"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, October 11, 2020

ကျွန်းသာယာ သတင်းစဉ် (၁၆)

 

                         



***







    အရေးကြီးသတင်း   


NCA နှင့်ပြည်ထောင်စုအိပ်မက်



(ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်)



NCA ဖြစ်ပေါ်လာရန် ခက်ခဲနက်ရှိုင်းစွာ ကြိုးပမ်းခဲ့ရ



       
                             
                              ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်)





အောက်တိုဘာ ၁၆ ရက် (ညနေ ၈ နာရီ)


အောက်တိုဘာ ၁၆ ရက် (ညနေ ၆ နာရီ)




   နာရေး   

အမျိုးသားစာပေဆုရ စာရေးဆရာကြီးနှစ်ဦး ကွယ်လွန် 

(မြန်မာ့အလင်း ၁၅-၁၀-၂၀)




* * * *



            
 

- နိုင်ငံခြားမှာကြိုတင်မဲပေးဖို့ ပုံစံ (၁၅) မှာဖြည့်ထားတဲ့ နိုင်ငံသူ၊ နိုင်ငံသားပေါင်းဟာ ၁၀၉၀၀၀ ကျော်ဖြစ်ပါတယ်။ 

- အခုဆိုရင် စနေ တနင်္ဂနွေမှာစပြီးပေးလိုက်တဲ့ ကြိုတင်မဲပေါင်းဟာဆိုရင် ၁၅၀၀၀ ကျော်သွားပါပြီ။ ၁၅၉၇၁ ယောက်ထင်ပါတယ်။

- နိုင်ငံသားများဟာ ဘယ်နေရာရောက်ရောက် ဘယ်လိုအခြေအနေမှာပဲရှိရှိ ဒုက္ခခံပြီး နိုင်ငံသားတာဝန်ကို ကျေပွန်အောင်ထမ်းဆောင်နိုင်တယ်ဆိုတာ ကျမတို့အတွက်တစ်တပ်တစ်အားဖြစ်ပါတယ်။

- ဒါကြောင့် ကျမအနေနဲ့ ကျေးဇူးတင်တယ်လို့ပြောချင်တယ်။ နိုင်ငံအတွက် ကျေးဇူးတင်တာပါ။

- နိုင်ငံအတွက် အင်မတန်မှ သိက္ခာရှိတဲ့ကိစ္စပါ။

(အောက်တိုဘာ ၅ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း ပြည်သူများသို့ အစီရင်ခံတင်ပြသည့်မိန့်ခွန်းမှ ကောက်နုတ်ချက်)


စင်ကာပူ၊ ဘာလင်၊ ဗန်ကောက်၊ တိုကျို၊ လန်ဒန်   

(မြန်မာ့အလင်း ၁၅-၁၀-၂၀)

 ***


အနံ့ပျောက်တယ်ဆိုတာ 


            ကမ္ဘာ့စားနပ်ရိက္ခာနေ့

 


အောက်တိုဘာ ၁၅ ရက် (ညနေ ၈ နာရီ)




အောက်တိုဘာ ၁၅ ရက် (ညနေ ၆ နာရီ)



အောက်တိုဘာ ၁၃ ရက် (ညနေ ၈ နာရီ)


အောက်တိုဘာ ၁၁ ရက် (ညနေ ၈ နာရီ)



အောက်တိုဘာ ၁၁ ရက် (ညနေ ၅ နာရီ)





ဖောင်ကြီး ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာကို
ဆေးတက္ကသိုလ်(မန္တလေး)မှဆရာဝန်များ သွားရောက်အားဖြည့်ကူညီကြ 

(သတင်းရင်းမြစ် - ဖေ့စ်ဘွတ် ၁၂/၁၀ /၂၀)


ပြည်ပနိုင်ငံများ၌ အခက်အခဲတွေ့နေသည့်  

မြန်မာသင်္ဘောသားများကို ပြန်လည်ခေါ်ဆောင်ပေးခဲ့


နိုင်ငံတကာခရီးသည်လေယာဉ်များပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံများ စာချုပ်သက်တမ်းကျော်လွန် မြန်မာနိုင်ငံသို့ပြန်လာရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများ (ကိုရီးယားမှ ၁၂၂ ဦး၊ ဘရာဇိးမှ ၁၄ ဦး၊ ယူအေအီးမှ ၁ ဦး၊ ဗီယက်နမ်မှ ၃ ဦး၊ သြစတေးလျမှ ၃ ဦး၊ ပနားမားမှ ၁ ဦးနှင် ရုရှားမှ၁ ဦးစုစုပေါင်း ၁၄၅ ဦး) အား ကိုရီးယားနိုင်ငံ အင်ချွန်းလေဆိပ်မှတစ်ဆင့် မန်မာလေကြောင်းလိုင်း(MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်လာခဲ့ရာ အောက်တိုဘာ ၁၂ ရက် ည ၉ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိကြောင်းသိရသည်။


