုဋ္ဌနပေါင်းများစွာရှိသည့်အနက်မှ မိမိတို့၏ အဖွဲ့အစည်းနှင့် PTဋ္ဌာနအား ညီလာခံကိုယ်စားလှယ်များလေ့ လာကြည့်ရှုရန် ညီလာခံကျင်းပရေးကော်မတီမှ ရွေးခြယ်ခံရကြောင်းသိရှိရစဉ်က များစွာဂုဏ်ယူဝမ်းမြောက် ခဲ့ရပေသည်။

စပြီးသိရချိန်မှစပြီး အဖွဲ့အစည်းမှ CEO အပါအ၀င် မိမိအလုပ်နှင့်တိုက်ရိုက်သက်ဆိုင်သူများအား အသိ ပေးလျက် ပြင်ဆင်မှုများလုပ်လာခဲ့ပါသည်။ ယခင်က မိမိသွားရောက်လေ့လာကြည့်ရှုခဲ့ဖူးသော နိုင်ငံခြားမှ Clinical Visit နေရာများကို ပြန်ပြောင်းတွေးတောလျက် အကောင်းဆုံးဖြစ်စေရန် လိုအပ်သည်များပြင်ဆင် လျက်ရှိပါသည်။


ထိုင်ဝမ်နိုင်ငံ၊ တိုင်ချွန်းမြို့ ရှိ Rehabilitation Hospital တစ်ခုသို့ လေ့လာစဉ်။ (၂၀၁၃)


တကယ်က နိုင်ငံရပ်ခြားသို့ ညီလာခံသွားပြီးတက်ခွင့်ရတိုင်း မိမိသည် Clinical Visit များကို မလွတ်တမ်း သွားလေ့ရှိခဲ့ပါသည်။

များသောအားဖြင့် WCPTCongressများတွင် ဆေးရုံများရှိ အကြောအဆစ်ကုဋ္ဌာနများကို လေ့လာလေ့ ရှိပြီး ဥာဏ်ရည်နိမ့်မသန်စွမ်းမှုနှင့်သက်ဆိုင်သောညီလာခံများတွင်မူ အထူးပညာရေးကျောင်းများနှင့် Day Activity Centre များသို့ သွား ရောက်လေ့လာတတ်ပါသည်။ Clinical Visit တွင် အဆောက်အဦများ ဖွဲ့စည်းထားရှိမှု၊ အစီအစဉ်ရေးဆွဲဆောင်ရွက်နေမှုများနှင့် ကုထုံးကုနည်း စသည်များအား တိုက်ရိုက်မြင် တွေ့လေ့လာနိုင်သည့်အပြင် မေးခွန်းများမေးခြင်းနှင့်ဆွေးနွေးခြင်းများလည်း ပြုလုပ်နိုင်သည်မှာ ထူးခြား ချက်ကြီး ဖြစ်လေသည်။ 

Clinical visits
The Singapore Physiotherapy Association has arranged for public and private institutions with physical therapy to open their doors to visits by congress delegates.
Clinical visits are open to delegates who have registered for the full congress. You can register for a visit by area of interest. The areas available each day are listed in the table below. Places are limited and will be allocated on a first come first served basis.

သို့ဖြစ်ရာ WCPT Congress ကို တက်ကြသူများအနေဖြင့် Clinical Visit ကို သွားဖြစ်အောင်သွားကြရန် တိုက်တွန်းလိုက်ရပေသည်။
















No comments:

Post a Comment