"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, September 22, 2019

ကမ ၻာ့အေၾကာအဆစ္ကုပညာရပ္ညီလာခံ ဂ်နီဗာခရီး (WCPT Congress 2019) - ၁၃


World Confederation for Physical Therapy  Congress 2019 - An unforgettable trip to Geneva (13)


                 ICRC ၏ပံ့ပိုးကူညီမှုဖြင့် WCPT 2019 ဂျနီဗာသို့တက်ရောက်ခဲ့ကြသည့်ကိုယ်စားလှယ်များ


ပြီးခဲ့သောအမှတ် ၁၂ တွင် ကမ္ဘာ့အကြောအဆစ်ကုပညာရပ်ဆိုင်ရာအသင်းကြီး (World Confederation for Physical Therapy - WCPT) က ညီလာခံပြီးသည့်နောက်တွင် မိမိတို့ကိုယ်စားလှယ်အားလုံးထံသို့ အီး မေးဖြင့်ပေးပို့သော WCPT E-Update အကြောင်းကိုပြောခဲ့ပါသည်။

ထိုသို့ပေးပို့သည့်သတင်းအချက်အလက်များထဲမှ Facts and figures ကို မျှဝေခဲ့ပြီးဖြစ်သည်။ 

သို့သော် စာဖတ်သူများသိသင့်သော (၀ါ) စိတ်ဝင်စားနိုင်မည့် အချက်အလက်အချို့ အားပြောပြချင်ပါသေးသည်။
  • ညီလာခံတွင် သုတေသနစာတမ်းပေါင်း ၁၈၆၄ စောင်ဖတ်ကြားတင်သွင်းခဲ့သည်။
  • ညီလာခံကိုယ်စားလှယ်များသည် ဆေးပညာရပ်လေ့လာရေး (Clinical visit)အဖြစ် ဆေးရုံအပါအ၀င်ကျန်းမာရေးဌာ ၁၇ နေရာသို့ သွားရောက်လေ့လာခဲ့ကြသည်။
  • အကြောအဆစ်ပညာရပ်ဆိုင်ရာနှင့် ကုသစက်ပစ္စည်းပြခန်းပေါင်း (Exhibitors) ၁၀၆ ခုဖွင့်လှစ်ပြသပေးထားသည်။  
  • ညီလာခံရက် ၃ ရက်ခွဲအတွင်း လုပ်အားပေသူပေါင်း ၂၀၀ ရှိခဲ့သည်။
  • အိုင်စီအာစီ (ICRC - The International Committee of the Red Cross) သို့မဟုတ် အိုင်စီအာစီမှ ထောက်ပံ့ကူညီထားသော ပြန်လည်ထူထောင်ရေးဌာနများမှ အကြောအဆစ်ကုပညာရှင် ၅၀ ကျော်အား ယခုညီလာခံကိုတက်ရောက်နိုင်စေရန် အိုင်စီအာစီမှကျခံပေးခဲ့သည်။




မြန်မာနိုင်ငံမှ ယခုညီလာခံသို့တက်ရောက်ခဲ့ကြသော
မြန်မာနိုင်ငံအကြောအဆစ်ကုပညာရှင်များအသင်း (MPA) ဥက္ကဋ္ဌ ဦးတင်လှိုင်စိုးနှင့် ဘားအံမသန်စွမ်းပြန်
လည်ထူထောင်ရေးဌာန (Hpa-an Orthopaedic Rehabilitation Centre - HORC) မှအကြောအဆစ်ကုပညာရှင်ဒေါ်နန်းမဉ္ဇူခိုင်တို့နှစ်ဦးသည် ICRC ၏ပံ့ပိုးမှု
ဖြင့်လာခဲ့ခြင်းဖြစ်သည်။

ယခင်ညီလာခံများတွင်လည်း မြန်မာအကြောအဆစ်ကုပညာရှင်အချို့ သည် ICRC၏ပံ့ပိုးကူညီမှုဖြင့် ICRC-sponsored delegates များအဖြစ်တက်ရောက်ခဲ့ကြရာ အိုင်စီအာစီကို များစွာကျေးဇူးတင်ရှိပါသည်။






အထက်ပါပုံမှာ နောက် ၁ နှစ်ခွဲကျော်အကြာတွင် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ မှာကျင်းမည့် WCPT Congress 2021 ဖိတ်ခေါ်ကြော်ငြာဖြစ်သည်။

ဒီနေ့ကိုအသေအချာမှတ်ထားပြီး လာခဲ့ကြပါတဲ့။

ညီလာခံတက်ရောက်ရန် စိတ်ပါဝင်စားကြသူအကြောအဆစ်ကုပညာရှင်များအား ကြိုတင်ပြင်ဆင်နိုင်ကြကစေဖို့ နှိုးဆော်ရပါသည်။








No comments:

Post a Comment