***


အောက်တိုဘာ ၁၀ ရက် (ည ၈ နာရီ)




မလေးရှားနိုင်ငံ၌ အခက်အခဲတွေ့နေသည့်  
မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ဆောင်ပေးခဲ့


နိုင်ငံတကာခရီးသည်လေယာဉ်များပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှားနိုင်ငံ ပီနန်မြို့ တွင် အခက်အခဲကြုံတွေ့နေရသော Pen Apparal Sdn Bhd ကုမ္ပဏီမှ မြန်မာအလုပ်သမား ၁၈၉ ဦးအား မြန်မာသံရုံး ကွာလာလာပူမြို့ မှစီစဉ်ပေးသည့်မြန်မာလေကြောင်းလိုင်း(MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်လာခဲ့ရာ အောက်တိုဘာ ၁၀ ရက် ညနေ၅နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိကြောင်းသိရသည်။



ပူပူနွေးနွေး
ကျယ်ကျယ်လောင်လောင်
သတင်းများ


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်ပတ်သက်
 
Social Media တွင် လုပ်ကြံဖန်တီးသည့်သတင်းမှားများကိုရှင်းလင်းခဲ့   


- ဦးဇော်ဌေး (နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်) 

မိမိတို့တွင် အချက်အလက်များ၊ မှတ်တမ်းမှတ်ရာများနှင့်အထောက်အထားများရှိကြောင်း၊ ၄င်းတို့သည်နိုင်ငံရေးထောက်ခံမှုအရ မည်သို့ရှိသည်ကို တွေ့မြင်သိရှိနေရကြောင်း၊ လုပ်ကြံသတင်းမှားအုပ်စု (၂) စုရှိကြောင်း၊ သို့သော် သတင်းမှားဖြန့်နေကြသူများနှင့်အဖွဲ့အစည်းများကို အရေးမယူရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းညွှန်ချက်ပေးထားကြောင်းကို အောက်တိုဘာ ၁၀ ရက်ကပြုလုပ်သည့် ပြည်တွင်းပြည်ပသတင်းမီဒီယာများအား အွန်လိုင်းဖြင့်ချိတ်ဆက်တွေ့ဆုံပြီး လတ်တလောဖြစ်ပေါ်နေသည့်အခြေအနေများကို ရှင်းလင်းရာတွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးကပြောကြားကြောင်းသိရသည်။  



အောက်တိုဘာ ၁၀ ရက် (ညနေ ၅ နာရီ)




ပြည်ပနိုင်ငံများ မြန်မာနိုင်ငံသားများ

မဲရုံ ၄ ခုတွင် ကြိုတင်ဆန္ဒမဲပေးကုန်ကြပြီ

မြန်မာ့အလင်း (၁၁-၁၀-၂၀)

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်ပနိုင်ငံများရောက်မြန်မာနိုင်ငံသားများသည် မြန်မာသံရုံး ၂၇ ရုံး၊ အဖွဲ့ဝင်ရုံး နှစ်ရုံး၊ ကောင်စစ်ဝန်ရုံး နှစ်ရုံးနှင့် ပြင်ပမဲရုံခွဲ ၄ ခုတို့မဲပေးလျက်ရှိကြရာ ပေကျင်း(တရုတ်)တွင် ၈၅ ဦး၊ ကင်ဘာရာ(သြစတေးလျ)တွင် ၃၀၃ ဦး၊ အစ္စလာမာဘတ်(ပါကစ္စတန်)တွင် ၁၉ ဦး၊ ဂျကာတာ(အင်ဒိုနီးရှား)တွင် ၄၁ ဦး၊ မနီလာ(ဖိလစ်ပိုင်)တွင် ၈၄ ဦး၊ ပါရီ(ပြင်သစ်)တွင် ၃၆ ဦး၊ ဖနောင်ပင်(ကမ္ဘောဒီးယား)တွင် ၁၁၀ ဦး၊ ပရီတိုးရီးယား(အာဖရိက)တွင် ၂၅ ဦး၊ ရီရတ်ဒ်(ဆော်ဒီအာရေးဘီးယား)တွင် ၁၃ ဦး၊ ဗီယင်ကျန်း(လာအို)တွင် ၃၆ ဦး၊ ချင်းမိုင်(ထိုင်း)တွင် ၁၈၄ ဦးတို့ ပေးခဲ့ကြပြီးဖြစ်သည်။




***

 

 လွတ်တော်နှင့်ရွေးကောက်ပွဲသတင်း 

အောက်တိုဘာ ၁၇ ရက် ၂၀၂၀




ဆေးရုံနှင့်ကွာရန်တင်းစင်တာတွေမှာ
ကြိုတင်မဲပေးနိုင်ရန် စီစဉ်ထား 






စာတစ်ကြောင်းသတင်း
(News In One Sentence)



ဧရာဝတီဖောင်ဒေးရှင်းသို့ တိုက်ကွမ်ဒိုအဖွဲ့ချုပ်က သိန်း ၆၀ ကျော်လှူဒါန်း

ကိုဗစ်ရောဂါကာကွယ်တိုက်ဖျက်ရေးကူညီမှုအတွက် မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်က ဧရာဝတီဖောင်ဒေးရှင်းသို့ ငွေကျပ် သိန်း  ၆၀ ကျော်ကို အောက်တိုဘာ ၁၀ ရက်က လှူဒါန်းရာ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဇော်ဇော်က လက်ခံပြီးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ကြောင်းသိရသည်။


မအူပင်ဆေးရုံကြီးအတွက် အသက်ရှူစက်လှူဒါန်း

မေခအိမ်ယာ(သင်္ဃန်းကျွန်း)နေ အလှူရှင်ဦးတင်စိုးနှင့်
ဇနီးဒေါ်နန့်ဝါ၀ါဒွန်း၊ သား မောင်ဟိန်းထက်စိုး၊ မောင်ရှင်း
သန့်စိုးမိသားစုက မအူပင်ခရိုင်အထွေထွေရောဂါကုဆေး
ရုံကြီးတွင် ကုသမှုယူလျက်ရှိသောလူနာများနှင့် ကိုဗစ်ရော
ဂါကြောင့်အသက်ရှူလမ်းကြောင်းအရေးပေါ်လူနာများအ
တွက် ငွေကျပ် ၁၇၈ သိန်းတန်ဖိုးရှိ အသက်ရှူစက်ကို
လှူဒါန်းကြောင်းသိရသည်။


မြစ်ကြီးနား-ဆွမ်ပရာဘွမ်ကားလမ်း ကျပ် ၁၂ရ.၅ ဘီလီယံကုန်ကျခံပြင်ခဲ့

မြစ်ကြီးနား၊ ဆွမ်ပရာဘွမ်-ပူတာအိုလမ်းသည် ကချင်ပြည်နယ်ရှိ ပြည်ထောင်စုလမ်းမကြီးဖြစ်သည်။ လမ်းအရှည် ၂၀၇ မိုင် ၃ ဖာလုံ ရှိပြီး ပြည်ထောင်စုအစိုးရအဖွဲ့ဆောက်လုပ်ရေးဝန်ကြီးဌာန ခွင့်ပြုရံပုံငွေနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရံပုံငွေ ကျပ် ၁၂၇.၅ ဘီလီယံ ကျော်ဖြင့်ပြုပြင်ခဲ့ကြောင်းသိရသည်။


အင်းယားစင်တာက ဆရာဝန်များ၊ သူနာပြုများနှင့် စေတနာ့ဝန်ထမ်းများ ကျန်းမာရေးအာမခံရရှိကြ

KBZ Life Insurance နှင့်KBZ MS General Insurance တို့မှ အင်းယားစင်တာတွင် တာဝန်ထမ်းဆောင်ကြမည့် ဆရာဝန်များ၊ သူနာပြုများနှင့်စေတနာ့ဝန်ထမ်းများ စုစုပေါင်း ၂၀၀ ကျော်အတွက် ကျန်းမာရေးအာမခံများကို ပေးအပ်လှူဒါန်းရာ လက်ရှိကာလအတွင်း ကျန်းမာရေးတစ်စုံတစ်ရာဖြစ်ပေါ်လာပါက ဆေးကုသစရိတ်အပါအ၀င် အခြားခံစားခွင့်တွေအပြည့်အ၀ရရှိမှာဖြစ်ကြောင်း၊ အထူးသဖြင့် ကိုဗစ်-၁၉ ရောဂါနှင့်ကျန်းမာရေးထိခိုက်မှုဖြစ်ပါက သန်မှတ်ခံစားခွင့်အားလုံး၏နှစ်ဆကို ခံစားခွင့်ရမည်ဖြစ်ကြောင်းသိရသည်။ 


 တရားဓမ္မ အသိအမြင်          

(န၀မမြောက် ဗန်းမော်ဆရာတော် - ဒေါက်တာကုမာရာဘိဝံသ)


   ကျန်းမာရေး   

ကျန်းမာရေး အမေး အဖြေ


NCD လို့ခေါ်တဲ့ မကူးစက်တတ်တဲ့ရောဂါတွေထဲမှာ အဓိကအရေးကြီးတာကတော့ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ စသဖြင့်ဖြစ်ပါတယ်။

ဒီရောဂါတွေက တစ်ခုတည်းဖြစ်နိုင်သလို ဒါတွေကဆက်စပ်ပြီးတော့လဲ  ရောဂါပေါင်းစုံ တစ်ဦးတည်းမှာရှိနေနိုင်တာမျိုးလဲ တွေ့ရပါတယ်။
- မိမိတို့ရဲ့ သွေးပေါင်ချိန်ကို ထိန်းသိမ်းထားဖို့လိုပါတယ်။ အိမ်မှာသွေးပေါင်ချိန်ဖို့လိုပါတယ်။
- ဆီးချိုကိုလဲ ထိန်းသိမ်းထားဖို့လိုပါတယ်။ အခုအချိန်မှာ သွေးချို ဆီးချိုတိုင်းတာတဲ့ကရိယာတွေ လက်လှမ်းမီလာတဲ့အတွက် အသုံးချကြပါလို့ တိုက်တွန်းလိုပါတယ်။
- ကိုယ်လက်လှုပ်ရှားတာကို တစ်နေ့ကိုနာရီဝက်၊ တစ်ပတ်ကို အနည်းဆုံးငါးရက်လုပ်မယ်။
- ဆေးလိပ်နဲ့အရက်ကိုရှောင်မယ်။ 
- စိတ်ဖိစီးမှုတွေလျှော့ပါးအောင် သတ်မှတ်တဲ့အလေ့အကျင့်မျိုး (တရားထိုင် တရားမှတ်ခြင်း) 
- သွေးတိုးရောဂါ ဆီးချိုရောဂါတွေက ဆရာဝန်နဲ့တိုင်ပင်ဖို့ လိုအပ်တဲ့အခါတွေရှိတယ်။ မိမိတို့ရဲ့ ဆရာဝန်၊ မိသားစုဆရာဝန်တွေနဲ့တိုင်ပင်တာကလဲ ကောင်းတဲ့နည်းလမ်းတွေဖြစ်ပါတယ်။
- မြို့ နယ်တွေ ကျေးလက်တွေမှာဆိုရင် ပြည်သူလူထုအခြေပြု ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်း (Community Clinic) တွေမှာ သွေးတိုးနဲ့ဆီးချိုရောဂါကုသပေးတဲ့ဆေးခန်းတွေ အပတ်စဉ်မှာ တစ်ရက်သတ်မှတ်ပြီး ဖွင့်လှစ်ထားတာတွေရှိပါတယ်။
အခြေခံကျတဲ့ လုံလောက်တဲ့ဆေးဝါးတွေ၊ စမ်းသပ်စစ်ဆေးမှုတွေကိုလဲ ပြုလုပ်နိုင်ပါတယ်။
                                                             (ပါမောက္ခ ဒေါက်တာမြင့်ဟန်၊ ညွှန်ကြားရေးမှူးချုပ်-ငြိမ်း)


 အနုပညာဖျော်ဖြေမှု 




မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့်အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာလ ၁၃ ရက်နေ့ ညနေ ၅ နာရီတွင် Virtual စနစ်ဖြင့်ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြန်ကြားရေးဝန်ကြီးဒေါက်တာဖေမြင့်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရုပ်ရှင်အစည်းအရုံးနာယက စည်သူဗိုလ်ကလေးတင့်အောင်၊ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင်တို့က Virtual စနစ်ဖြင့် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။
 
 (ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်)


***

MRTV ည ၈ နာရီသတင်းအပြီး (သောကြာနေ့တိုင်း)



၁၂-၁၀-၂၀




 ရွှေ  ငွေကြေး  စက်သုံးဆီ 

အောက်တိုဘာ ၁၆ ရက်


  အားကစား 

ယခုနှစ်၏အကြီးဆုံး One Championship MMA ပွဲမှာ
မြန်မာ့စပါးအုံးနှင့် နယ်သာလန်မီးလျှံငှက်တို့ ထိုးသတ်ကြမည်

မျှော်

ယခုနှစ်အောက်တိုဘာ ၃၀ ရက်နေ့တွင် စင်ကာပူနိုင်ငံ ကမ္ဘာ့ဗိုလ်လုပွဲအဖြစ်ပါဝင်ထိုးသတ်ကြမည့်ပွဲကြီး ၄ ပွဲတွင် မြန်မာ့စပါးအုံး အောင်လအန်ဆန်နှင့် နယ်သာလန်မီးလျှံငှက် ရေနီယာ ဒီ ရိုက်ဒါတို့၏ပွဲမှာ အဓိကပွဲဖြစ်ကြောင်း One Champion ၏ဥက္ကဋ္ဌနှင့်အုပ်ချုပ်ရေးမှူးချုပ် ချာထရီ စစ်တ်ယော့ဒ်တော်န်က ကျေညာခဲ့သည်။


 ဖတ်စရာ မှတ်စရာ 

ကြေးမုံ အယ်ဒီတာ့အာဘော် (၁၂-၁၀-၂၀)

***



ယခင်ခေတ်ဆိုးရှည်ကာလတစ်ခုတုန်းက "ကျနေ ပိုပူ၏" ဆိုသည့် သဘာဝဖြစ်ရပ်မှန်ကိုပင် ပြောဆိုသုံးနှုန်းခွင့်လေးမရလောက်အောင် မလုံမလဲ ဆတ်ဆတ်ထိမခံ နာတတ်ကြပြီး မိုက်ရိုင်းရက်စက်စွာတုန့်လေ့ရှိခဲ့ကြသည်များကို မေ့ကောင်းခြင်းမေ့ကုန်ကြပြီး အစိုရကို လက်ရုံးဆန့်တန်းကာပြောဆိုလာနိုင်သည့်ယနေ့ခေတ်ကို ချိန်ထိုးကြည့်ရှုသတိပြုမိစေရန် အောက်ပါဆောင်းပါးကို ကူးယူဖော်ပြပေးလိုက်ပါသည်။


မြန်မာ့အလင်း အယ်ဒီတာ့အာဘော် (၁၁-၁၀-၂၀)




Globally, as of 11:16am CEST, 16 October 2020, t

here have been 38,619,674 confirmed cases of COVID-19, 

including 1,093,522 deaths, reported to WHO.


အောက်တိုဘာ ၁၆ ရက် နံနက် ၁၁ နာရီ ၁၆ မိနစ်အချိန်အထိ တစ်ကမ္ဘာလုံးတွင် ...

၁) ဓာတ်ခွဲအတည်ပြုလူနာပေါင်း - ၃၈ သန်းကျော် (၃၈,၆၁၉ ,၆၇၄ ဦး) 

၂) ပိုးတွေ့ သေဆုံးလူနာပေါင်း -  သန်းကျော် (၁,၀၉ ၃,၅၂၂ ဦး) ရှိသွားပါပြီ။


  အားကစား 

 ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ရာဖေးလ်နာဒယ်က
ကမ္ဘာ့နံပတ်(၁) ဂျိုကိုဗစ်ခ်ျကို ပွဲပြတ်နိုင်  


အောက်တိုဘာ ၁၂ ရက်က ပြင်သစ်နိုင်ငံ ပဲရစ်မြို့ ၌ကျင်းပခဲ့သည့် ပြင်သစ်အိုးပင်းတင်းနစ်ဖလားဗိုလ်လုပွဲတွင် စပိန်တင်းနစ်ကစားသမား ရာဖေးလ်နာဒယ်က လက်ရှိကမ္ဘာ့နံပတ်(၁) ဆားဘီးယားတင်းနစ်ကစားသမား ဂျိုကိုဗစ်ကို ၆-၀၊ ၆-၂၊ ၇-၅ ဖြင့် ၃ ပွဲပြတ်နိုင်ပြီး ပြင်သစ်အိုးပင်းတင်းနစ်ဖလားကို ၁၃ ကြိမ်မြောက်အဖြစ် စံချိန်တင်ဆွတ်ခူးသွားခဲ့သည်။

ထို့အပြင် ဆွစ်ဇာလန်တင်းနစ်ကစားသမား ဖက်ဒဲရား၏ ဂရင်းစလန်းချံပီယံဆု အကြိမ်(၂၀)စံချိန်ကြီးကိုလည်း လိုက်မီသွားပြီဖြစ်သည်။ 

The New Paper, 12 October 2020.  (သတင်းဘာသာပြန် ကျွန်းသာယာ) 





No comments:

Post a Comment